အနောက်တိုင်း ရဲ့နာမည်ကျော် ကား ဒီဇိုင်းတွေကို များသောအားဖြင့် မှီငြမ်း ဖန်တီးကာ နာမည်ရလာတာ ကတော့ တရုတ်ကားကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့တကယ့် နာမည်ကျော် မူလ ကားတွေ လောက် ဆွဲဆောင်မှုမရှိနိုင် ခဲ့ကြတာကတော့ အမှန်ပါပဲ။ နောက်ပိုင်းမှာတော့ တရုတ်အခြေ စိုက် ကုမ္ပဏီတွေ အနေနဲ့ မူလ ဒီဇိုင်းတွေနဲ့ မတူတဲ့ အရသာတွေကို ဖန်တီးပေးလာတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် Lynk&Co တို့ ရဲ့ The Next Day ဆိုတဲ့ နာမည်အပိုင်းကို ပြောင်းသုံးလိုက်တာမျိုးက ထင်ရှား  ပါတယ်။ အခု လောလောဆယ်မှာ တရုတ်ကား တွေရဲ့ သိသာ ကောင်းမွန်တဲ့ ဒီဇိုင်းပိုင်းတွေထက် အားနည်း ချက် ဖြစ်နေတာကတော့ တရုတ်ကားတွေရဲ့ နာမည် ပေးတဲ့ အပိုင်းပါပဲ။ နောက်ပိုင်းမှာတော့ နာမည်ပေးတဲ့ နေရာမှာ အစဉ်အတိုင်း ပေးတာမျိုးကို လုပ်ပေးလာခဲ့ပြီး Leapmotor C01 တို့လို နာမည်မျိုးတွေ ဖြစ်လာ ခဲ့တာပါ။ အခုလို နာမည်ပေးပုံမျိုးကိုလည်း နောက်ပိုင်း လျှပ်စစ်ကား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Nio တို့ကပါ လိုက်လုပ်လာခဲ့ပြီး လက်ရှိမှာတော့ အခု နာမည်ပေးပုံကြောင့်ပဲ Audi တို့နဲ့ ပြဿနာ ဖြစ်လာ ရတော့မယ် လို့ သိရပါတယ်။ ဂျာမနီ ကားကုမ္ပဏီကြီးကတော့ အဆိုပါ Niro ကုမ္ပဏီရဲ့ ES 6 နဲ့ ES 8 ဇိမ်ခံ SUV ကားတွေဟာ သူတို့ ရဲ့ နာမည်ကျော် S 6 နဲ့ S 8 ကားတွေ နဲ့ နာမည် ဆင်တူနေတယ် ဆိုပြီး တရားစွဲဆို တော့မှာပါ။

Photo Credit: CARBUZZ

ဂျာမနီ သတင်းစာနဲ့ ဖော်ပြချက်အရတော့ Audi အနေနဲ့ သူတို့ ကားရဲ့ နာမည်ကို ပိုပြီး သီးသန့်ဆန်စေလို နေတယ်လို့ သိရပါတယ်။ တရုတ်ပြိုင်ဘက် ကုမ္ပဏီရဲ့ ဥရောပ ဈေးကွက်အတွက် ဝင်လာနိုင်တဲ့ ကားတွေမှာ အခုလိုမျိုး နာမည်ကို ပေးလာပုံကတော့ Audi brand ကို ဆင်တူယိုးမှား ဖြစ်လာစေ‌တယ်လို့ ဖော်ပြထား ပါတယ်။ ပုံမှန်အားဖြင့်ကတော့ ဥရောပ အင်အားကြီး Audi တို့က အခုလိုမျိုး ကိစ္စတွေမှာ အငြင်းပွားလေ့ မရှိပေမယ့် Nio အခု နာမည်တွေနဲ့ ဥရောပ ထဲ ရောက်လာမှာကိုတော့ မနှစ်သက်တဲ့ သဘောမှာ ရှိနေပါ တယ်။ ဒါပေမယ့် နောက်ပိုင်း ရလာတဲ့ သတင်း အရ တော့ Nio အနေနဲ့ က အဆိုပါ နာမည်တွေကို ပြန် ပြောင်းပေးဖို့ စီစဉ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Audi ဆိုတာ ကတော့ ‌ဥရောပ ဈေးကွက်အတွင်း ကြီးကြီးမားမား အောင်မြင်မှု ရထားပေမယ့် အခြားသော ကုမ္ပဏီ တွေ အတွက် ဈေးကွက် ကောင်းတစ်ရပ် အနေနဲ့လည်းရှာလို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ဂျာမနီ ကတော့ ES 6 နဲ့ ES 8 ကားတွေကို လာမယ့် အခုနှစ်စတုတ္ထ ‌၃ လ ပတ်ထဲမှာ ချပြဖို့ စီစဉ်ထားပြီး အခုလို အနေအထားတွေကြောင့် ကားအသစ် တွေအပေါ် ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒ့ါအပြင် တစ်ဖက်မှာ လည်း Nio ကိုယ်တိုင်က သူတို့ရဲ့ အားသွင်းကွန်ရက်တွေအပြင် အခြားသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေ ရပြီး ကားမော်ဒယ် နာမည် အကုန်လုံးကတော့ Audi ရဲ့ နာမည်နဲ့တူနေတာ မဟုတ်ပါဘူး။ အထူးသဖြင့် All Electric ET 7 လို ကားမျိုးဆိုရင် ပိုပြီးကွဲပြားတဲ့ ဒီဇိုင်းနဲ့ နေရာ နာမည်နဲ့ပါ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ကား ကုမ္ပဏီ ၂ ခု အကြား နာမည်တွေ ဆင်တူယိုးမှား ဖြစ်‌နိုင်တယ် ဆိုပေမယ့် Audi အနေနဲ့ ကတော့ ဒီကားတွေ အကြားက SUV တို့ Sedan တွေ ပုံစံဟာ အတော်လေးကွဲပြားတာကြောင့် သိပ်တော့ ဆင်တူ နေတာ မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အခုလို တရားစွဲရတဲ့ အဆင့်ကလည်း Audi အတွက်ပါ မကောင်းနိုင်ပဲ တရုတ်ရဲ့ အကြီးမားဆုံး Brand တစ်ခု အနေနဲ့လည်း VW လို Brand မျိုးကိုတောင် အ‌ကောင်းဆုံး ပြိုင် ဘက်အနေနဲ့ ရုန်းကန်ရတာမျိုး ဖြစ်‌အောင် လုပ် ထားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို အခြေအနေ ကတော့ Audi အတွက်ရော Nio အတွက်ပါ ဘယ်လိုတွေ ကောင်းအောင် လုပ်လာနိုင်မလဲ ဆိုတာတော့ စောင့်ကြည့် ရတော့မှာပါ။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ဈေးကွက်ပိုင်းအရ အပြင် အခြားသော အရေးကြီး အပိုင်းတွေမှာပါ ထိခိုက်လာနိုင်တာကြောင့် Nio တို့ရဲ့ နာမည် ပြောင်းပေးလာ နိုင်တဲ့ အလားအ လာတွေတော့ နည်းပါးနိုင်တယ်လို့ပဲ ယူဆရပါတယ်။

Ref: carbuzz.com