နာမည်ကြီး Audi တို့ကတော့ Audi RS e-Tron GT လို လျှပ်စစ်ကားမျိုးကစပြီး သဘာဝနဲ့ ကိုက်ညီတဲ့ ကားတွေ ကိုသာ ဖန်တီးလာခဲ့တာဖြစ်ကာ လာမယ့် ၂၀၂၆ က စလို့လည်း လျှပ်စစ်ကားတွေကိုပဲ သီးသန့် ထုတ်လုပ်သွားတောမယ့် ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ဒါပေမယ့် Audi တို့ ဖန်တီးနေတဲ့အထဲ ပိုပြီး ထူးခြားတာ တစ်ခုတော့ ရှိပါသေးတယ်၊ အဲ့ဒါ ကတော့ ဂျာမနီ-အိန္ဒိယ ဖက်စပ်ကုမ္ပဏီ Nunam ရဲ့ လျှပ်စစ်စွမ်းအင်သုံး သုံးဘီး ဆိုင်ကယ်လေးတွေ ဖန်တီးတဲ့နေရာမှာ  ကျောထောက် နောက်ခံ ပေးထားတာပါပဲ။ အဆိုပါ လျှပ်စစ် သုံးဘီးဆိုင်ကယ် လေးတွေမှာတော့ ယခင် E-Tron GT ကားတွေ မထုတ်ခင် စမ်းသပ် စဉ်တုန်းကတည်းက ဘက်ထရီတွေကို ထည့်ပေးထားတာ ဖြစ်ပြီး ဘက်ထရီ တွေရဲ့ တစ်ကျော့ပြန် အကျိုးရှိရှိ ပြန်လည် ရှင်သန် လာစေတာက အတော်လေး အသုံးဝင်နေတာ တွေ့ရမှာပါ။ Nunam ကို ပူးတွဲတည်ထောင်သူ Prodip Chatterjee ကတော့ အခု ဘက်ထရီတွေက အဟောင်းတွေ ဆိုပေမယ့်လည်း တော်တော်လေး အသုံးတည့် တာကြောင့် လျှပ်စစ် သုံးဘီးဆိုင်ကယ် လေးတွေနဲ့ အတော် လိုက်ဖက် စေမှာပါလို့ ဆိုထားပါတယ်။

Photo Credit: CARBUZZ

အဆိုပါ သုံးဘီးဆိုင်ကယ်လေးတွေ ကိုတော့ လာမယ့် ၂၀၂၃ လောက်မှာတင် အိန္ဒိယ လမ်းမတွေထက် ကနဦး ရောက်လာတော့မယ်လို့ ခန့်မှန်းထားပါတယ်။ သုံးထားတဲ့ ဘက်ထရီတွေကတော့ သုံးဘီးဆိုင်ကယ် တွေနဲ့ လိုက်ဖက် တဲ့ ပမာဏဖြစ်တဲ့အပြင် ပိုပြီးတောင် ချဲ့ထွင်သုံးနိုင်သေးတဲ့ အခြေအနေပါပဲ။ အဝေးကြီး သွားစရာ မလိုတဲ့ ခပ်ပေါ့ပေါ့ လျှပ်စစ်ယာဉ်လေးတွေ အတွက် အခု ဘက်ထရီ တွေက အတော်လေး အသုံး ဝင်တာဖြစ်ပြီး အခုလို နည်းလမ်းတွေနဲ့ ပဲ ဘက်ထရီ ‌အဟောင်းလေးတွေကို အကျိုးရှိအောင် ပြန်သုံးနိုင် သေးတာ ဖြစ်ပါတယ်။ သုံးဘီး ဆိုင်ကယ်လေးတွေ ဆိုတာကတော့ ခရီး အကွာအဝေးလည်း ခပ်ဝေးဝေး သွားစရာမလိုပဲ အရှိန်လည်း ခပ်နှေးနှေးပဲ ဖြစ်တာကြောင့် လူကြပ်တဲ့ လမ်းမတွေထက်မှာ စွမ်းအင်အများ ကြီး သုံးစရာ မလိုတာပဲ ဖြစ်ပါတယ်။ တကယ်ကတော့ ဘက်ထရီ လျှပ်စစ် သုံးဘီးလေးတွေက အခုမှ စပေါ် တာ မဟုတ်ပဲ ယခင်ကလည်း ရှိခဲ့ဖူးကာ သက်တမ်းတိုတာနဲ့ အရမ်းကြီး အားမခံတာ မျိုးတွေကတော့ အား နည်းချက် အနေနဲ့ ရှိနေခဲ့ရတာပါ။ အဆိုပါ ဘက်ထရီတွေကတော့ များသော အားဖြင့် ခဲအက်စစ် ဘက်ထရီ တွေ ဖြစ်ပြီး အထူးသဖြင့် ကျောက်မီးသွေး အများအပြားနဲ့ လည်ပတ်နေရတဲ့ အိန္ဒိယရဲ့ လျှပ်စစ် လိုင်းတွေက နေပဲ ပြန်ယူ‌ထားရတာကြောင့် ပတ်ဝန်းကျင်အတွက် အရမ်းကြီး မသိသာသွားပါဘူး။

Photo Credit: CARBUZZ

Nunam ရဲ့ နောက်ထပ် ဖြေရှင်းချက် တစ်မျိုးကတော့ တော်တော်လေးဆန်းသစ်ကာ အသုံးတည့်ပါတယ်။ အဲ့ဒါ ကတော့ ဆိုင်ကယ်လေးရဲ့ အမိုးပေါ်မှာဆိုလာပြားတွေ တပ်ထားတာဖြစ်ပြီး စုဆောင်းထားတဲ့ စွမ်းအင် တွေကို ညဘက် နားတဲ့အခါ ဆိုင်ကယ်လေးက ပြန်အားသွင်းရုံပါပဲ။ တကယ် ပူပြင်းတဲ့ အိန္ဒိယ‌လို နေရာမျိုး မှာ အခုလို နေရောင်ခြည် စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တာမျိုးက တကယ်အသုံးတည့်တဲ့ အတွေး အခေါ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီ ဘက်ထရီလေးတွေက သုံးဘီး အတွက် မသုံးပေးနိုင်တော့ဘူး ဆိုရင် တောင်မှ LED မီးလုံး တွေ အတွက် သုံးနိုင်အောင် အထိ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အတွက် အပြင် အဓိက ကတော့ အိန္ဒိယ ရဲ့ လေထု ညစ်ညမ်းမှုကို အကြီးအကျယ် ထိခိုက်နေတဲ့ ကျောက်မီးသွေး သုံးစွဲမှုတွေကို လျှော့ချ ပေးနိုင်ဖို့ ဖြစ်တယ် လို့လည်း သိရပါတယ်။ Chatterjee ကတော့ အခု သုံးဘီးလေး တွေအသုံးပြုပြီး စီးပွားဖြစ်ကြခြင်းဖြင့်လည်း လုပ်ငန်းတွေ အဆင်ပြေစေနိုင်လို့ အကုန်လုံး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ရှိနေနိုင်တာပဲ ဖြစ်တယ်လို့ ဆိုထား ပါတယ်။

                Photo Credit: CARBUZZ

ဂျာမနီ က Neckarsulm Site မှာတော့ အခု သုံးဘီးဆိုင်ကယ်လေးတွေ ဖန်တီးဖို့ အတွက် အလုပ်သင်တွေ နဲ့ထုတ်လုပ် ခဲ့ကြပြီး Audi ရဲ့ DNA စစ်စစ်တွေကို အခု ယာဉ်လေးတွေ ဖန်တီးရာမှာ အလုပ်သင်တွေက လည်း ကောင်းကောင်း ပြုလုပ် ပေးနိုင် ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ အားသွင်း နည်းပညာတွေ ၊ လျှပ်စစ် စွမ်းအင်သုံး ယာဉ်တွေရဲ့ တိုးတက် လာမှုတွေ အထိကိုလည်း မျှဝေပေးနိုင်ခဲ့တယ်လို့ Audi ရဲ့ Timo Engler က ဆိုထားပါတယ်။ တစ်ချိန်တည်းမှာ ပဲ Audi အနေနဲ့ Charging Hub ဆိုတဲ့ အားသွင်း Concept တစ်ခုကို ဖန်တီးနေပြီး E-Tron ပိုင်ရှင်တွေအဖို့ အားသွင်းဖို့ သတ်မှတ်ထားတဲ့ မျက်နှာပြင် တစ်ခုဆီကို မောင်းသွားလိုက်တာနဲ့တင် သွင်းပေးနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာလည်း ပြန်လည်ဖန် တီးထားတဲ့ Lithium Ion Battery တွေကို ပြန်သုံးထားမှာ ဖြစ်တာကြောင့် အတော် လေး ပတ်ဝန်းကျင်နဲ့ ကိုက်ညီ လည်ပတ်နေမယ့် နည်းပညာဖြစ်ပြန်ပါတယ်။ အနာဂါတ် လျှပ်စစ် ကားတွေ မှာလည်း အကွဲတွေ ကနေ ပြန်လည် ဖန်တီးထားတဲ့ မှန်တွေကိုပါ ပြန်သုံးဖို့ ရှိနေပြီး အမှိုက်တွေကို မလျှော့ချ နိုင်မယ့် အတူတူ တော့ ဒါတွေကို နည်းပေါင်းစုံနဲ့ ပြန်သုံးနိုင်အောင်ပဲ Audi တို့ ကြိုးစားတော့မှာပါ။

Ref: carbuzz.com