Audi အနေနဲ့တော့ e-Tron Crossover မော်ဒယ်ရဲ့အောက်မှာ နောက်ထပ် Crossover ကားအသစ်တစ်စီး ကို ထုတ်လုပ် လာ ဖို့ ရှိနေတာဖြစ်ပါတယ်။ Q6 e-Tron ဆိုတဲ့ အဆိုပါ လျှပ်စစ်ကားကိုတော့ လာမယ့် ၂၀၂၃ မော်ဒယ်နှစ် အတွက် ထွက်ပေါ်လာဖို့ ရှိနေပြီး ဒီ ကားတင်မကသေးပဲ နောက်ထပ်စွမ်းဆောင်ရည်မြင့် Version အသစ်ကလည်း မကြာခင် ထွက်ပေါ်လာဖို့ ရှိနေတာပါ။ အခု ဆိုရင်တော့ စပိန် သတင်းစာ တစ် စောင်ရဲ့ ဖော်ပြချက်အရ Audi အနေနဲ့ RSQ 6 ဆိုတဲ့ ကားနာမည် အသစ် တစ်ခုကို မှတ်ပုံတင်ထားပြီး RS ဆိုတဲ့ နာမည်ပါဝင်လာတာကြောင့် အခုကားဟာ အဆင့်မြင့် လျှပ်စစ် Crossover ကားအသစ် ဖြစ်လာလိမ့် မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် တစ်ဆက် တည်းမှာပဲ အခု ကားအသစ်ရဲ့ Digital Render ပုံကြမ်း တစ်ခု ပါ ဆက်တိုက် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အခုပုံရိပ်ကြမ်း ကတော့ ယခင်တွေ့ရှိခဲ့ရတဲ့ Spy Shots တွေနဲ့ Audi RS ရဲ့ Design Material တွေ အ တော် များများကို ပြန်လည် စုစည်းအခြေခံကာ ဖန်တီးထားတာပါ။ ဒါကြောင့် RS6 နဲ့ RS7 ကားတွေမှာလိုပဲ Corner Intakes အကြီးကြီးတွေ ပါဝင်လာနိုင်ပြီး Closed Off Grille လည်း ပါလာဖို့ ရှိနေပါတယ်။ ဒါပေ မယ့် အခု ပုံကြမ်းအရ ဆိုရင် တော့ Headlight Design ကို ခွဲထုတ်ထားတဲ့ ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပြီး Spy Shots အတော်များများမှာ မြင်ရတဲ့ ပုံစံ တွေနဲ့လည်း ဆင်တူနေပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ထွက်ပေါ်လာမယ့် တရားဝင် ဒီဇိုင်း မဟုတ်သေးတာကြောင့် အနည်းငယ်တော့ ကွဲပြားမှု ရှိနိုင် ပါသေးတယ်။
ကားသစ် အတွက် အရမ်းကြီး မမျှော်လင့် ထားသေးခင် တစ်ချက် ပြန်ကြည့်ရမှာကတော့ နာမည် တစ်ခုကို မူပိုင်ခွင့် တင်ထားလိုက်တိုင်း အဆိုပါ နာမည်ကို ချက်ချင်းသုံးပြီး ကားအသစ် ထွက်လာတော့မယ် ဆိုတဲ့ အဓိပ္ပါယ်တော့လည်း မဟုတ်သေးတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုပါ ကားအသစ်အတွက် ယခင် ကထက် ပိုသေချာတဲ့ စိတ်လှုပ်ရှားမှု အရိပ်အယောင်တွေ ဖြစ်လာနေပြီဖြစ်တာကြောင့် စောင့်ကြည့်ရတော့ မှာပါ။ တကယ်သာ အဆိုပါ ကားသစ်ကို RSQ 6 ဆိုတဲ့ နာမည်နဲ့ ပွဲထွက်လာမယ် ဆိုပါက RS e-Tron GT လိုပဲ 600 hp နဲ့ 612 lb-ft Torque လောက် အထိ စွမ်းဆောင်ရည် ရှိလာနိုင်ပါတယ်။ Standard Q6 မော်ဒယ် အနေနဲ့ ဆိုရင်တော့ PPE (Premium Platform Electric) ဆိုတဲ့ Platform ကို အသုံးပြုဖန်တီး လာနိုင်ပြီး အဆိုပါ Platform နဲ့ အတူ Volkswagen ရဲ့ ကားတစ်ချို့ကိုလည်း ဖန်တီးထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲမှာဆိုရင်တော့ Porsche Macan EV နဲ့ Audi A6 e-Tron တို့မှာလည်း အသုံးပြုထား ပြီးပါပြီ။
Ref: motor 1.com