ဇိမ်ခံ အပိုင်းလည်း အရသာ ရှိရမယ် ၊ စွမ်းဆောင်ရည်လည်း အတော်လေး ကောင်းပြီး လက်တွေ့ကျကျ မောင်းရတဲ့ အရသာလည်း ကောင်းရမယ် ဆိုတဲ့ All Rounder ကားကောင်း တစ်စီးကို ပြပါဆိုရင်တော့ Audi RS6 ကားက ထိပ်တန်းမှာ ရှိနေပါတယ်။ RS ၊ AMG နဲ့ M SUV အမျိုးအစားတွေထဲမှာတော့ အခုလို ကားမျိုးက ပေးရတဲ့ ဈေးနဲ့ အတော်လေး အဆင်ပြေမယ်ဆိုတာ သေချာနေတဲ့ အပြင် အခု ဆိုရင်တော့ Audi တို့က အင်ဂျင် အသစ်အဆန်းတွေနဲ့ပါ ကားကောင်း တစ်မျိုး ထပ်ထုတ်လာဖို့ စီစဉ်နေပြန်ပြီ ဖြစ်ပါတယ်။ လက်ရှိ သာမန် အင်ဂျင်ကားတွေထဲ ဆက်တိုက် ကျန်ရှိနေသေးတာကတော့  Twin-Turbo V8 ဖြစ်ပြီး  အခုဆိုတော့ 4.0 Liter Engine အသစ် နဲ့ပါ ထွက်လာနိုင်ပါသေးတယ်။ Wheels မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာတော့ Audi ရဲ့ ပြောရေးဆိုခွင့်ရသူက A6 Lineup တွေနဲ့ R8 ကား တွေ အကြောင်းပြောကြရင်း ပိုကြမ်းတဲ့ RS6 ကားကိုပါ ထုတ်ပေးလာ လိမ့်မယ်လို့ ဆိုလာခဲ့ ပြန်ပါတယ်။ နောက်ထပ် RS 6 Performanceအမျိုးအစား အကြောင်းကို မေးတဲ့အခါ မှာတော့ စောင့်ကြည့်ရမယ်လို့ပဲ ဆိုခဲ့ပြီး တကယ်လို့ RS6 C7 ကားကို စွမ်းဆောင်ရည်မြင့် ကားအနေ နဲ့ ထုတ်ပေးထားအပြီးမှာ  R8  RWD ကားကို ဆက်ပြီး ထုတ်ပေးခဲ့တာကြောင့် အခုပုံစံ အတိုင်းပဲ ဆိုရင် ဖြစ်နိုင်မယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ပိုထူးခြားတဲ့ သတင်းကတော့ သာမန်ထက်ကို ပိုထူးခြား ကောင်းမွန်မယ်ဆိုတဲ့ Very Special RS6 Avant ကားကိုပါ စွမ်းဆောင်ရည် အသားပေး အနေနဲ့ ထွက်လာဦးမယ်လို့ ဆိုထားတာပါပဲ။ တကယ်သာ ဆိုရင်တော့ လက်ရှိ ဈေးကွက်ထဲက RS 6 ထက်စာရင် အများကြီးသာ လာနိုင်ပြီး စွမ်းဆောင်ရည် ကလည်း 591 hp နဲ့ 590 lb-ft Torque အထိ ကိုရှိလာနိုင်ပါတယ်။ ဒါပေမယ့် VW Group ကတော့ အခု အင်ဂျင်ကို အဆင့်မြင့်ဆုံးသော ကားမော်ဒယ်တွေ အတွက်သာ သုံးလေ့ရှိတာဖြစ်ပြီး Lamborghini Urus မှာ ဆိုရင်လည်း အဆိုပါ အင်ဂျင်နဲ့ 50 hp နဲ့ 37 lb-ft torque လောက် အထိ အပိုရလာခဲ့ ဖူးပါတယ်။ ဒါ့အပြင် အဆိုပါ ကားကိုမှ Lamborghini Urus Evo ဆိုတဲ့ အမျိုးအစားနဲ့ Facelift အသစ်ကို ပိုကောင်းတဲ့ စွမ်းဆောင်ရည်အဖြစ်ထပ်ပြီး ထုတ်လုပ်လာနိုင် သေးတယ်လို့ ခန့်မှန်းထားကြပြန်ပါတယ်။

Photo Credit: motor 1.com

အခုမြင်ရနိုင်တဲ့ RS 6 Performance ကတော့ တကယ်သာထွက်လာမယ်ဆိုရင် အခုနှစ်အကုန်ပိုင်းမှာတင် မြင်ရလာနိုင်ပြီး Model ရဲ့ နှစ် ၂၀ ပြည့်အမှတ်တရ အဖြစ်ကို ထူးခြားလာမှာပါ။ ဒါပေမယ့် ဒီထက် ပိုထူးခြားဦးမယ့် Special Wagon ပုံစံကားကိုတော့ အခု ဆယ်စုနှစ်ရဲ့ အလယ်နားလောက် အရောက်မှသာ ချပြလာ နိုင်ပါတယ်။ မျိုးဆက်သစ် ကားကိုတော့ Plug-In Hybrid အင်ဂျင် နဲ့ထွက်လာ နိုင်တယ်လို့ အတည်ပြု ပေးထားတာကြောင့် အခု RS 6 ကသာလျှင် အင်ဂျင်တစ်မျိုးတည်း သုံးထားတဲ့ ကားအဖြစ် မြင်ရမှာ ပါ။ ပိုပြီး သေချာတာကတော့ လာမယ့် ၂၀၂၆ က‌စပြီး အသစ် ထွက်လာမယ့် Audi ကားတွေ အကုန် လုံးက လျှပ်စစ်ကားတွေ ချည်းပဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com