SAIC-Volkswagen Joint Venture ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ SAIC-Audi Joint Venture ကတော့ Audi Q6 ကားကို ထုတ်လုပ်ပေးလိုက်ပါပြီ။ အဆိုပါကားကိုတော့ အမေရိကမှာ VW Atlas လို့ လူသိများတဲ့ Volkswagen Teramont SUV ကားနဲ့ Platform တူကို အခြေခံဖန်တီးထားတာဖြစ်ပေမယ့် Teramont ထက် ပိုမိုကြီးမားသလို Audi Q7 ထက်လည်း ပိုမို ကြီးမားပါတယ်။
Audi Q6 SUV ကားမှာတော့ ထိုင်ခုံ ၇ လုံး ပါဝင်ပြီး ၂+၃+၂ ပုံစံနဲ့ ခင်းကျင်းထားသလို ၆ ယောက်စီးအနေ နဲ့လည်း ရရှိနိုင်အုံးမှာပါ။ အတွင်းပိုင်းမှာတော့ Digital Instrument Panel အတွက် Screen တစ်ခု ၊ Infotainment System အတွက်တစ်ခုနဲ့ Aircon Controls အတွက်နောက်ထပ် Screen တစ်ခု ထည့် သွင်းပေးထားပါသေးတယ်။ စွမ်းဆောင်ရည် ပိုင်းအရတော့ Code Name EA888 Evo 4 လို့ အမည်ပေး ထားတဲ့ 2.0 Turbocharged Petrol Engine ကို အသုံးပြုထားကာ အဆိုပါအင်ဂျင်ကိုတော့ Audi Hungaria ကနေ တင်သွင်းထားတာပါ။ Base Version မှာတော့ 231 hp စွမ်းဆောင်ရည်ရှိပြီး စွမ်းဆောင် ရည်ပိုကောင်းတဲ့ Version မှာတော့ 265 hp စွမ်းဆောင်နိုင်ကာ Four-Wheel Drive စနစ်နဲ့ မောင်းနှင် နိုင်မှာဖြစ်သလို အမြင့်ဆုံးအရှိန်အနေနဲ့ကတော့ 207 kmh အထိ ရှိမှာဖြစ်ပေမယ့် PHEV Version နဲ့ပတ် သက်လို့တော့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။
ကားရဲ့ အသွင်သဏ္ဍာန်ကတော့ Sport ဆန်ပြီး Dark Gray အရောင်ဆေးခြယ်ထားကာ အနက်ရောင် Pillars တွေ၊ အနက်ရောင် Roof တစ်ခု နဲ့ အနက်ရောင် အလွိုင်းဘီးတွေပါဝင်လာတာ တွေ့ရမှာပါ။ ကား တံခါးတွေကတော့ ခေတ်မီ Pop-Out အသွင် မထားရှိပဲ ပုံမှန်အတိုင်းသာ ပါဝင်လာတာကြောင့် အခု Q6 ကားက အရမ်းကို ဆန်းသစ်တဲ့ အသွင်တော့ ရှိမနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ Audi Q6 ကားသစ်ကိုတော့ နောက်လမှာ ကျင်းပမယ့် ဘေဂျင်း Auto Show မှာ တရားဝင် ထုတ်ပြလာတော့မှာဖြစ်တာကြောင့် အခြား ဘယ်လို စိတ်လှုပ်ရှားဖွယ်ရာ ကားတွေကို မြင်တွေ့လာရအုံးမလဲ ဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွား ရတော့မှာပါ။
Ref: CarNewsChina