Audi ရဲ့ လျှပ်စစ်ကား‌ခြေလှမ်းတွေနဲ့ ပတ်သက်လာရင်တော့ Audi Q4 e-Tron SUV နဲ့ Sportback တို့က အရေးပါတဲ့ ကားတွေအဖြစ် ရှိနေလိမ့်မယ်လို့တော့ ကားပရိသတ်တွေက ယူဆကြပါလိမ့်မယ်။ တကယ်တမ်း ပိုအရေးပါတဲ့ ကားတွေကတော့ e-Tron GT ဖြစ်ပြီး အခုဆိုရင် အဆိုပါ ကားကတော့ ယခင်ကထက်ပိုတဲ့ တိုးတက် မှုလေးတွေကိုပါ ရရှိလာခဲ့ပြီ ဖြစ်ကာ အဓိက ကပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာ နေတဲ့ လျှပ်စစ်ကား ဈေးကွက်ထဲ နောက်ကျ ကျန်မနေအောင် ဖြစ်ပါတယ်။ အခု အဓိက တိုးတက်လာတဲ့ အပိုင်းကတော့ ကားကို အားပြန် သွင်းရတဲ့ အချိန်သိသိသာသာ မြန်ဆန်လာတာဖြစ်ပြီး အမေရိက ဈေးကွက်အတွက် ကားအတွင်း Display အပိုင်းတွေ မှာပါပဲ။ အခု ဆိုရင် တော့ အဆိုပါ Display Unit အသစ်တွေကို ဂျာမနီ နိုင်ငံထဲက Zwickau-Mosel စက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်လို့ အပြောင်းအလဲတွေကို အမေရိကဈေးကွက် အပြင်ဘက်မှာလည်း မြင်ကောင်းမြင်လာ ရနိုင်ပါတယ်။

Photo Credit: CARBUZZ

အခု အပြောင်းအလဲမှာတော့ 135 kWh အားသွင်းစနစ်နဲ့ အတူ အားသွင်းရတဲ့ ကြာချိန်ကို ကောင်းကောင်း လျှော့ချ ပေးနိုင်ပြီဖြစ်ပြီး Q4 40 e-Tron ရဲ့ 82 kWh Battery နဲ့ ဆိုရင် ဘက်ထရီ ၈၀ % အထိ သွင်းနိုင်ဖို့အတွက် ၂၉ မိနစ်ပဲ ကြာမြင့်တော့မှာ ပါ။ အဆိုပါ ပမာဏက တော့ ယခင် 125 kW အားသွင်း စနစ်နဲ့ တုန်းက ကြာခဲ့တာထက် ၉ မိနစ် လောက်အထိ ပိုတိုတောင်းလာတာဖြစ်ပြီး 50 e-Tron Model ဆိုရင်လည်း ၂ မိနစ် လောက်ကိုမြန်လာပါတယ်။ Audi ကတော့ Q4 e-Tron ရဲ့ အားသွင်းစနစ် မြန်ဆန်လာအောင် Software အကူအညီ လည်း ယူခဲ့သေးတာ ဖြစ်ပြီး ဘက်ထရီရဲ့ အပူချိန်ကို ထိန်းချုပ်ဖို့ အတွက်လည်း အဆင်ပြေစေခဲ့ပါတယ်။ UK ဈေးကွက်ထဲက အဆိုပါ ကားပိုင်ရှင်တွေ အတွက်ကတော့ အခုလို အားသွင်း မြန်ဆန်မှုကို ဥရောပတစ်လွှားက အားသွင်းရုံပေါင်း ၃၂၀,၀၀၀ လောက်မှာ အကျုံးဝင် ခံစားနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Audi UK က အဆိုပါ အားသွင်းစနစ် အတွက်လည်း myAudi Smartphone App ကနေ တစ်ဆင့် ထိန်းချုပ်နိုင်မှာပါ။ အဆိုပါ အားသွင်းရုံတွေအတွက် နေရာတွေကို ကားရဲ့ Display ဆီလမ်းကြောင်း ပို့ကာ ပြသပေးနိုင်မှာဖြစ်ပြီး အားသွင်း ရုံတွေဆီရောက်မယ့် ယာဉ်လမ်းကြောင်းရဲ့ အခြေအနေတွေနဲ့ ယာဉ်ရဲ့ ဘက်ထရီ Range ပမာဏတွေကို အဆင်သင့် တွက်ချက်ပေးထားမှာ ဖြစ်ပါတယ်။ ပိုင်ရှင်တွေ အနေနဲ့ကလည်း ဘက်ထရီ ပမာဏဘယ်လောက် လောက်ရောက်ရင် အားသွင်းမယ် ဆိုတာမျိုးအထိ သတ်မှတ်ထားလို့ရပြီး ကားက အလိုအလျောက် အသိ ပြန်ပေးနေနိုင်မှာပါ။ Cabin ပိုင်း တိုးတက်မှု တစ်ခုအဖြစ် ၁၁.၆ လက် မ အရွယ် MMI Touchscreen Infotainment Display ကိုလည်း တပ်ဆင်ထားပြီ ဖြစ်ပြီး ယခင် ၁၀.၁ လက်မ Screen နေရာမှာ အစားထိုးဝင်လာ ခဲ့တာပါ။ UK က ကားပရိသတ် တွေအဖို့ လည်း Alexa Virtual Assistant ကို သုံးစွဲခွင့် ရလာဦးမှာ ဖြစ်ပြီး ပိုကောင်းတာကတော့ Audi Connect စနစ်နဲ့လည်း ချိတ်ဆက်ထားပြီး ဖြစ်လို့လာတာပါ။ အဆိုပါ စနစ်တွေကိုတော့ အသံထိန်းချုပ်မှု စနစ် ကနေ တစ်ဆင့် ယာဉ်အတွက် လိုအပ်တာတွေ အကုန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref: carbuzz.com