Audi ကနေ Q 6  လို့ အမည်ပေးထားတဲ့ အရွယ်အစား အလယ်အလတ်ရှိ SUV တစ်မျိုးကို တရုတ်ဈေးကွက် အတွက် သီးသန့် ထုတ်ပေးလိုက်ပါပြီ။ ဒါပေမယ့် အဆိုပါ ကားကတော့ အမေရိကဈေးကွက် အပါအဝင် အခြားကမ္ဘာ့ ဈေးကွက်တွေ သီးသန့်ကို ထုတ်ပေးနေတဲ့ Q 6 E-Tron လျှပ်စစ် SUV နဲ့တော့ မသက်ဆိုင် တဲ့ သီးသန့် ကားတစ်စီး ဖြစ်ပါတယ်။ အခု တရုတ်ဈေးကွက်အတွက် Q 6  ကားသစ်ကတော့ VW ရဲ့ MQB Platform ကို အခြေခံ ဖန်တီးထား ပါတယ်။ အခု ကားကတော့ Volkswagen Atlas နဲ့ ပူးတွဲ ဖန်တီးထားတာဖြစ်ပြီး အခု Q6 ကိုပဲ အစောပိုင်း စမ်းသပ်စဉ်က ဆိုရင် Atlas ကား ကိုယ်ထည်နဲ့ပဲ စမ်းသပ်ခဲ့ဖူး တာပါ။

Photo Credit: MotorAuthority

အခု Q6 ကတော့ အရှည်အားဖြင့် ၂၀၀.၇ လက်မရှိပြီး Wheelbase ကတော့ ၁၁၇.၃ လက်မအထိ ရှိပါတယ်။ အဆိုပါ Wheelbase ပမာဏကလည်း Atlas နဲ့ အတူတူပဲဖြစ်ပြီး Atlas ကလည်း VW ကားထဲမှာဆိုရင် အနည်းငယ်တော့ ပိုရှည်တာ ဖြစ်ပါတယ်။ အခုလို သာမန်ထက် နည်းနည်း ပိုရှည်လာတဲ့ ကားပုံစံ ကြောင့် အတွင်းခန်းမှာ ထိုင်ခုံ ၃ တန်း စာအတွက် နေရာကျယ်ကျယ် ပိုရလာစေပြီး ဝယ်ယူမယ့် သူတွေကလည်း ၆ ယောက်စီး ဒါမှမဟုတ် ၇ ယောက်စီး ဆိုပြီး ရွေးချယ်မှာယူနိုင်မှာပါ။ အင်ဂျင်ပိုင်းကိုလည်း ၂ မျိုးရွေးချယ်နိုင်အောင် ထည့်ပေးထားပြီး Standard အနေနဲ့ ဆိုရင်တော့ Turbocharged 2.0 Liter Inline-4 Engine ဖြစ်ကာ 262 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ နောက်တစ်မျိုး အနေနဲ့ကတော့ 295 hp အထိ ပိုမို စွမ်းဆောင်နိုင်မယ့် 2.5 Liter Inline-6 Engine ကို ရွေးချယ် နိုင်မှာပါ။ ကားမှာတော့ Automatic Transmission ဂီယာ နဲ့ All-Wheel Drive တွေကို အင်ဂျင် ၂ မျိုး လုံး နဲ့ တွဲဖက် အသုံးပြုနိုင် အောင် စီစဉ်ပေးထားပါသေးတယ်။

Photo Credit: MotorAuthority

အဆိုပါ Q6 ကားသစ်ကိုတော့ အခုနှစ် နှောင်းပိုင်း လောက်ကစကာ တရုတ်ဈေးကွက်ထဲ သီးသန့်အဖြစ် ဒေါ်လာ ၇၄,၁၀၀ ဝန်းကျင် လောက်နဲ့ စတင်ရောင်းချ လာမှာပါ။ အဆိုပါ ကားမတိုင်ခင်တော့ နောက်ထပ် တရုတ်ဈေးကွက် သီးသန့် Audi ရဲ့ ကားတစ်စီး ဖြစ်တဲ့ Q5 E-Tron အရင်လာဦးမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Q6 E-Tron Electric SUV ကားသစ်ကို ကမ္ဘာတစ်ဝန်း အခြား ဈေးကွက်တွေ အတွက်လည်း ရောင်းချဖို့ စီစဉ်ထားပြီး အခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ် အစောပိုင်းလောက်မှာ စတင်ရရှိ လာနိုင်ပါတယ်။ အဆိုပါ ကားကတော့ VW ကုမ္ပဏီရဲ့ PPE Platform အသစ်ပေါ်မှာ ဖန်တီးထုတ်လုပ် ထားမယ့် ပထမဆုံးသော ကားဖြစ်လာနိုင်ကာ နောက်ပိုင်းမှာတော့ Porsche Macan လျှပ်စစ်ကားသစ်က ဒီ Platform ကို ဆက်လက် အသုံးပြုကာ ထုတ်လုပ် လာ ဖို့ ရှိနေပါတယ်။

Ref: MotorAuthority