ကားတစ်စီးရဲ့ ရှေ့မီးကြီးပိုင်းကို လိုတဲ့အချိန်မှ ပေါ်လာပေးတဲ့ Pop-Up Design တွေက အတော်လေးတော့ ရင်သပ်ရှုမောဖွယ် ကောင်းလေ့ ရှိပါတယ်။ အခုလို ဒီဇိုင်မျိုးတွေကိုတော့ Mazda MX-5 Miata ပထမဆုံး မျိုးဆက် ဒါမှ မဟုတ် Honda NSX ပထမ မျိုးဆက်တွေမှာ တွေ့နိုင်ပြီး မီးလုံးကို မသုံးတဲ့အချိန် အထဲပြန် ထည့် ထားလိုက်မယ် ဆိုရင် တော့ ကားရဲ့ရှေ့စက်ဖုံးနဲ့ တစ်ပြေးညီထဲ ဖြစ်ကာ အတော်ကြည့်ကောင်း နေ ပြန်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ လမ်းအသုံး ပြုသူတွေ အတွက် လုံခြုံမှုသိပ်မရှိတဲ့ အခြေ အနေတွေကြောင့် အဆိုပါ ဒီဇိုင်းကို တရားဝင် ဆက်မရှိ နိုင်တော့ပါ။ ဒါကြောင့်လည်း ရှေ့ဘက်မှာ မီးလုံး ပိုင်းတွေနဲ့ ရှုပ်မနေမယ့် အရှေ့ဘက် Fascia ကား ဒီဇိုင်း ပိုင်းကို ဖန်တီးဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဂျာမနီရဲ့ မူပိုင်ခွင့် ဌာနဆီမှာ တင်ထားတဲ့ ဒီဇိုင်း ပုံစံတစ်ခုမှာတော့ နာမည်ကျော် Audi တို့က ဒီလို ဒီဇိုင်းကားမျိုး ရအောင် ဒီဘက်ခေတ်မှာ ဘယ်လို ပြန်လည်ဖန်တီး ထားနိုင်လဲဆိုတာ တွေ့ခဲ့ရပါသေးတယ်။

Photo Credit: CARBUZZ

အခု နမူနာထဲမှာတော့ မီးလုံးတွေ အတွက် ဖြုတ်လဲတပ်လို့ရတဲ့ အဖုံးတွေအနေနဲ့ Audi က ဖန်တီးထားတာ ဖြစ်ပြီး အသေလည်း တစ်ခါတည်း တပ်ထားလို့ ရသလို တစ်ရောင်တည်း ဒါမှမဟုတ် အကြည်‌ပုံစံမျိုးနဲ့ အဖုံးတွေ အဖြစ်လည်း ပြင်ဆင်ပေးနိုင် ပါသေးတယ်။ အခု နည်းပညာကိုတော့ Audi က Intelligent Glass လို့ အမည်ပေးထားပြီး တကယ် လို့ ကားသစ် တစ်စီးမှာသာ တပ်ထားလို့ ရမယ်ဆိုရင်တော့ RS e-Tron GT လို ကားမျိုးမှာ ပိုအဆင်ပြေနိုင်ပြီး နေ့ဘက် မီးထွန်းစရာ မလိုမယ့် အနေအထားမှာ ကားက ပိုပြီး ပါးပါးပြား ပြားလေးနဲ့ မိုက်နေမှာ သေချာပါတယ်။ တကယ်လို့ မီးကို ဖွင့်လိုက်မယ် ဆိုရင်လည်း အပေါ်က အုပ်ထားတဲ့ မှန်ပြားလေးက အကြည်ရောင်လေးဖြစ်သွားပြီး မီးရောင်ကို ဖောက်ထွင်းမြင်နိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ Audi ကတော့ အခုစနစ်မှာ Headlight နေရာတွေ ထဲက အပိုင်းတွေအတွက် စနစ်တွေ သပ် သပ်စီ ခွဲထားမယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် ကားရဲ့ဘေး အချက် ပြမီးတွေလိုအပ်လို့ ဖွင့်ရပြီ ဆိုရင် တော့ Low Beams အလင်းတွေနဲ့ DRLs တွေက အလိုအလျောက် မှိန်ပေးသွားမှာ ဖြစ်ပြီး Amber Light တွေ ကို ပိုပြီး ထင်သာမြင်သာ ရှိအောင် အချက်ပြပေးနိုင် မှာပါ။ ဒါကြောင့် ယခင်က ပြဿနာ ဖြစ်ခဲ့တဲ့ လုံခြုံရေးပိုင်း အတွက်ပါ တစ်ပါတည်း ဖြေရှင်းပြီးသားဖြစ်သလို မြင်နိုင်စွမ်းလည်း ပိုကောင်းလာမှာပါ။ ဒါပေမယ့် Audi ကတော့ ယခင်တုန်းက မူလ နည်းပညာအရသာ ရအောင်လည်း ပိုသဘောတွေ့နေပြီး အကြောင်း ကတော့ အခု သူတို့ ချပြထားတဲ့ နည်းပညာမှာလည်း အရောင်ရောနေတာလေးတွေ ရှိနိုင်လို့ တိကျမှု အားနည်း နေသေးလို့ပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Audi ကတော့ အခုခေတ်မှာ အရောင်တွေ တိတိကျကျ ပြပေးနိုင်ဖို့က ပိုအရေးပါ လာတာကြောင့် အခု နည်း ပညာသစ် ရဲ့ တစ်ရောင် ဘေးကနေ တစ်ရောင် ပြပေးတာမျိုးဟာ ဆိုရင် အရောင် မမှန်တာတွေ ဖြစ်လာ နိုင်တယ်လို့ ထောက်ပြထားပါတယ်။ တကယ်တော့ အခုလို စီစဉ် ရ‌တာတွေကတော့ Audi အဖို့ အတော် လေး ရှင်းလင်းလှပတဲ့ Lighting Strips လေးတွေကို ဖန်တီးချင်လို့ ဖြစ်ပြီး အနာဂါတ် ရှေ့မီး ဒီဇိုင်းတွေကို ပုံစံတစ်ခု သတ်သတ်မှတ်မှတ် ရှိစေချင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အခု နည်းပညာက တကယ်ပဲ နောက်တစ်ဆင့် အတွက် အထောက် အကူဖြစ်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပြီး တကယ် တမ်း ထွက်လာနိုင်တယ် ဆိုရင်လည်း အသုံးဝင်ဝင် နဲ့ဖန်တီး နိုင်ဖို့အတွက် ဈေးအများကြီး မကြီးဖို့ကိုလည်း မျှော်လင့်ရမှာပါ။

Ref: carbuzz.com