လက်ရှိ ကမ္ဘာ့ ကားဈေးကွက် တွေထဲမှာတော့ ၁.၄ ဘီလီယံအထိ လူဦးရေရှိတဲ့ တရုတ် ကားဈေးကွက်က အကြီးမားဆုံး ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာနဲ့ တစ်ဝန်းကားသစ်တွေကို ကြည့်လိုက်မယ် ဆိုရင်လည်း Crossover တွေနဲ့ SUV တွေက နေရာယူလာနေပြီး တစ်ဖက်မှာလည်း Sedan အသစ်နဲ့ Minivan ကားတွေကလည်း အလိုရှိနေကြဆဲပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂျာမနီရဲ့ နာမည်ကြီး ကားကုမ္ပဏီ တစ်ချို့  ကလည်း သူတို့ရဲ့ Saloons ကားတွေကို နောက်ခန်းတွေ ချဲ့ထွင်ပြီး ကားသစ်တွေအဖြစ် ဖန်တီး ပေးလာကြသလို တစ်ချို့ကုမ္ပဏီတွေ ဆိုရင် ဇိမ်ခံဖို့အတွက် သီးသန့် ဖန်တီးပေးလာ ကြတာပဲ ဖြစ်ပါတယ်။ တစ်ချို့သော တရုတ်ဈေးကွက်ထဲက နာမည်ကြီး ကားကြီးတစ်ချို့ ထဲမှာဆိုရင် Lexus ရဲ့ LM နဲ့ Buick ရဲ့ GL 8 ကားတွေက အတော်လေး နာမည်ရလာနေတာပါ။ အခုဆိုရင်တော့ နာမည်ကြီး Audi တို့ ကပါ သူတို့ရဲ့ Urbansphere ဆိုတဲ့ ကားသစ် Concept ကို ဘေဂျင်း ကားပြပွဲအထိ ယခုနှစ် အစော ပိုင်းတုန်းက ယူဆောင်လာခဲ့ပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် အဆိုပါ ကားပြပွဲကြီးကတော့ တရုတ်နိုင်ငံတွင်း ကိုဗစ်ကပ်ရောဂါ တစ်ကျော့ပြန် လာတာကြောင့် ပြန်လည်‌‌ ရွှေ့ဆိုင်းခဲ့ရ တာဖြစ်လို့ Audi တို့လည်း အွန်လိုင်း ပေါ်ကနေပဲ အဆိုပါ Concept ကားကို ပြန်လည် ပြသခဲ့ရ တာပါ။ ကားရဲ့ အသွင်ကတော့ Minivan ဒါမှမဟုတ် MPV လို ပြောရမလို ဖြစ်ပေမယ့် ဒီဇိုင်းပိုင်း နဲ့ အတွင်းခန်းတွေကို သေချာကြည့်မယ် ဆိုရင်တော့ Minivan တစ်စီးအဖြစ် ပိုမြင်ရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ အဆိုပါစိတ်ဝင်စားစရာ Concept ရဲ့ နောက်ပိုင်း ဘယ်လိုတွေ ဆက်မြင်လာရဦးမှာလဲ မေးရင်တော့ အခုဆိုရင် အနီးစပ်ဆုံးတူညီလာနိုင်တဲ့ Digital Rendering ပုံကြမ်းကိုပါ ဖန်တီးခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Motor 1.com

ပထမဆုံး အနေနဲ့ အဆိုပါ ကားပုံကြမ်းကတော့ လျှပ်စစ်ကား အနေနဲ့ပဲ ဖန်တီး ပေးထားတာတွေ့ရပြီး လမ်းပေါ် သွားမယ့် နေ့စဉ်သုံး Minivan ကားတစ်စီး ဖြစ်တာကြောင့် Concept မှာ မြင်ခဲ့ရတာထက်တော့ လက်တွေ့ ပိုဆန်အောင် ဖန်တီး ပေးထားပါတယ်။ သေချာ တာကတော့ Audi ရဲ့ E-Tron SUV တွေရဲ့ သွင်ပြင်ကို မြင်နေရတာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲမှာ ဆိုရင်တော့ လျှပ်စစ်စွမ်းအင် သီးသန့် Q5 E-Tron ကားသစ်ကို အခုနှစ် အစောပိုင်းမှာပဲ တရုတ် ဈေးကွက်ထဲ မြင်ခဲ့ရတာဖြစ်ပြီး ပိုပြီး ဇိမ်ခံလို့ ကောင်းမယ့် အပြင်အဆင် တွေနဲ့ ပွဲထွက်လာ ခဲ့တာပါ။ အဆိုပါ ကားကတော့ တရုတ်ပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်ထားတဲ့ နောက်ထပ် နာမည်ကျော် ကား တစ်စီး Volkswagen ID.6 ထိုင်ခုံ ၃ တန်းပါ ကားနဲ့ အဓိက ဈေးကွက် ပြိုင်ဘက်တွေ ဖြစ်လာနိုင်တာပါ။ ဒါပေမယ့် အဆိုပါ Urbansphere Concept ကားကို လက်တွေ့ထုတ်လုပ်လာဖို့ အတွက် Audi ဘက်က တစ်စုံတစ်ရာ ပြောကြားထားတာမျိုး မရှိသေးသလို တစ်နေ့နေ့မှာ တကယ်ထွက်ပေါ်လာမယ် ဆိုရင်လည်း သိပ်တော့ အံ့အား သင့်ရတော့မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြားထဲက အချိန်ကာလ အတော်များများမှာလည်း နောက်ထပ် မျှော်လင့်ချင်စရာ Crossover တွေအများကြီး ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Audi တို့အနေနဲ့ Minivan Concept အတွက် မဟုတ်သေးတဲ့ နောက်ထပ် PPE Platform အသစ်တစ်ရပ် ကိုလည်း ဖန်တီးနေပြီး A6 E-Tron ကတော့ မကြာမှ မြင်ရမယ့် အဆိုပါ Platform နဲ့ ကားသစ် တစ်စီးပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ A6 Avant E-Tron Concept ကားရဲ့ နောက်ထပ် Wagon Version တစ်စီးကိုလည်း ထပ်မြင်ရဖို့ ရှိနေသေးတာကြောင့် ဒီလို ကားအမျိုး အစားတွေ အတွက် Audi ရဲ့ ခြေလှမ်းတွေကတော့ ခပ်သွက်သွက်ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com