၂၀၂၁ ခုနှစ် ကတည်းက ဆက်တိုက် ချပြလာခဲ့တဲ့ Audi ရဲ့ Sphere Concept ကားတွေထဲ ၄ စီး မြောက်နဲ့ နောက်ဆုံး Concept အဖြစ် Activesphere ကားကို ချပြလာတော့မှာပါ။ အခုတစ်ခေါက် Teaser အသစ်မှာတော့ Audi Activesphere Concept ရဲ့ ဘေးဘက် မြင်ကွင်းကို ချပြလာခဲ့ပြီး ခပ်လျှောလျှောလေး ဖြစ်တဲ့ ကိုယ်ထည်ပိုင်းကို ချပြလာတာပါ။ ပုံကတော့ Teaser ဆိုတဲ့ အတိုင်း ခပ်မှောင်မှောင်လေးပဲ ပြထားတာ ဖြစ်ပေမယ့်လည်း တကယ်တမ်း သေချာကြည့်တဲ့ အခါမှာလည်း ဘာမှတော့ ဖုံးကွယ်မထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ကားရဲ့မြေပြင်ကနေအကွာ အမြင့်ကပါ သိသာနေခဲ့ပြီး Audi ကတော့ အခုပုံရိပ်လေး‌ကိုပဲ သွက်သွက်လက်လက်နဲ့ ကျက်သရေ ရှိတဲ့အရသာ‌တို့ ပေါင်းစည်းရာ အရသာမျိုး ဖြစ်လာမယ်ဆိုပြီး ဖော်ပြထားပါတယ်။ 

Photo Credit: motor 1.com

အခု ကားရဲ့ ပထမဆုံးသော Teaser ကိုတော့ ၂၀၂၂ ခုနှစ် ဩဂုတ် လကမှ စတင် ချပြခဲ့တာဖြစ်ပြီး All-Terrain တာယာ တွေနဲ့ အရှေ့ဘက် လေးပုံတစ်ပုံလောက်ကို ခပ်ဝါးဝါးတော့ မြင်ခဲ့ကြရတာပါ။ နောက်တစ်ကြိမ် Teaser ကိုတော့ မနှစ်က နှစ်မကုန်ခင် လေးမှာတင် ချပြခဲ့ပြီး အပေါ်ဘက်ကနေ ပြသခဲ့တာဖြစ်ကာ အတော်လေး ဒီဇိုင်းမိုက်တဲ့ အနောက်ဘက် ကိုယ်ထည် ၊ မှန်အမိုးနဲ့ Flared Fenders တွေကိုပါ မြင်ခဲ့ရတာပါ။ အတွင်းခန်း Cabin အပိုင်းကိုလည်း အနည်းငယ်လေး မြင်ခွင့်ရခဲ့သေးပြီး အနီရောင် အပြင်အဆင် လေးတွေလောက်ကိုပဲ မြင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀၂၁ တုန်းကတော့ Skysphere Concept ကို ချပြခဲ့ပြီး အမိုးမဲ့ တံခါး ၂ ပေါက် နဲ့ EV Sports Car ဖြစ်ကာ စက်ဖုံးအရှည် ၊ ချိန်ညှိလို့ရတဲ့ Wheelbase တွေကိုပါဖော်ပြခဲ့တာပါ။ ကားရဲ့ ဒီဇိုင်းပိုင်းကတော့ တကယ်ကို သက်တောင့် သက်သာရှိမယ့် Touring ပိုင်းနဲ့ စွမ်းဆောင်ရည်မြင့် Handling အထိန်းအချုပ်ပိုင်းတွေ ကိုပါအသုံး ပြုပေးထားတာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

 အဆိုပါ Concept အပြီးမှာတော့ စက်တင်ဘာ ၂၀၂၁ မှာပဲ Grandsphere Concept ကို ဆက်လက်ပြသခဲ့ပါတယ်။ ဒီဇိုင်းပိုင်းအရတော့ Skysphere နဲ့ အတူတူပဲ ဆိုပေမယ့်လည်း Private ဂျက်လေယာဉ်တစ်စီးနဲ့တောင် နှိုင်းယှဥ်ထားတဲ့ Electric Sedan ကား တစ်စီးအဖြစ်ကို မြင်ခဲ့ရတာပါ။ တတိယမြောက် Concept ကတော့ Audi Urbansphere ဖြစ်ပြီး အတော်လေး ကျယ်တဲ့ အတွင်းခန်းနဲ့ Minivan တစ်စီး ဖြစ်ပါတယ်။ အဆိုပါ Concept ၃ မျိုးလုံး ကတော့ Audi ရဲ့ အနာဂတ် လျှပ်စစ်ကား လောက အတွက် တကယ်ကို အဆင့်မြင့်ဒီဇိုင်း ၊ နည်းပညာတွေ ပါလာမယ့် ကားတွေပါပဲ။ အခုလာမယ့် ဇန်နဝါရီ ၂၆ ရက်မှာတင်ပဲ အခု Activesphere Concept ကို ချပြလာဖို့ ရှိနေပြီး “အနာဂတ်က ရှာတွေ့တာမဟုတ်ပဲ ဖန်တီးယူရတာ” ဆိုတဲ့ အဓိပ္ပါယ်ပါ စာသားနဲ့အတူ Audi တို့ စိတ်ဝင်စားအောင် လုပ်ထားနိုင်တာကြောင့် ဘယ်လောက်အထိ ခေတ်မှီ ဆန်းသစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com