Audi ရဲ့ A6 E-Tron ကားသစ် ကတော့ ထုတ်လုပ်ရေး နောက်ဆုံး အဆင့်တွေကို ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါ လျှပ်စစ်ကားအတွက် လိုအပ်မယ့် အအေးပိုင်းဒေသ စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်ကာလာမယ့် နှစ်ကုန် ပိုင်းလောက်မှာပဲ ချပြလာ နိုင်ပါတယ်။ ဒါပေမယ့် ကားသစ်ရဲ့ ဒီဇိုင်းသစ်ကိုမြင်ရဖို့ အဆိုပါ ၁ နှစ် လောက်ကာလ မစောင့်ချင်ဘူး ဆိုသူတွေအတွက်ကို Kolesa.ru ကနေ ဒီဂျစ်တယ် ပုံကြမ်း တစ်ရပ် ဖန်တီး ပေးလိုက်ပါပြီ။ Motor 1 အနေနဲ့ကလည်း အခု ရက်သတ္တပတ် အစောပိုင်းကလည်း ကားသစ်ကို စမ်းသပ်နေတဲ့ Prototype ပုံရိပ် တစ်ချို့ကို မြင်ခဲ့ရပြီး အခု ပုံကြမ်းကတော့ အဆိုပါ ပုံရိပ်တွေကို အခြေခံရေးဆွဲထားတာဖြစ်လို့ နီးစပ်နိုင်ပါတယ်။ စမ်းသပ်ဆဲ အဆင့် ကားမှာတော့ Camouflage တွေ အပြည့်အုပ်ထားဆဲ ဆိုပေမယ့် အခုပုံကြမ်း အရတော့တကယ့် ကားသစ်လိုကို မြင်လာရတာဖြစ်ပြီး ဒီဇိုင်းပိုင်း အရ တော်တော်လေးကို ထူးခြား ကောင်းမွန်လာပါတယ်။ တကယ်တော့ မနှစ်ကတည်းကလည်း အခုကားရဲ့ ဒီဂျစ်တယ် ပုံကြမ်းကို ဖန်တီးကြည့်ခဲ့ကြဖူးပြီး အခုပုံကတော့ ပိုပြီး ပါးပါးပြားပြားနဲ့ ကျစ်ကျစ်လစ်လစ် ရှိလာခဲ့တာပါ။ အရှေ့ဘက် Fascia ပိုင်းနဲ့ တစ်စီးလုံး အနေအထား မှာကို ရုပ်ထွက် အပြောင်းအလဲ တွေရှိလာခဲ့ပြီး Aerodynamic ပိုကောင်းတဲ့ ဘီးတွေကိုလည်း တွဲဖက် ပေးထားပါတယ်။ ခြုံကြည့်ရမယ် ဆိုရင် တော့ လျှပ်စစ် ကားခေတ်နဲ့ လိုက်ဖက်တဲ့ ခပ်ပါးပါး Sedan တစ်စီးလို့ပဲ ဆိုရမှာပါ။

Photo Credit: motor 1.com

လျှပ်စစ်ကား ဖြစ်လာမယ့် အဆိုပါ ကားသစ်ကတော့ သိထားတဲ့ အတိုင်းပဲ Premium Platform Electric (PPE) Architecture ပေါ်မှာပဲ တည်ဆောက်ထားမှာဖြစ်ပြီး Porsche Macan လျှပ်စစ်ကားသစ်နဲ့ အတူ တူပဲ ဖြစ်ပါတယ်။ A 6 ရဲ့ လျှပ်စစ်ကား စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကတော့ မသိရနိုင်သေးပေမယ့်လည်း မော်တာ ၂ လုံးနဲ့ အတူ 470 hp ၊ 590 lb-ft Torque လောက်အထိ စွမ်းဆောင် နိုင်မှာကိုတော့ ခန့်မှန်းလို့ရပါတယ်။ ဒီ ပမာဏတွေ အတိုင်းသာ ထွက်ပေါ်လာမယ် ဆိုရင်တော့ Audi ရဲ့ Sedan ကားတွေထဲ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်လာဖို့ များနေပါပြီ။ တကယ်တော့ စမ်းသပ်ဆဲ အဆင့်တွေက အစော ပိုင်းပဲ ရှိနေသေးတာကြောင့် ကားသစ်ကို တရားဝင် မြင်ရဖို့ အတွက် လပေါင်းများစွာ အချိန်ယူ ရနိုင်ပါသေးတယ်။

Ref: motor 1.com