Aston Martin ရဲ့ DBX 707 ဆိုတဲ့ ကားလေးကို စတင် မြင်တွေ့ခွင့်ရခဲ့တာ တစ်နှစ်ကျော်ကျော် လေး တောင် ရှိသွား ပြီဖြစ်ပြီး အခုဆိုရင်တော့ မှာယူထားတဲ့ ပိုင်ရှင်သစ်တွေထံ ကားတွေစတင်ပို့ဆောင် နိုင်တော့ မှာပါ။ Aston Martin ရဲ့ St.Athan ကားစက်ရုံကြီးမှာ အဆိုပါ ကားလေးရဲ့ ပထမဆုံးသော အချောသတ် ထုတ်လုပ်ထားတဲ့ ကားကို စတင် မြင်ရပြီ ဖြစ်ပြီး DBX ကားတွေကို အခု စက်ရုံမှာ လူသားလုပ်အားနဲ့ပဲ အဓိက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ပြောကြားချက် အရတော့ အဆိုပါ ဝေးလ်စ် ဒေသရဲ့ ရွာငယ်လေးမှာရှိတဲ့ ကားစက်ရုံမှာ အခုကားသစ် ထုတ်လုပ်လိုက်နိုင်တာဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ဖြစ်လာမယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ စက်ရုံ ကနေ ထွက်လာတဲ့ ပထမဆုံးသော လှပတဲ့ DBX ကားသစ်လေးကို စတင်မြင်တွေ့ရပြီဖြစ်ပြီး လာမယ့် လပိုင်းတွေ ထဲမှာပဲ နိုင်ငံပေါင်း ၅၀ ကျော် လောက်က ကားမှာယူထားတဲ့ ပိုင်ရှင်သစ်တွေဆီ အရောက် ပို့ဆောင် ပေးနိုင်တော့ မှာပါ။
အဆိုပါ စက်ရုံ အတွင်းမှာတော့ အခု ကားသစ်တစ်စီးကို အစကနေ အဆုံး လူအားနဲ့ပဲ တာဝန်ယူ ထုတ်လုပ် ပေးနေတဲ့ ပညာရှင်ပေါင်းက အယောက် ၁၀၀ ကျော် ရှိနေပါတယ်။ ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေနဲ့ ယှဉ်ရင်တော့ ဒီပမာဏ က အင်မတန်နည်းပါးသေးတဲ့ ပမာဏ ဖြစ်ပေမယ့်လည်း တစ်နှစ်အတွင်း Aston Martin တို့ ကားအစီးရေ ဘယ်လောက် ထုတ်သလဲ ဆိုတာကို တွက်ကြည့်ပြန်ရင်တော့လည်း အံကိုက် ဖြစ်နေတာပါ။ မနှစ်တုန်းကဆိုရင် Aston Martin တို့က ကား အစီးရေ ၄,၂၅၀ စီး ထုတ်လုပ်ခဲ့ပြီး DBX က တစ်ဝက်လောက်ကို ရှိလာနိုင်ပါတယ်။ Aston Martin ရဲ့ COO ဖြစ်သူ Micheal Straughan က အခုလို မျိုး ကမ္ဘာ့အဆင့် ဇိမ်ခံကားကောင်းတစ်စီးဖြစ်တဲ့ DBX 707 ကားကို အခု ဝေးလ်စ် ဒေသမှာ ထုတ်လုပ်နိုင်ခဲ့ တာ ဂုဏ်ယူမိတယ်လို့ ဆိုထားပြီး အခုလိုမျိုး ပထမဆုံး ကားမော်ဒယ် ကို မြင်ရတာလည်း တကယ်ကို ဝမ်းသာစရာပဲလို့ ဆိုထားပါတယ်။ ဝေးလ်စ် နိုင်ငံရဲ့ အစိုးရကလည်း အခု ကားကို သူတို့ဒေသမှာ လာရောက် ထုတ်လုပ်တာ အတော်လေးသဘောကျပုံရပြီး ခေတ်လွန်ပို့ဆောင်ဆက်သွယ်ရေး နည်းပညာတွေ စုံစည်းရာ ဆွဲဆောင်မှု ရှိတဲ့နေရာ ဖြစ်ဖို့ကို အာရုံထားနေတာကြောင့်လည်း ဖြစ်ပါတယ်။
တကယ်တော့ အခု ကားသစ်ကို ပထမဆုံး လက်ခံရရှိ ပြီး မောင်းရမယ့် ပိုင်ရှင်အသစ်အဖို့ ကလည်း တော် တော်လေး ကို စိတ်ကျေနပ်စရာ ကောင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ လတုန်းက အဆိုပါထုတ်လုပ်ရေး အဆင့် ကားကို စမ်းသပ် မောင်းနှင် ကြည့် ခဲ့ကြရမှာလည်း ဂုဏ်သိက္ခာပိုင်းနဲ့ တော်တော်လေးကို ကိုက်ညီကောင်း မွန်တယ် ဆိုတာကို ထပ်မံ တွေ့လိုက်ကြရပါသေးတယ်။ လက်ရှိမှာတော့ အဆိုပါ ကားက ကမ္ဘာပေါ်က အမြန်ဆုံး SUV ကားအဖြစ် သတ်မှတ်ခံထားရပြီး မိုင် ၆၀ ပမာဏကို ၃.၁ စက္ကန့် အတွင်း အရှိန်တင် နိုင်ကာ အမြင့်ဆုံးမြန်နှုန်း ကလည်း တစ်နာရီကို ၁၉၃ မိုင် အထိ ရှိနေတာပဲ ဖြစ်ပါတယ်။ အခုလို စွမ်းဆောင်နိုင်တာ ကတော့ AMG ရဲ့ Twin-Turbo V8 Engine ကြီး ကြောင့် ဖြစ်ပြီး 697 hp နဲ့ 663 lb-ft Torque အထိကို ရှိနေတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $ 232,000 ကနေကို စတင် တာ ဖြစ်လို့ အတော်လေးကို ဈေး မနည်းတဲ့ ကားတစ်စီး ဖြစ်ပေမယ့် ပိုင်ရှင်တွေ အဖို့တော့ ကားကို မြင်လိုက်တာနဲ့တင် ပေးခဲ့ရတဲ့ ဈေးကို တောင် ထည့်စဉ်းစားမိတော့မှာ မဟုတ်တာတော့ သေချာပါတယ်။
Ref: carbuzz.com