Pebble Beach Concours d’Elegance ပွဲကြီးမှာတော့ Aston Martin တို့က ကားမော်ဒယ် အသစ် ၂ မျိုး ချပြဖို့ ရှိနေပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲမှာပဲ Valhalla ရဲ့ F1 ကို မှီငြမ်းထားတဲ့ ပြေးလမ်းအပြင် DBX 707 ကားကိုလည်း အစမ်း မောင်းပြဦးမယ်လို့ သိရပါတယ်။ ကားသစ် ၂ စီး နဲ့ ပတ်သက်လို့တော့ ကုမ္ပဏီဘက်ကနေ လျှို့ဝှက်ထားပြီး တစ်စီးကတော့ စွမ်းဆောင်ရည် အသားပေး ယာဉ်တစ်စီး ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လာမယ့် ဩဂုတ်လ ၁၉ ရက်နေ့မှာ  စတင်ပွဲထွက်လာနိုင်မယ့် ကားမှာ High Octane အရသာနဲ့ အကြမ်းစား စွမ်းဆောင်ရည်တွေကို မြင်ရမယ် လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

နောက်တစ်စီးမှာ ဆိုရင်တော့ Aston Martin ရဲ့ Personalization Division ကနေ ဖန်တီးထားတဲ့ ကားဖြစ်လာ နိုင်ပြီး Le Mans ၂၄ နာရီ ကားမောင်းပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့  Brand ရဲ့ ယခင် ကားတစ်စီးကို အမှတ်ရတဲ့အနေနဲ့ ဖန်တီးထားမယ်လို့လည်း ဆိုထားပါတယ်။ Pebble Beach ကားပြပွဲကြီးရဲ့ Aston Martin 1913 VIP Area ကို ရောက်လာမယ့် ဧည့်သည်တွေကတော့ Valhalla Supercar အသစ်ရဲ့ အတွင်းခန်း Cabin ပိုင်းကိုပါ အနီးကပ် လေ့လာ ခွင့်ရလာမှာပါ။ အဆိုပါ ကားမှာတော့ တစ်ယောက်ထိုင် ပုံစံကိုမှ ဘဲဥပုံ စတီယာတိုင်နဲ့အတူ ပြိုင်ကားအသွင် ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Valhalla ကားကိုတော့ အစီးရေ ၉၉၉ စီးပဲ ထုတ်လုပ်မှာဖြစ်ပြီး ဝယ်ယူသူတွေထံ လာမယ့် ၂၀၂၄ အရောက်မှာ စတင် ပို့ဆောင်လာမှာပါ။ အင်ဂျင်ပိုင်းကတော့ 4.0 Liter Twin-Turbo V8 Engine ကို သုံးပေးထားပြီး လျှပ်စစ် မော်တာတစ်တွဲလည်း ပါသေးတာကြောင့် စွမ်းဆောင်ရည် ကတော့ 937 hp နဲ့ 738 lb-ft Torque အထိ ရှိလာ နိုင်ပါတယ်။ ဒါကြောင့် တစ်နာရီ ၆၂ မိုင်အထိ တင်မယ်ဆိုရင် ၂.၅ စက္ကန့်အတွင်း အရှိန်တင်နိုင်မှာဖြစ်ပြီး  အမြင့်ဆုံး မြန်နှုန်း ကလည်း တစ်နာရီ ၂၁၇ မိုင် အထိကို ရှိနေမှာပါ။ အဆိုပါ Aston Martin Club 1913 ကို ရောက်လာမယ့် VIP တွေ အတွက်ကတော့ DBX 707 ကားကိုပါ အစမ်းမောင်းခွင့် ရနိုင်ဦးမှာဖြစ်ပြီး Twin-Turbo 4.0 Liter V8 တပ်ဆင်ထားတဲ့ ကားလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ပိုင်းအရတော့ 697 hp နဲ့ 663 lb-ft Torque အထိ ရှိနေမှာ ပါ။ အဆိုပါ ကားကိုတော့ သာမန် အမျိုးအစားတွေနဲ့ ကွဲထွက်နေအောင် Turbo မျိုးကွဲတွေ အပြင် ၊ Engine ပိုင်း ပြန်လည် မွမ်းမံထားပေးမှုတွေနဲ့ အိတ်ဇောလေးလုံးတွေ တပ်ပေးထားတာ ဖြစ်ပါတယ်။ Chassis အပိုင်းမှာတော့ ယခင်ထက် ပိုကောင်းမယ့် လုပ်ဆောင်ချက်တွေကိုလည်း ထပ်ထည့်ပေးထားပြီး Air Suspension စနစ်အတွက် Dampers အသစ်တွေနဲ့ Electronic Steering စနစ်အတွက် အပြင်အဆင် သစ်တွေကိုလည်း စီစဉ် ပေးထားပါသေး တယ်။ ကားရဲ့ ဘရိတ် အပိုင်းမှာတော့ ကာဗွန် Ceramic အပိုင်းကို သုံးပေးထားတာကြောင့် အတော်လေး ထူးခြား ကောင်းမွန်မယ့် ကားသစ် ၂ စီးကို မကြာခင်ပဲ မျက်ဝါးထင်ထင် မြင်လာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

Ref: motor 1.com

(23) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube