1,180 hp စွမ်းဆောင်ရည်ရှိတဲ့ Ariel Hipercar ကတော့ Brand အတူတူဖြစ်တဲ့ Atom နဲ့ Nomad လျှပ်စစ်ကားတွေနဲ့ ပေါင်းစည်းလာတော့မှာပါ။ အခုလက်ရှိမြင်တွေ့ရတဲ့ ကားရဲ့ ကိုယ်ထည်ပုံစံက ထုတ်လုပ်လာ မယ့် ကားပုံစံအတိုင်း နီးပါး ဖြစ်လာပြီး နောက်ထပ် ၂ နှစ်အတွင်းမှာတင် ပထမဆုံး ကားတွေကို မှာယူထားသူတွေထံ ပို့ဆောင် ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Ariel Hipercar ရဲ့ အပြင်ပိုင်းကတော့ Drag Efficiency နဲ့ အအေးပေးမှုအပိုင်းမှာပိုမိုကောင်းမွန်ဖို့ ရည်ရွယ်ထား တာဖြစ်ပြီး All-Wheel Drive စနစ်မှာတော့ လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ပေးထားမှာဖြစ်ကာ Rear-Wheel Drive စနစ်နဲ့ဆိုရင်တော့ လျှပ်စစ်မော်တာ ၂ လုံး တပ်ဆင်ပေးထားမှာပါ။ လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ထားတဲ့ ကားကတော့ 1,180 hp အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး 0-60 mph အထိ အရှိန်တင် မောင်းနှင်နိုင်ဖို့ အချိန် ၂.၀၉ စက္ကန့်သာ ကြာမြင့်မှာဖြစ်ကာ 0-100 mph အထိ အရှိန်တင်နိုင်ဖို့ဆိုရင်တော့ အချိန် ၄.၄ စက္ကန့်ကြာမြင့်မှာဖြစ်ပါတယ်။ Cosworth ရဲ့ 62-kWh ဘက်ထရီကို တပ်ဆင်ပေးထားတာ ကြောင့် WLPT စံနှုန်းအရ မိုင် ၁၅၀ ဝန်းကျင်အထိ မောင်းနှင်နိုင်မယ်လို့ ခန့်မှန်းရပြီး Range ပိုမိုကောင်းမွန်ချင်တယ်ဆိုရင်တော့ Cosworth Turbine ကိုလည်း ရွေးချယ်တပ်ဆင်နိုင်ပါသေးတယ်။

Photo Credit: AllAutoExperts

Ariel Hipercar ရဲ့ ကိုယ်ထည်ကိုတော့ Aluminum Monocoque နဲ့ ကာဗွန်ဖိုက်ဘာ Panels တွေနဲ့ တည်ဆောက်ထားကာ လျှပ်စစ်မော်တာ ၄ လုံးနဲ့ကားက ၃,၃၀၇ ပေါင် အထိရှိမှာဖြစ်ပြီး မော်တာ ၂ လုံးနဲ့ ကား မော်ဒယ်ကတော့ ၃,၀၈၇ ပေါင်အောက်သာ အလေးချိန်ရှိမှာပါ။ အခြားသော ယာဉ်မောင်းအထောက်အကူပြု နည်းပညာတွေအနေနဲ့ကတော့ Regenerative Brake စနစ်၊ Traction Control နဲ့ Torque Vectoring တွေပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါကားနဲ့ ပတ်သက်တဲ့ ဈေးနှုန်းတွေကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေမယ့် ဒေါ်လာ ၁ သန်းထက်တော့ လျော့နည်းလာနိုင်တယ်လို့ ကုမ္ပဏီက မျှော်လင့်ထားတာပဲ ဖြစ်ပါ တယ်။

Ref: AllAutoExperts