လျှပ်စစ် ကားသစ် ထုတ်မယ်ဆိုပြီး အခုထိတော့ ဘာမှ အကြောင်းမထူးလာ သေးပေမယ့်လည်း Apple တို့ ကတော့ အခုဆိုရင် ကားတစ်စီးရဲ့ Dashboard တစ်ခုလုံးကို နေရာယူလာနိုင်မယ့် စနစ်တစ်ခုကိုချပြခဲ့ ပြီဖြစ်ပါတယ်။ မကြာသေးမီကမှ ကျင်းပ ပြီးစီးခဲ့တဲ့ WWDC 2022 ပွဲကြီးမှာတော့ iPhone တွေအတွက် အသစ်ထွက်လာတဲ့ iOS 16 နဲ့ ချိတ်ဆက် ပေးထားမယ့် Apple CarPlay ကို မိတ်ဆက် ပေးလာတာပါ။ သေချာတာကတော့ အဆိုပါ မျိုးဆက်သစ် Apple CarPlay ကို သုံးလိုက်ပြီ ဆိုတာနဲ့ ကားရဲ့ Gauge Cluster ကအစ Apple ရဲ့ UI တွေနဲ့ လွှမ်းမိုးပြီး Apple ရဲ့ ကားကို မောင်းနေရသလိုတောင် ခံစားရစေနိုင် ပါတယ်။ ဒါ့အပြင် Instrument Cluster နဲ့ တစ်ပြိုင်တည်း ချိတ်ဆက် ပြီးတော့လည်း လက်ရှိ ယာဉ်လမ်း ကြောင်း အခြေအနေ အရပ်ရပ်တွေကိုပါ တစ်ပါတည်း ပြသပေးနိုင်မှာပါ။ Apple ကတော့ အဆိုပါ Gauge Cluster မှာ လမ်းညွှန်စနစ် ၊ ကားရဲ့ မြန်နှုန်း ၊ Rpm ၊ စွမ်းအင်ဘယ်လောက် ကျန်သေးလဲ ဆိုတာတွေအ ပြင် ကားရဲ့ အတွင်းအပြင် အပူချိန်တွေကိုပါ ချပြပေးလာနိုင်လိမ့်မယ်လို့ ဆိုထားခဲ့ပါတယ်။

Photo Credit: MotorAuthority

နမူနာအနေနဲ့ Gauge Cluster အပိုင်းကိုလည်း အမျိုးမျိုးပုံစံပြောင်းလို့ရတာကို သရုပ်ပြပေးသွားပြီး သာမန် Traditional ပုံစံအတိုင်း ပြပေး‌တာတွေအပြင် ခေတ်လွန် UI Design တွေအထိကို ကြိုက်သလို ပြောင်းလဲ အသုံး ပြုနိုင်တော့မှာပါ။ အရောင်တွေ နဲ့ Background တွေအပြင် Dial Design တွေကိုလည်း ပြောင်းပေး နိုင် ပါသေးတယ်။ အခု စနစ်ကို သုံးမယ့် သူတွေအနေနဲ့ ကားရဲ့ Center Screen နဲ့ Gauge Cluster ‌တွေ မှာလည်း iOS Widget တွေကို စိတ်ကြိုက် ထည့်သွင်း အလှ ဆင်လာနိုင်တော့မှာ ဖြစ်ကာ Apple ကတော့ ဘယ်လို Screen အရွယ်မျိုးမှာ မဆို ဒီ စနစ်ကို အလုပ်လုပ်လို့ ရအောင် ပြင်ဆင် ပေးထားတာကြောင့် မည် သည့် ယာဉ်မျိုးမှာမဆို သုံးနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် Apple ကတော့ သူတို့နဲ့ ပူးပေါင်း ထားတဲ့ ကား ကုမ္ပဏီတွေကိုပါ တစ်ပါတည်း ချပြသွားခဲ့ပြီး Land Rover ၊ Mercedes Benz၊ Porsche ၊ Nissan ၊ Ford ၊ Lincoln ၊ Audi ၊ Jaguar ၊ Acura ၊ Volvo ၊ Honda ၊ Renault ၊ Infiniti နဲ့ Polestar တို့လို နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အဆိုပါ ကုမ္ပဏီ တွေက ကားတွေ မှာတော့ နောက်နှစ် လောက်ကစပြီး အခု စနစ်အသစ်ကို သုံးလာနိုင် တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

iOS 16 စနစ်မှာ ဆိုရင်လည်း Apple Maps ကို အဆင့်မြှင့်တင် ပေးထား‌တာတွေ အပြင် ကိုယ့်ရဲ့ လမ်းခရီး မှာ နေရာ ၁၅ နေရာ အထိ ရပ်နားတာကို မှတ်ထားလို့ ရမယ့် Multi Stop စနစ်တွေကိုပါ ထည့်သွင်း ပေး လာပါတယ်။ Apple Carplay နဲ့ ပတ်သက်လို့ အဓိကအပိုင်း အနေနဲ့ အဆင့်မြှင့်တင်ပေးခဲ့တာကတော့ လွန်ခဲ့တဲ့ ၂ နှစ် လောက်တုန်းက iOS 14 နဲ့ အတူ Digital Car Key အနေနဲ့ မိတ်ဆက် ပေးခဲ့တာပါ။ ဒါပေ မယ့် အဆိုပါ စနစ်ကတော့ CarPlay တစ်ခု တည်းနဲ့ တင် အပြည့်အဝ သုံးလို့မရသေးပဲ သူတို့ရဲ့ ကိုယ်ပိုင် အခြားသော App တွေကနေ ခွင့်ပြု ချိတ်ဆက်ထားတော့မှ သုံးလို့ ရမှာ ဖြစ်ပါတယ်။ Apple ကတော့ အမေရိက ဈေးကွက်ထဲက ၉၈% သော ‌ကားတွေမှာ Apple CarPlay ကို သုံးနေ နိုင်ပြီဖြစ်ပြီး Tesla နဲ့ Rivian တို့ ရဲ့ ၇၉% သော ဝယ်ယူသူတွေကပါ Apple CarPlay ပါတာကိုပဲ ပိုပြီး ရွေးချယ်ဝယ်ချင် ကြတယ် လို့တော့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority