Apple ကတော့ မကြာသေးမီကပဲ အနာဂါတ် ကားတွေရဲ့ Dashboard တစ်ခုလုံးကို လွှမ်းမိုး ပေးထားနိုင် မယ့် CarPlay အသစ်ကို ချပြ မိတ်ဆက်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီ စနစ်ကို ဘယ်တော့မှ မရနိုင်တဲ့ ကုမ္ပဏီ တွေထဲ ထိပ်တန်းက ပါဝင် နေတာ ကတော့ Apple ရဲ့ Tim Cook နဲ့ အဆင်မပြေ ဖြစ်နေရတဲ့ CEO Elon Musk ရဲ့ Tesla ကားတွေမှာပါပဲ။ Tesla ပိုင်ရှင် အတော်များများ ကလည်း ဒီစနစ်ကို သုံးချင်နေကြတယ် ဆိုပေမယ့် Tesla အနေနဲ့ ကတော့ သူတို့ရဲ့ Screen တွေပေါ်မှာ Apple ရဲ့အရသာတွေကို ပေးပြီး ထိတွေ့ခံ မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ဖြစ်အောင် လုပ်ကြတဲ့ ခေတ်ကြီးမှာတော့ Tesla ကား Screen တွေပေါ်မှာ Apple Carplay ကို သုံးလို့ရမယ့် နည်းလမ်း တစ်ခုတော့ ပေါ်လာခဲ့ပြန်ပါပြီ။ Tesla Model 3 ပေါ်မှာစမ်းပြထားတဲ့ အဆိုပါ နည်းလမ်းမှာတော့ Web-Based App တစ်ခုဖြစ်တဲ့ Tesla Android ကနေတစ်ဆင့် Android Tablet တစ်လုံးလို သုံးနေရတဲ့ App ကိုပဲ ဆက်သုံး ထားတာပါ။ ထူးခြား သွားတာကတော့ အဆိုပါ App ကနေ Apple CarPlay ကိုပါ သုံးလို့ရအောင် လုပ်လိုက်နိုင်တာ ဖြစ်ပြီး ပထမဆုံးသော Alpha Version ကိုတော့ လွန်ခဲ့တဲ့ ၆ လ ကတည်းက စတင် ဖြန့်ချီခဲ့တာ ဖြစ်ကာ အခုဆိုရင်တော့ ဒုတိယ အသုတ် Update တောင် ထွက်နေခဲ့ပါပြီ။

Photo Credit: CARBUZZ

Tesla Android ကတော့ အခု တစ်ခေါက် App Update အသစ်မှာဆိုရင် Features အသစ် တွေနဲ့အတူ အမှားအယွင်း တစ်ချို့ ရှိထားတာတွေကိုလည်း ကောင်းကောင်း ပြင်ဆင်ပေးထားတယ်လို့ ဆိုထားပါတယ်။ အဆင်ပြေစေမယ့် လုပ်ဆောင်ချက် အသစ်တွေကိုတော့ အခုသရုပ်ပြထားတဲ့ Video ထဲမှာ မြင်ရတာဖြစ်ပြီး တကယ့် Tesla Model 3 ကား ထဲမှာမှ Apple Music နဲ့ Apple Maps တွေကို ကောင်းကောင်း သုံးပြနေ တာလည်း ဖြစ်ပါတယ်။ Tesla Android ကတော့ အခု App ကနေတစ်ဆင့် သာမန် Carplay တွေမှာ တောင် မရနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်တယ်လို့ ဆိုထားပြီး Screen ကို ဒေါင်လိုက် ထည့်ပေးထား တဲ့ Model S နဲ့ Model X ကားတွေ မှာလည်း ကောင်းကောင်း အလုပ် လုပ် နိုင်လိမ့်မယ်လို့ သိရပါတယ်။

ဒါပေမယ့် ကံမကောင်းတာ တစ်ချက်ကတော့ အခုစနစ်ကို Tesla ကားထဲမှာ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ လုပ်ရတဲ့ အဆင့်တွေကတော့ သာမန်ထက် နည်းနည်း ပိုရှုပ် ၊ ပိုခက် နေတာပါပဲ။ Tesla Android ကတော့ သူတို့ရဲ့ Website မှာတင် လုပ်နည်း အဆင့်ဆင့်ကို ပြပေးထားပြီး USB LTE Stick တစ်ခု ၊ HDMI Capture Interface တစ်ခု နဲ့ Raspberry Pi Board ၂ ခု တို့အပြင် Coding အခြေခံလောက်ပါ သိထားဖို့ လိုနေတာပဲ ဖြစ်ပါတယ်။ သေချာတာ ကတော့ နည်းပညာပိုင်း နှံ့နှံ့စပ်စပ်ရှိသူ တစ်ယောက်အဖို့ ကောင်းကောင်း လုပ်နိုင်လောက်တယ် ဆိုပေမယ့် တကယ် လို့ သင်က သာမန်လောက်ပဲ နားလည်တဲ့ ကားပိုင်ရှင်တစ်ဦး ဆိုရင်တော့ ကိုယ်တိုင် စမ်းကြည့်ဖို့ရာ အဆင်မပြေ လောက်ပါဘူး။ ဒါပေမယ့် Tesla ကား တစ်စီးထဲမှာ Apple CarPlay ကို သုံးချင်ပါတယ် ဆိုသူတွေ အတွက်ကတော့ သေချာတဲ့ နည်းလမ်း တစ်ခု ရှိနေပြီဆိုတာပါပဲ။

Ref: carbuzz.com