ကား ကုမ္ပဏီ အတော်များများကတော့ သူတို့ရဲ့ ကားအတွင်း လုပ်ဆောင်ချက် နည်းပညာတွေကို ပိုတိုးတက် စေမယ့် Thrid-Party Apps တွေကို တိုက်ရိုက် ထည့်သွင်းစေနိုင်ဖို့ စမတ်ဖုန်း တွေမှာလိုပဲ တဖြည်းဖြည်း ခွင့်ပြုဖန်တီးပေးလာ နေကြပါပြီ။ အခုဆိုရင်တော့ Volkswagen Group ရဲ့ ကိုယ်ပိုင် Software Development Company ဖြစ်တဲ့ Cariad ကတော့ သူတို့ရဲ့ ကိုယ်ပိုင် App Store တစ်ခုကို ဖန်တီးနိုင်ပြီ ဖြစ်တယ်လို့ ကြေငြာခဲ့ပြီး ကုမ္ပဏီရဲ့ အမျိုးမျိုးသော ကား Brand တွေ မှာ လာမယ့် ဇူလိုင်လောက်က စသုံးနိုင်တော့မယ်လို့လည်း သိရပါတယ်။ 

Photo Credit: MotorAuthority

အဆိုပါ App Store ကို စသုံးနိုင်မယ့် ကားတွေထဲမှာတော့ Audi က ပထမဆုံးဖြစ်ပြီး နောက်ပိုင်းမှာ Porsche နဲ့ Volkswagen တို့ ရလာမယ်လို့ သိရပါတယ်။ Audi ရဲ့ ကားမော်ဒယ်တွေထဲမှာတော့ A4 A5 Q5 A6 A7 A8 Q8 E-Tron နဲ့ E-Tron GT တို့ လည်း ပါဝင် ရရှိလာမယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း နာမည်ကြီး Mercedes-Benz တို့ကပါ Redesigned 2024 E-Class အတွက် အလားတူ Feature မျိုးကို မိတ်ဆက်ပြခဲ့ဖူးပါသေးတယ်။ အဆိုပါ Software ကုမ္ပဏီ Cariad ကတော့ သူတို့ရဲ့ Supplier အဖြစ် Samsung ကျောထောက် နောက်ခံပြု Harman နဲ့ လက်တွဲထားတာဖြစ်ပြီး VW ကားတွေရဲ့ Infotainment System တွေနဲ့ ကောင်းကောင်း လက်တွဲနိုင်ဖို့ ပြင်ဆင် ‌ထားတာပါ။ လောလောဆယ်မှာတော့ နာမည်ကျော် Apps ဖြစ်ကြတဲ့ Spotify TikTok Yelp Webex Weather Channel ParkWhiz နဲ့ Vivaldi စတဲ့ Apps တွေ အဆင်သင့် ဖြစ်နေပြီဖြစ်ပြီး App Store ရတာနဲ့ နောက်ထပ် Apps များစွာ ထပ်ရလာ ဦးမယ်လို့လည်း သိရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Apps တွေကို ကားအတွင်း Download လုပ်ပြီး သုံးစွဲနိုင်ဖို့ အတွက်ကို SIM Card မြုပ်ထားမယ့် Data Link တစ်မျိုးတော့ လိုအပ်ဦးမှာပါ။ အခု စနစ်ကတော့ Smarphone ကိုပဲ ချိတ်ဆက်ကာ Mirror လုပ်ပြီး အသုံးပြုရတဲ့ Apple CarPlay နဲ့ Android Auto စနစ်တွေနဲ့ ယှဉ်မယ် ဆိုရင်တော့ App Store ကနေ တိုက်ရိုက်သုံးရတာမျိုး ဖြစ်လို့ ကားလောကအတွက် ပိုပြီး လုံလုံခြုံခြုံ ရှိစေလိမ့်မယ်လို့ သိထား ရပါတယ်။ Third-Party App Developer ‌တွေအနေနဲ့ ကလည်း သူတို့ရဲ့ Apps တွေကို အမြဲလိုလို Update ပေးနေနိုင် အောင် ကြိုးစားနေမှာ ဖြစ်တာကြောင့် မိုဘိုင်းဖုန်းတွေ လိုပဲ အတော်လေး အဆင်ပြေလာ လိမ့်မယ်လို့ ယူဆရပါတယ်။

Ref: MotorAuthority