2022 Jeep Compass ကားကတော့အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်းအပြောင်းအလဲ တစ်ချို့နဲ့အတူ မိတ်ဆက်ထားခဲ့တာ တစ်နှစ် လောက်တောင် ရှိခဲ့ပါပြီ။ ကားရဲ့ပုံစံကတော့ ဥရောပ ဈေးကွက် တွေဘက်ကို ပိုဆွဲဆောင်နိုင်မယ့် ပုံပေါက် ခဲ့ပေမယ့် အမေရိက မှာလည်း ရောင်းအား ကောင်းအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ကားတစီးတော့ ဖြစ်နေပါတယ်။ အခုဆိုရင်တော့ အဆိုပါကားအတွက် Altitude ဆိုတဲ့ Package အသစ် တစ်မျိုးကို Jeep တို့ ထပ်မံ မိတ်ဆက် လိုက်ပြန်ပြီ ဖြစ်ပြီး ဒါကတော့ ၂၀၂၁ ချီကာဂို ကားပြပွဲမှာ အမေရိက ဒေသအတွက် တရားဝင် မိတ် ဆက်အပြီး ၇ လ အကြာမှာမှ နောက်ထပ် အသစ်တစ်မျိုး ထူးထူးခြားခြား ထပ်ထွက်လာတာပါ။ Jeep ကတော့ အခု Package အသစ် က စက်ရုံကို တိုက်ရိုက် အကြံပြုမှာယူကြတဲ့ Customers တွေရဲ့ စကားသံကို နားထောင်ပြီး ပြန်လည်ထုတ်လုပ် ပေးထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း အခု Package အသစ်မှာတော့ အတွင်းရော အပြင်ပိုင်း တွေမှာပါ ထူးခြားတဲ့ အသွင်သဏ္ဍာန်လေးတွေ ကို မြင်ရမှာ ဖြစ်ပြီး လက်ရှိအချိန်အထိတော့ အဆိုပါ Package ရဲ့ အမြင့်ဆုံး Trim ဖြစ်တဲ့ High Altitude Trim ကားပုံ တစ်ပုံတည်းကိုပဲ မြင်ရပါသေးတယ်။
အပြင်ဘက်ကနေ စကြည့်မယ် ဆိုရင်တော့ Jeep တံဆိပ်ကို အနက်ရောင် ခပ်ပြောင်ပြောင်အဖြစ် အသွင် ပြောင်းပေးထားတာ စတွေ့ရပြီး Accents တွေ ကိုလည်း အနက်ဘက် ပိုပြောင်းပေးထားကာ ၁၈ လက်မ အရွယ် ဘီးတွေ ဖြစ်သွားပါတယ်။ ဒါကိုမှ အနက်ရောင် အမိုးနဲ့ အတူ လိုက်ဖက်အောင် ဖန်တီးပေးထားလိုက်ပြီး လမ်းမထက် မှာ ပနံရစေမယ့် ပုံမျိုးလည်း ဖြစ်လာပါတယ်။ ပိုပြီး သိသာတဲ့ အပြောင်းအ လဲမျိုးတွေကိုတော့ ကားရဲ့ အတွင်းဘက် ပိုင်းမှာ ပိုမြင်ရမှာဖြစ်ပြီး အနက်ရောင် Premium ဗီနိုင်းသားတွေနဲ့ အဝတ်ထည်သားတို့ ကောင်း ကောင်း ပေါင်းစပ် ဖန်တီးထားမှုတွေကို ထိုင်ခုံတွေမှာ အနက်ရောင် Stitch တွေနဲ့အတူ မြင်တွေ့ ရမှာပါ။ ဒါ့အပြင် အတွင်းခန်းကို ပိုပြီး ပြည့်စုံသွားစေဖို့ အတွက် စတီယာတိုင်ကိုလည်း Upholstery တွေသုံးပေးထားသလို ၊ Piano Black Accents တွေကလည်း Cabin အနှံ့ အပြည့်ပေးထားပါတယ်။ ဒါ့အပြင် နည်းပညာ ပိုင်းမှာ ဆိုရင်လည်း ယာဉ်မောင်း အကူ Driver Assist နည်းစနစ်သစ်တွေ မှာလည်း Full-Speed Forward Collision Warning သတိပေးစနစ်နဲ့ Active Brake တို့ကို ထပ်ထည့် ပေးထားတာ တွေ့ရပါတယ်။ ဒါတင်မက သေးပဲ Blaind Spot Monitoring စနစ်နဲ့ အခြား သော Active Lane Management System တွေကြောင့်လည်း ယာဉ်ကို ထိန်းချုပ် မောင်းနှင်ရတာ ပိုကောင်း စေပါလိမ့်မယ်။
အဆိုပါ Package အသစ်ကိုတော့ $ 1,645 MSRP နဲ့ ဝယ်ယူနိုင်ပြီး 4×4 Model တွေအတွက်ပဲ ရနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ Jeep Compass 4×4 Range ကားသစ်ကို Destination Charge တွေ မပါဝင်သေးပဲ နဲ့ $ 27,890 လောက်အထိ Sport Trim က ဈေးရှိနေပါတယ်။ အဆိုပါ ကားမှာဆိုရင်တော့ Selec-Terrain Management System လည်း ပါဝင်လာပြီး ကားကို နှင်းပဲကျကျ ၊ သဲထဲ ပဲ မောင်းမောင်း၊ ရွှံ့ထဲပဲ မောင်းမောင်း အတော်လေး အဆင်ပြေအောင် ဖန်တီးပေးထားမယ့်စနစ် ဖြစ်ပါတယ်။ အခု Altitude Package အသစ်ကတော့ ယခင်က ထွက်ခဲ့ဖူးတဲ့ Limited-Based Red Edition အတွက်လည်း ရရှိနိုင်ဦးမှာဖြစ်ပြီး အဆိုပါ ကားကတော့ ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ်ကျန်းမာရေး စနစ်တွေအတွက် ရည်ရွယ်ပြီး အထူးထုတ် ပေးထားခဲ့တာပါ။ အဆိုပါ Model မှာဆိုရင် Redline Pearl-Coat ဆိုတဲ့ အရောင်ကို သီးသန့်ရရှိနိုင်ပြီး ၁၉ လက်မ အရွယ် အလူမီနီယံ ဘီးတွေ ၊ အနက်ရောင် သားရေ Bucket ထိုင်ခုံတွေနဲ့ Unique Red ဆိုတဲ့ အထူးထုတ် အမှတ်တံဆိပ်တွေကိုလည်း နေရာ အနှံ့မှာ ထည့်သွင်းထားခဲ့တာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com