ဒီဇိုင်း လှလှပပနဲ့ လျှပ်စစ် ကားတွေကြောင့် နာမည်ရလာခဲ့တဲ့ Alpha Motor ဟာ တကယ့် ကားသစ်တွေ ထုတ်လုပ်နိုင်ဖို့ ရာမှာတော့ အနည်းငယ် ရုန်းကန်နေ ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံကြမ်းတွေ ထုတ်ပေးတာတန်ဖိုး နည်း နမူနာကားတွေ ထုတ်ပေးတာလိုမျိုး ဝန်ဆောင်မှုတွေပေးနေတဲ့ UHI Group နဲ့ ပူးပေါင်းလိုက်ပြီးတဲ့နောက် မှာတော့ တကယ် အကြမ်းခံ တကယ်ကောင်းတဲ့ ကားသစ်တွေ စတင်ထုတ်လုပ်လာဖို့ Alpha Motor တို့ ခြေလှမ်းစပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ UHI Group ဆိုတာကတော့ အမေရိကန်နိုင်ငံ ၊ မီချီဂန်ပြည်နယ် ၊ Sterling Heights မှာ ၁၉၇၉ ခုနှစ် ကတည်းက အခြေစိုက် ထားတဲ့ ကုမ္ပဏီဖြစ်ပြီး ကားထုတ်လုပ်တာ ၊ ပုံကြမ်း ပြင်ဆင်တာတွေအပြင် ကားသစ် စမ်းသပ်တာတွေကိုလည်း လုပ်ပေးနေတဲ့ ဝန်ဆောင်မှု လုပ်ငန်းကြီးပဲ ဖြစ်ပါတယ်။
အခု ဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကစလို့ ဖန်တီးနေတဲ့ Wolf Pickup ကားရဲ့ Prototype ပုံကြမ်းကို အရင်ဆုံး စတင် မြင်တွေ့လာရပါပြီ။ လတ်တလော ကုမ္ပဏီအတွက် ထိပ်တန်း စီးပွားရေး ပစ်မှတ်ဖြစ်တဲ့ အခု Wolf ကားကို စမ်းသပ်မှုတွေလည်း ပြုလုပ်ပြီးစီးပြီ ဖြစ်ပါတယ်။ မကြာသေးမီတုန်းကလည်း အခု ကားသစ်မှာ သုံးမယ့်ကားရဲ့ ကြမ်းခင်း အောက်ဘက်ပုံစံ ပုံကြမ်းကို ထုတ်ပြခဲ့ဖူးတာ ဖြစ်ပြီး Truck လိုမျိုး နောက်တွဲအဆက် ကိုယ်ထည် နေရာမှာကားကို ပေါင်းပေးထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ဘက်ထရီ တွေကိုတော့ Frame Rails တွေကြား နေရာမှာ ထည့်ပေးထားပြီး 83 kWh ဘက်ထရီ ပမာဏကြောင့် တစ်ခါ အားသွင်းထားရင် မိုင် ၂၅၀ ကနေ ၂၇၅ အထိ ကို ရှိနေမှာပါ။ ကားသစ် တွေကိုတော့ 201 hp အထိ ရှိတဲ့ လျှပ်စစ် မော်တာတွေနဲ့ ပွဲထုတ်ပေးလာနိုင်တဲ့ မော်တာ နှစ်လုံးတပ် ဆိုရင်တော့ 402 hp အထိ ရှိနေမှာပါ။ Truck ကား အနေနဲ့ကတော့ အနောက်ဘက်ဝင်ရိုး တော်တော်လေး တောင့်တင်းပြီး Leaf Spring တွေလည်း အားဖြည့်ပေးထားကာ အရှေ့ ဘက် Spring တွေကိုလည်း Suspension လွတ်လွတ်လပ်လပ် ပုံစံနဲ့ တွဲပေးထား လိုက်ပါတယ်။ အခု မြင်ရသလောက်ကိုတင် စိတ်လှုပ်ရှားစရာ ကောင်းနေ တဲ့ ကားပုံစံကြောင့် တကယ်တမ်း ထုတ်လုပ်လာတဲ့ အခါမှာ ပိုလို့တောင် အလန်းစားဖြစ်နေဦးမယ်လို့ မျှော်လင့် ရတာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts