Honda ရဲ့ HR-V ကား ကတော့ ဈေးကွက် အသီးသီးအလိုက် ကိုယ်ပိုင် Version တစ်မျိုးစီ ရှိကြတာပဲ ဖြစ်ပါတယ်။ အခု တစ်ခေါက်မှာလည်း တရုတ် ဈေးကွက်အတွက် Dongfeng Honda ကနေ တတိယမြောက် Series အသစ် အဖြစ် မိတ်ဆက် ပေးလိုက်ပါတယ်။ ၂၀၂၁ တုန်းကတော့ Honda အနေနဲ့ Global Version HR-V ကို ချပြခဲ့ပြီး ဥရောပနဲ့ ဂျပန် ဈေးကွက် တွေမှာတော့ Vezel အမည်နဲ့ မြင်ခဲ့ရပါတယ်။ အဲ့ဒီ နောက်မှာတော့ မြောက်အမေရိက အတွက် HR-V ကားသစ် ၊ ဥရောပနဲ့ တရုတ်ဈေးကွက်အတွက် ZR-V ကားတွေဆိုပြီး ဆက်တိုက် ပုံပြောင်း မိတ်ဆက်လာ ခဲ့တာပါ။ အခု လောလောလတ်လတ် မိတ်ဆက် ပေးလိုက်တဲ့ Dongfeng Honda ရဲ့ HR-V ကတော့ လုံးဝကို အသစ်ဖြစ်ပြီး Guangqi Honda က ထုတ်လုပ်ထားတဲ့ ZR-V နဲ့တော့ အတော်လေး နီးစပ်ပုံပေါက်လို့ နေပါတယ်။ 

Photo Credit: AllAutoExperts

အခုကားသစ် ကတော့ တစ်ခြားသော Honda ရဲ့ SUV တွေနဲ့ အခြေခံဒီဇိုင်းတွေ အတူတူပဲဖြစ်ပြီး အရှေ့ဘက်က Grille ခပ်ကြီးကြီး ၊ ဘန်ဘာ ခပ်ထူထူနဲ့အတူ ပုံပြောင်းပုံစံ လေးတွေနဲ့ LED မီးတွေလည်း ပါဝင်လာ သေးတာ ဖြစ်ပါတယ်။ ကားကလည်း ဘေးဘက် ပုံရိပ်တွေကလွဲလို့ ကျန်အပိုင်းတွေမှာ မြောက်အမေရိက ဈေးကွက် HR-V နဲ့ Global ZR-V တို့ အတော်ကို တူနေပြန်တာပါ။ အနောက်ဘက်မှာ ဆိုရင်လည်း Full-Width အပြည့် ဖြစ်လာတဲ့ Taillight မီးတွေ ၊ Wider Reflector တွေနဲ့ Tailpipe ၂ ခု တွဲ စတာတွေကိုလည်း မြင်လာရမှာ ဖြစ်ပါတယ်။ 

Photo Credit: AllAutoExperts

အတွင်းခန်း ကိုတော့ အသေးစိတ် မမြင်ထား ရသေးပေမယ့်လည်း ကျန်တဲ့ SUV မျိုးကွဲ တွေနဲ့လည်း အတော်လေး တူညီလာ လိမ့်မယ်လို့ ယူဆရပြီး Trim နဲ့ အရောင်ကွဲတွေ လောက်ပဲ ပြောင်းလဲလာဖို့ ရှိပါတယ်။ Honda အနေနဲ့ အဆိုပါ ကားသစ်တွေရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို မချပြရသေး ပေမယ့်လည်း Hybrid အမျိုးအစား တစ်ရပ် ပါလာလိမ့်မယ်လို့ နဂိုကတည်းက အတည်ပြု ပေးထားတာကြောင့် ဘယ်လိုတွေ စွမ်းဆောင်လာ နိုင်မလဲ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ 

Ref:AllAutoExperts