ပြီးခဲ့တဲ့ မတ်လ တုန်းကပဲ Ford ကနေ လာမယ့် ၂၀၂၄ အရောက်မှာ လျှပ်စစ် ကားသစ်တွေ အများကြီး မြင်ရမယ်လို့ ဆိုခဲ့ပြီး ဧပြီလ ‌အရောက်မှာတော့ လျှပ်စစ်စွမ်းအင်သုံး စီးပွားဖြစ် ကားတစ်စီး အကြောင်းကို စပြောလာခဲ့ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားကို တရားဝင် ချပြလိုက်ပြီဖြစ်ပြီး All-New E-Transit  Custom လို့ အမည်ရပါတယ်။ အခုနှစ် အစောပိုင်းကမှ စတင်ထုတ်လုပ်‌နေခဲ့တဲ့ E-Transit Cargon Van နောက်ကို လိုက်လာတဲ့ နောက်ထပ် ကားကောင်းတစ်စီး ဖြစ်ပြီး ဥရောပရဲ့ အပြိုင်အဆိုင် များလှတဲ့ စီးပွား ဖြစ် Van ကား ဈေးကွက်ထဲကို တိုးဝင်နိုင်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကားသစ်မှာ ခေတ်ပေါ် ဒီဇိုင်းအတော် များများကို သုံးထားတာ တွေ့ရမှာဖြစ်ပြီး ခပ်ပါးပါး Headlight တွေ နဲ့ သိသာထင်ရှားပြီး Dynamic ဖြစ်တဲ့ အရသာကို ပေးနိုင်တဲ့ LED Lighting တွေကိုလည်း သုံးပေးထားပါ သေးတယ်။ အဆိုပါ အပိုင်း တွေရဲ့ အလယ်မှာတော့အတော်လေးလှတဲ့ Light Bar နဲ့ ချိတ်ဆက် ပုံဖော်ပေး ထားပြီး အရှေ့ဘက် fascia ကလည်း အသေးစိတ်ကျတဲ့ Grille တွေနဲ့ Sport အရသာကိုတောင် ပေးနိုင် တယ်လို့ ဆိုရမှာပါ။ ကားရဲ့ Headlamp အောက်မှာတော့ ကားအတွက် အားသွင်းပေါက် လေးကိုထည့်ပေး ထားပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း အခုလို စီးပွားဖြစ် Van ကားတစ်စီး မှာတော့ ဒီဇိုင်းပိုင်း ထက်စာရင် တကယ့်လက်တွေ့ အသုံးဝင်မှုကို ပဲ ပိုစိတ်ဝင်စား ကြတာဖြစ်လို့ ဒီအပိုင်းမှာလည်း Ford တို့က စိတ်မပျက်စေခဲ့ဘူးလို့ ဆိုရမှာ ပါ။ ကုမ္ပဏီရဲ့ အဆိုအရတော့ အခုကားကို တစ်ကြိမ်အားသွင်းထား ရုံနဲ့ မိုင်ပေါင်း ၂၃၆ မိုင် အထိ မောင်းနိုင် မှာ ဖြစ်တယ်လို့ သိရတာ ကြောင့် မြို့တွင်းပို့ဆောင်ရေးတွေ အပြင် ပြင်ပလမ်းကြောင်းတွေ အတွက်လည်း အဆင်ပြေစေမှာ သေချာပါတယ်။ နှိုင်းယှဉ် ကြည့်ရမယ်ဆိုရင်တော့ အမေရိက ဈေးကွက် ရဲ့ E-Transit Cargo Van ကားက တစ်ကြိမ် အားသွင်းထားရင် ၁၂၆ မိုင် လောက်ပဲ မောင်းနိုင်တာ တွေ့ရပါတယ်။ အခု ကားမှာကတော့ ဘက်ထရီ ပြန်ဖြည့်ဖို့ဆိုရင်လည်း DC Fast Charger ပါဝင် ထားပါသေးတယ်။ ကားရဲ့ Towing Capacity ပိုင်းကိုတော့ မသိရ သေးပေမယ့်လည်း ကားရဲ့ Range ကို ကြည့်တာနဲ့တင်ပဲ လေးလံ တဲ့ ပစ္စည်းတွေကို ကောင်းကောင်း သယ်နိုင်မယ် ဆိုတာကတော့ သေချာပါတယ်။ ဒါ့အပြင် စီးပွားရေးသမား တွေ အတွက်လည်း အခု ကားကို သုံးမယ်ဆိုရင် Ford ရဲ့ Pro Software ကိုပါ တစ်ပါတည်း သုံး လာနိုင်မှာ ဖြစ်ပြီး အဆိုပါ Software ကတော့ အဓိက လုပ်ငန်းတွေ ဖြစ်တဲ့ ငွေကြေးပိုင်းတွေ ၊ ပစ္စည်း ဝန်ဆောင်မှု ပိုင်းတွေနဲ့ ငွေကြေးကောက်ခံတာ တွေက အစ ကောင်းကောင်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုကားကို သုံးလိုက်တာနဲ့ စီးပွားရေး အတွက် အခြားသော ကုန်ကျစရိတ်တွေကို တောင် ကုမ္ပဏီတွေ အဖို့ လျှော့ချ ပေးသွားနိုင်မှာပါ။

Photo Credit: CARBUZZ

ဒါ့အပြင် အခုကားပေါ်မှာတော့ ProPower Onboard Generator စနစ်လည်း ပါဝင်ထားပြီး အခြားသော စီးပွားရေး ဆက်စပ် လုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အား လိုအပ်ရင်တောင် မျှဝေပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ လာမယ့် နှစ်ဝက်လောက်မှာ စတင်ထုတ်လုပ်လာနိုင်ပြီး တူရကီမှာ ရှိတဲ့ ကုမ္ပဏီရဲ့ Kocaeli စက်ရုံမှာဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် အင်ဂျင်ပိုင်းနဲ့ Trim ပိုင်း ရွေးချယ်စရာအသစ်တွေ အတွက် အသေးစိတ် အချက်အလက် တွေကိုတော့ အခု လာမယ့် စက်တင်ဘာ လောက်မှသာ အတည်ပြုနိုင်မယ်လို့ သိရပါတယ်။ အမေရိက ဈေးကွက် အထိရောက်မယ့် ကားတစ်စီး မဟုတ်ပေမယ့်လည်း အခြားသော ပြိုင် ဆိုင်မှု ကြီးမားတဲ့ Van ကား ဈေးကွက်တွေမှာ တော့ ကားကောင်းတစ်စီး ဖြစ်လာ နိုင်ပါတယ်။ ဥရောပ ရဲ့ ရောင်းအားအကောင်းဆုံးသော Van ကားတစ်စီးက အခု ဆိုရင် လျှပ်စစ်ကား အဖြစ် အသွင်ပြောင်းနိုင်ခဲ့ပြီ ဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာတွေ အဆင်ပြေစေမယ့် One Stop Service ကိုလည်း ယာဉ်ကနေတစ်ဆင့် ပေးနိုင်မှာ ဖြစ်လို့ ဥရောပတစ်ဝှမ်း အကောင်းဆုံး စီးပွားရေးလုပ်ငန်း အတွေ့အကြုံကို ပေးနိုင်မှာ ဖြစ်တယ် လို့ Ford Pro Europe ရဲ့ အထွေထွေမန်နေဂျာ ဖြစ်သူ Hans Schep က ဆိုထား ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု Ford ရဲ့ အသစ်ထွက် Van ကားကြောင့် Mercedes-Benz E-Sprinter တို့အဖို့တော့ သတိပြု စရာ ပြိုင်ဘက်ကောင်း ကားတစ်စီး တိုးလာပြီလို့ပဲ မှတ်ယူရတော့မှာပါ။

Ref: carbuzz.com