Ford အတွက်ကတော့ အခုနှစ်ထဲမှာ လျှပ်စစ်ကားတွေနဲ့ ပတ်သက်လို့ အရေးကြီးနေတဲ့ နှစ်တစ်နှစ် ဖြစ်လာပြီး Mustang Mach-E ရဲ့ ရောင်းအားကလည်း ဆက်ကောင်းနေသလို F-150 Lightning ကလည်း အခုနှစ်ကုန်လောက်မှာ စရောက်လာဖို့ ရှိနေပါတယ်။ အခု ဆိုရင် လည်း ကုမ္ပဏီရဲ့ နောက်ထပ် လျှပ်စစ် ကားကောင်းတစ်စီးက စက်ရုံကနေ စတင်ထုတ်လုပ်လိုက်နိုင်ပြီ ဖြစ်ပြီး မှာယူထားသူတွေဆီ စတင် ပို့ပေး လိုက်ပါပြီ။ အဲ့ဒါကတော့ 2022 Ford E-Transit Van ကားအသစ် ဖြစ်ပြီး Ford ရဲ့ အမေရိကန်နိုင်ငံက Kansas City စက်ရုံကနေ ထုတ်လုပ် ပေးလိုက်နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ ကားအတွက် စီးပွားရေးလုပ်ငန်းအစုံမှ အစီးရေ 10,000 ကျော် အတွက် အမှာစာပေါင်း ၃၀၀ ကျော်အထိ ရထားပြီးဖြစ်လို့ ထုတ်လုပ်မှုတွေကိုလည်း တိုးမြှင့်နေရပါတယ်။
အဆိုပါ E-Transit ကားအသစ်ကတော့ $ 45,000 အောက်လောက်ကနေ ဈေးစတင်လာတာဖြစ်ပြီး တစ်ကြိမ် အားသွင်းထားရုံနဲ့ ၁၂၆ မိုင် လောက်အထိ ခရီးနှင်နိုင်မှာ ဖြစ်ကာ 57 kWh battery နဲ့ လျှပ်စစ်မော်တာ တို့ရဲ့ အကူအညီကြောင့် 266 hp နဲ့ 317 lb-ft Torque အထိ စွမ်းဆောင် နိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလိုအပ် ချက် ရှိလာခဲ့ရင်လည်း Pro Power Onboard Feature နဲ့အတူ ကား ကို Mobile Generator အဖြစ်လည်း အသုံး ပြုနိုင်ပါသေးတယ်။ အခုကားကို ထုတ်လုပ်ပေးလိုက်တဲ့ စက်ရုံမှာ Ford တို့က ဒေါ်လာ သန်း ပေါင်း ၁၀၀ အထိ ရင်းနှီး မြုပ်နှံထားတာဖြစ်ပြီး အခုကားသစ် ထုတ်လုပ်ရာမှာလည်း အချိန်ပြည့် အလုပ်အကိုင်ပေါင်း ၁၅၀ လောက် အထိ ကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရင်းနီးမြုပ်နှံမှုကတော့ Ford ရဲ့ လာမယ့် ၂၀၃၀ ကာလ အထိ ရည်မှန်းထားတဲ့ ဒေါ်လာ ၃၀ ဘီလီယံ ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ နှောင်းပိုင်း လောက် အရောက်မှာတော့ Ford အနေနဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ BEV လျှပ်စစ်ကားပေါင်း ၆၀၀,၀၀၀ လောက် အထိကို ထုတ်လုပ်ပေးဖို့ ရှိနေပါတယ်။ အဆိုပါ ကားတွေထဲမှာ ဆိုရင် တော့ E-Transit ကာ၊ Mustang Mach-E ပေါင်း ၂၀၀,၀၀၀ နဲ့ F-150 Lightning / Lightning Pros တို့ စုစုပေါင်း ၁၅၀,၀၀၀ လောက် အထိ ပါဝင် လာမှာပါ။
Ford ရဲ့ ပရိသတ်တွေကတော့ E-Transit ကားတွေကို လုပ်ငန်းသေးလေးတွေကအစ မှာယူ အားပေးနေကြတာ ဖြစ်ပြီး အမေရိကန်မှာ ဆိုရင်လည်း အော်စတွန်က ဆောက်လုပ်ရေးလုပ်ငန်း အသေးလေးတွေကအစ ဖလော်ရီဒါ ၊ အော်လန်ဒိုက လုပ်ငန်းကြီးတွေအထိ မှာယူနေ ကြပါတယ်။ Sheeran Construction ဆိုတဲ့ လုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင် Ryan Sheeran ဆိုရင်လည်း သူ့အနေနဲ့ Ford ကို အတော်လေး ယုံကြည်ပြီး လျှပ်စစ်စွမ်းအင်နဲ့ အတူ အခု ကားသစ် ကလည်း သူ့လုပ်ငန်းတွေကိုပါ တိုးချဲ့ပေးနိုင်မယ်ဆိုပြီး ဝယ်ယူ အားပေးခဲ့တာ ဖြစ်ပါ တယ်။
Ref: carbuzz.com