Alfa Romeo ကားတွေ ထဲမှာတော့ လျှပ်စစ် ဘက်ထရီနဲ့ ပထမဆုံး စွမ်းဆောင်နိုင်တဲ့ PHEV ကားအမျိုးအစား Tonale Q4 ကို မြင်ရပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ လျှပ်စစ် သီးသန့်နဲ့ပဲ မောင်းမယ်ဆိုရင် ခရီးမိုင် ၅၀ လောက် အထိကို ခရီးနှင်နိုင်မယ်လို့လည်း သိရပါတယ်။ မကြာသေးမီကမှ စတင်ရောင်းချခဲ့တဲ့ ဥရောပ ဈေးကွက် ထဲမှာ ဆိုရင်တော့ အဆိုပါကားကို Tonale Plug-In Hybrid Q4 အဖြစ် နာမည်ပေး ထားပါတယ်။ ဒါပေမယ့် အခုကားမှာ တစ်ခုတည်းသော ရွေးချယ်စရာကတော့ All-Wheel Drive စနစ်ပဲ ဖြစ်နေတာပါ။
အခု ကားသစ် ရဲ့ အရှေ့ဘက်ဘီးတွေကိုတော့ Four-Cylinder ဓာတ်ဆီ အင်ဂျင်ကနေ ကောင်းကောင်း ထောက်ပံ့ ပေးထား ပါတယ်။ ဒါ့အပြင် ကားရဲ့ ဂီယာပိုင်းကတော့ Six-Speed Automatic ဂီယာကိုပဲ သုံးထား ပြီး အနောက်ဘက် ဝင်ရိုးမှာတော့ လျှပ်စစ်မော်တာ တစ်လုံးနဲ့အတူ ထိန်းချုပ်စွမ်းဆောင် ပေးထားပါတယ်။ ကားရဲ့ လျှပ်စစ် စွမ်အင်ပိုင်းအတွက် အထောက်အပံ့ ဖြစ်စေမယ့် Tonale Q4 ကားရဲ့ ဘက်ထရီပိုင်းက တော့ 15.5 kWh ပမာဏအထိ ရှိထားမှာပါ။
နောက်ထပ် ဂတ်စ်စွမ်းအင်သုံး 1.3 Liter အင်ဂျင်နဲ့ လျှပ်စစ်မော်တာ အတွဲအစပ် ကတော့ 276 hp အထိ စွမ်းဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။ Tonale Q4 ကားအသစ်ကတော့ လျှပ်စစ် စွမ်းအင်နဲ့ပဲ သီးသန့်မောင်းမယ် ဆိုရင်တောင် တစ်ခါ အားသွင်းထားတာ နဲ့ WLTP စနစ် အရ မိုင် ၅၀ ကျော်လောက်အထိ မောင်းနိုင်မယ်လို့ သိရပါတယ်။ ပုံမှန် အားဖြင့် လျှပ်စစ်ရော အခြားအင်ဂျင် စွမ်းဆောင်ရည်ရော ပေါင်းစပ်မယ် ဆိုပါက စုစုပေါင်း မောင်းနှင်နိုင်စွမ်းက ၃၇၃ မိုင် အထိကို ရှိနေမှာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts