Alfa Romeo Giulia Quadrifoglio ကားဆိုတာ ကတော့တံခါး ၄ ပေါက်ပါတဲ့ ရှားရှားပါးပါး Sports Sedan စူပါကားတစ်စီးပါပဲ။ ကားကတော့ အတော်လေးကို ထိန်းရသိမ်းရကောင်းတဲ့ အပြင် 503 hp အထိ စွမ်းဆောင် နိုင်တဲ့ Twin-Turbo V 6 အင်ဂျင် ကြောင့်လည်း နာမည်ရပါတယ်။ ဒါပေမယ့် အခြားသော ကုမ္ပဏီ တွေ ၊ နာမည် ကြီးကားတွေရဲ့ လမ်းစဉ် အတိုင်းအခုကားသစ်ရဲ့ နောက်မျိုးဆက် ကလည်း လျှပ်စစ်ကားသစ် ပဲ ဖြစ်လာ တော့မှာပါ။ Autocar သတင်းနဲ့ အင်တာဗျုး တစ်ခုမှာ Alfa Romeo ရဲ့ CEO ဖြစ်သူ Jean-Philippe Imparato ကိုယ်တိုင်က အဆိုပါ လျှပ်စစ်ကားမျိုးဆက်သစ်ကို အတည်ပြု ပေးလိုက်တာဖြစ်ပြီး Base Model မှာ 345hp လောက် စွမ်းဆောင်နိုင်ပြီး ပိုကောင်းတဲ့ Model မှာ ဆိုရင်တော့ 790 hp အထိ ရှိလာနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြန်တွက်ကြည့်မယ် ဆိုရင်တော့ 1000 hp လောက် အထိကို စွမ်းဆောင် နိုင်မယ့် လျှပ်စစ်ကားတစ်စီးအဖြစ် မြင်နေရပါတယ်။ အဆိုပါ စွမ်းဆောင်ရည် အမြင့်ဆုံး ကားမှာ ဆိုရင်တော့ All-Wheel Drive စနစ်လည်း ပါလာနိုင်ပြီး Maserati ရဲ့ Granturismo Folgore နဲ့ တူလာ နိုင်ပါတယ်။ အဆိုပါ Folgore ကားမှာတော့ လျှပ်စစ်မော်တာ ၃ လုံး ပါဝင်ထားတာပါ။ Imparato အနေနဲ့ သူတို့ရဲ့ လျှပ်စစ်ကားသစ်ဟာ တစ်ခါအားသွင်းထားရင် ၄၃၅ မိုင် လောက်အထိ ရောက်အောင် မောင်းနိုင်မယ့် Range ပမာဏလည်း ရှိလာလိမ့်မယ်လို့ ခန့်မှန်းပေးထား ပါသေးတယ်။

Photo Credit: motor 1.com


CEO ကတော့ အခုလို လျှပ်စစ်ကားမျိုးဆက်သစ်အဖြစ် ပွဲထုတ်လာခြင်းကို သူတို့ အနေနဲ့ မဖြစ်မနေ ပြောင်းလဲ ရတော့မှာကြောင့် ဖြစ်တယ်လို့ ဆိုထားပြီး အခုလိုမှ မပြောင်းလဲရင်လည်း Alfa Romeo တကယ် ကျန်ရစ်ခဲ့ရလိမ့်မယ်လို့ ဆိုထားပြန်ပါတယ်။ ဒါပေမယ့် အခုလို ရုတ်တရက် ပြောင်းလဲရတဲ့ အခြေအနေမျိုး ကို သာမန်မလုပ်လိုက်ချင်ပဲ တကယ်ကို အရည်အသွေးပြည့်မှီတဲ့ လျှပ်စစ်ကား တစ်စီးအနေနဲ့ အစားထိုး ပြန်ပေး ချင်တာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရလည်း အတော်လေး ကြည့်ကောင်းတဲ့ အဆိုပါ Giulia ကား ကတော့ Fastback-Style Wagon တစ်စီး အဖြစ်ကို အသွင်ပြောင်းလာဖို့ မျှော်လင့်လို့ ရနိုင်ပါ သေးတယ်။

Photo Credit: motor 1.com

ဘယ်လို ပုံစံမျိုး နဲ့ပဲ ထွက်လာလာ အဆိုပါ Giulia ကားသစ်ကတော့ အခု ၂၀၂၅ လောက်မှာတင် မြင်လာ ရနိုင်ပြီး ၂၀၂၇ အရောက်မှာ လျှပ်စစ် သီးသန့် ဖြစ်ရမယ်ဆိုတဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကိုလည်း ဖြည့်ဆည်း ပေးရာ ရောက်မှာပါ။ အဆိုပါ ကား ထွက်လာမယ့် အချိန်နဲ့ ဆိုရင်တော့ Stellantis ရဲ့ 800-V Architecture အသစ်ကိုသုံးပေးလာနိုင်ပြီး STLA Platform အသစ်ပေါ်မှာလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ် အနေနဲ့ ကတော့ အဆိုပါ ကားသစ်ရဲ့ အားသွင်း စွမ်းရည်ကပါ သိသိသာသာ တိုးတက်လာနိုင်ပြီး ၁၀% ကနေ ၈၀% အထိ ပြည့်မှီအောင်လို့ ၁၈ မိနစ် အောက်လောက်နဲ့တင် အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ အဆိုပါ လျှပ်စစ် ကားမျိုးဆက် မမြင်ရခင် အထိတော့ တကယ်ကို စွမ်းဆောင်ရည်မြင့်ပြီး ကောင်းမွန်တဲ့ Quadrifoglio နဲ့ အတူ GTA နဲ့ GTAm ကားတွေလည်း ရှိထားပြီးသားပဲ ဖြစ်ပါတယ်

Ref: motor 1.com