Alfa Romeo ကတော့ Giulia Sedan ကားနဲ့ Stelvio Crossover SUV ကားတွေ ရဲ့ အဆင့်မြင့် Version အသစ် တွေကို ချပြလာခဲ့ပါတယ်။ အဆိုပါ ကား တွေကတော့ ကမ္ဘာ့ဈေးကွက် မျိုးစုံအတွက် ဖြစ်ပေမယ့် အပြောင်းအလဲများစွာနဲ့ ကားအသစ်တွေကို တော့ အမေရိက ‌ဈေးကွက်ထဲကို ၂၀၂၄ လောက်မှ ရောက်ဖို့ ရှိပါတယ်။ အပြောင်းအလဲတွေက သိပ်မများဘူးဆို ပေမယ့်လည်း ကား ၂ မျိုးလုံးကို တော်တော်လေး ပုံစံပြောင်းလဲကာ ခန့်ညားသွားစေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီကားတွေ ဈေးကွက်ထဲ ရောက်နေတဲ့ သက်တမ်းကတော့ ၆ နှစ် အထိ ရှိလာတာကို သတိပြုရမှာပါ။

Photo Credit: MotorAuthority

အကြီးမားဆုံး အပြောင်းအလဲကတော့ အရှေ့ဘက် မျက်နှာစာတွေ ဖြစ်ပြီး Matrix LED တွေနဲ့ ရှေ့မီးတွေ ၊ ပြန်လည် ဆန်းသစ်ထားတဲ့ Fascia တွေကိုမှ Intake Design အသစ်တွေနဲ့ပါ ပေါင်းစပ်ထားတာ တွေ့ရ ပါတယ်။ အခု Headlights အသစ်တွေ ထဲမှာဆိုရင်တော့ Daytime Running Lights တွေနဲ့ အတူ မီးလုံး ၃ စုံအထိ ပါဝင်လာပြီ ဖြစ်ပြီး အဆိုပါ ဒီဇိုင်း အတွဲအဖက်ကိုတော့ 2023 Alfa Romeo Tonale Compact Crossover ကားသစ်မှာ စမြင် လာခဲ့ ရဖူးပါတယ်။ အနောက်ဘက်မှာတော့ Lens Taillight တွေကိုမှ အနက်ရောင် ခပ်ပြောင်ပြောင် အရောင် လေးတွေနဲ့ သိသိသာသာ မြင်ရတဲ့ ပုံစံမျိုးလေး သုံးပေးထားတာ တွေ့ရ မှာပါ။ နောက်ထပ် အဓိက အပြောင်းအလဲကောင်း တစ်ရပ်ကတော့ ၁၂.၃ လက်မအရွယ် Digital Instrument Cluster ကို ထည့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Infotainment Screen ကတော့ အပြောင်း အလဲ မရှိလာခဲ့ပဲ Alfa Connect Services စနစ်တွေကိုတော့ တစ်ချို့ ဈေးကွက်တွေထဲ သုံးပေးလာ နေတာလည်း တွေ့ရပါတယ်။ အဆိုပါ စနစ်သစ်မှာ ဆိုရင်တော့ OTA Update တွေရလာတာ၊ စမတ်ဖုန်း ဒါမှ မဟုတ် အခြားသော Device တစ်ခုခုနဲ့ အလွယ်တကူ ထိန်းချုပ်နိုင်တာ စတာတွေ လည်း ပါဝင်လာမှာပါ။

Photo Credit: MotorAuthority

ကားရဲ့ Trim Level တွေ အနေနဲ့ကတော့ Sprint ၊ Veloce နဲ့ Competizione ဆိုတဲ့ ၃ မျိုးအထိ ရွေးချယ်စရာ ပေးထား ပြီး Competizione အမျိုးအစားက အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ အဆိုပါ Trim မှာ ဆိုရင်တော့ အပြင်ဘက် အတွက် Moon Light Gray Matte အရောင်ကို သီးသန့်ထည့်ပေးထားပြီး ၂၁ လက်မ အရွယ်အလွိုင်း၊ အနီရောင်ဘရိတ် Calipers တွေ၊ Harman Kardon အသံ စနစ် ၊ Accent Stitch အလန်းစား တွေအပြင် လယ်သာအုပ် ထားတဲ့ Dashboard တွေ စသဖြင့် သီးသန့်တွေပဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းကတော့ ယခင်အတိုင်း အပြောင်းအလဲ မရှိသေးပဲ 280 hp စွမ်းဆောင်ရည်ရှိ 2.0 Liter Turbo-4 Engine ဒါမှမဟုတ် 505 hp ရှိ Twin-Turbo 2.9 Liter V6 Engine တွေ ရလာ မှာ ပါ။ ကားအား လုံးမှာ ပါလာမယ့် ဂီယာကတော့ အတူတူပဲ ဖြစ်ပြီး 8-Speed Automatic ဂီယာ ကို သုံးထားတာပါ။ အခု ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၃ အစောပိုင်းလောက်မှာ ဈေးကွက် ထဲ စတင် ပို့ဆောင်လာနိုင်ပြီး အမေရိက ကားဈေးကွက်ထဲကိုတော့ ‌အဆိုပါနှစ် နှစ်ဝက်လောက်မှသာ ရောက်လာဖို့ ရှိပါတယ်။

Ref: MotorAuthority