အခုလ စက်တင်ဘာ ၆ ရက်နေ့မှာတော့ Huawei နောက်ခံ လျှပ်စစ်ကား ကုမ္ပဏီဖြစ်တဲ့ AITO ကသူ့ရဲ့ ပထမဆုံး လျှပ်စစ်သီးသန့် ကားဖြစ်တဲ့ AITO M5 EV ကို ထုတ်ဖော်ပြသလာခဲ့ပြီး အဆိုပါကားကို Huawei နဲ့ Seres တို့ပူးပေါင်းဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ AITO ကတော့ M5 နဲ့ M7 ဆိုတဲ့ EREV Model နှစ်မျိုးကိုလည်း ထုတ်လုပ်ခဲ့ဖူးပြီး M5 EV ကတော့ M5 ကားကို အခြေခံဖန်တီးထားတဲ့ ပထမဆုံး လျှပ်စစ်သီးသန့် ကားမော်ဒယ် ဖြစ်လာကာ Tesla Model Y ကို ယှဉ်ပြိုင်လာမယ့် Midsize ဇိမ်ခံ SUV ကားတစ်စီးပဲ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

M5 EV ကားကိုတော့ 552 km အထိ မောင်းနှင်နိုင်မယ့် Dual-Motor Four-Wheel Drive နဲ့ 620 km အထိ မောင်းနှင်နိုင်မယ့် Single-Motor Rear-Wheel Drive ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးနဲ့ ထွက်ရှိလာမှာပါ။ ကားထုတ်လုပ်သူရဲ့ အဆိုအရတော့ Standard Model ကားက ဒေါ်လာ ၄၁,၅၀၀ ကနေစတင်ကျသင့်မှာဖြစ်ပြီး Performance Version ဆိုရင်တော့ ဒေါ်လာ ၄၆,၀၀၀ ကျသင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Single-Motor နဲ့ Model မှာတော့ 200 kW ရှိလျှပ်စစ်မော်တာကို အနောက်ဖက်မှာ တပ်ဆင်ထားပြီး 0-100 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၇.၁ စက္ကန့်သာ ကြာမြင့်မှာပါ။ အခြားသော 165 kW ရှိ Dual-Motor Model ကတော့ 0-100 kmh အထိ အရှိန်တင်မောင်းနှင်ဖို့ အချိန် ၄.၅ စက္ကန့်သာ ကြာမြင့်မှာ ဖြစ်ပြီး Version ၂ မျိုးစလုံးမှာဆိုရင် 80 kWh CATL Lithium Iron Phosphate ဘက်ထရီတွေကို တပ်ဆင် ပေးထားမှာပါ။

Photo Credit: CarNewsChina

အဆိုပါကားကိုတော့ အပြင်ပိုင်းအရောင် ရွေးချယ်စရာ ၆ မျိုးနဲ့ အတွင်းပိုင်း အရောင်ရွေးချယ်စရာ ၄ မျိုး အထိရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ကာ Huawei ရဲ့ DriveONE Electric Drive Intelligent Platform ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Huawei ကိုယ်တိုင်ဖန်တီးထားတဲ့ DATS Dynamic Adaptive Torque System နဲ့ ကားတွေရဲ့ Infotainment System နဲ့ ဖုန်းတစ်လုံးအကြား အဆင်ပြေပြေ ချိတ်ဆက် အသုံးပြုနိုင်မယ့် Huawei ရဲ့ HarmonyOS 3 Smart Cockpit ကိုလည်း တပ်ဆင်ပေးထားအုံးမှာဖြစ်ပါတယ်။ M5 EV ကားအတွက်အမှာစာတွေကို စတင်လက်ခံပြီး နာရီပိုင်းအတွင်းမှာပဲ အမှာစာပေါင်း ၃ သောင်း ကျော် လက်ခံရရှိခဲ့တယ်လို့ AITO ကဆိုထားပြီး ဝယ်ယူလိုသူတွေအနေနဲ့ Refundavle ဒေါ်လာ ၁၄၀ ကို စရံငွေအဖြစ်ပေးသွင်းပြီး အမှာစာတင်သွင်းရမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina