Art Car လို့ခေါ်ကြတဲ့ အနုပညာလက်ရာပေါင်းစုံကို ဖန်တီးထားကြတဲ့ သီးသန့်ကားတွေကတော့ အနုပညာ ကို ချပြရုံ သပ်သပ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ကားထုတ်လုပ်တဲ့ ပိုင်ရှင်အတွက်ပဲ ဖြစ်ဖြစ် ကုမ္ပဏီအတွက် ပဲ ဖြစ်ဖြစ် အလှပြရုံသာ ဖန်တီးထားကြတဲ့ ကားတွေ ဖြစ်တာ ကြောင့် ကားရဲ့ စွမ်းဆောင်ရည် ထက်စာရင် လမ်းပေါ်မှာ လှလှပပနဲ့ဖြေးဖြေးလေးမောင်းနေတာကို ငေးကြည့်ရမယ့်ကားမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ဒါက ဒီလို ကားတွေရဲ့  သာမန် အခြေအနေကို ပြောတာဖြစ်ပြီး ဒီလိုမဟုတ်တဲ့ အနုပညာလက်ရာနဲ့ ဖန်တီးထားတဲ့ကားတွေ ကိုလည်း မြင်ရဦးမှာပါ။ အဆိုပါ ကားတွေကထဲ အခု ပြောပြပေးမယ့် Jaguar XJR-6 Supercharged Sedan လို ကားတွေလည်း ပါဝင်ပါတယ်။ ပိုကောင်းတာ တစ်ခုကတော့ အခု ကား ကို သာမန် အလှပြရုံတင် မဟုတ်ပဲ လိုချင်တယ် ဆိုရင် ဈေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီး မြန်မြန်ဆန်ဆန်နဲ့ ခပ်ကြမ်းကြမ်းပါ မောင်းနိုင်ပါပြီ။

Photo Credit: motor 1.com

အဆိုပါ အနုပညာ လက်ရာ အစုံနဲ့ ကားကိုတော့ Facebook လူမှုကွန်ရက်ပေါ်က Obscure Cars ဆိုတဲ့ ကား အရောင်း Group တစ်ခုမှာ တင်ထားတာဖြစ်ပြီး ၁၉၉၆ မော်ဒယ် အနေနဲ့ ဆိုရင်တော့ အတော်လေး ကို ထူးခြားပြီး ကြည့်ကောင်းတဲ့ ကားတစ်စီး ဖြစ်လို့ နေပါတယ်။ အချက်အလက်တွေ အရတော့ အဆိုပါ ကားဟာ ကီလို ၂၄၃,၀၁၁ အထိပဲ မောင်းရသေးတယ်လို့ သိရပြီး ဈေးသတ်မှတ်ထားတာမျိုး မရှိပေမယ့် ဝယ်ယူလိုသူရဲ့ ပေးနိုင်တဲ့ အနေအထား မျိုးပေါ် မူတည်ပြီး ဆုံးဖြတ်မယ့် သဘော ဖြစ်ပါတယ်။ ရောင်းတဲ့ သူကတော့ ဒီကားလေးကိုတော့ အများအမြင်မှာ လုံးဝ ထူးခြားဆန်းသစ် နေစေမယ့် အနုပညာလက်ရာ ကားလေးတစ်စီးအဖြစ် ဖော်ပြထားပါတယ်။ အဆိုပါ XJR-6 ကားကတော့ Jaguar XJ ရဲ့ X 300 မျိုးဆက် စွမ်းဆောင်ရည်မြင့် မျိုးကွဲ တစ်စီးဖြစ်ပြီး ကုမ္ပဏီ အနေနဲ့ Ford ရဲ့ လက်အောက်မှာ ရှိစဉ်တုန်းက ဖန်တီး ထားတဲ့ ကား တစ်စီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံကထုတ်လိုက်တဲ့ Jaguar ကားတွေထဲမှာ ပထမဆုံး သော Supercharged ဖြစ်လာတဲ့ ကားပါပဲ။

Photo Credit: motor 1.com

နောက်ပိုင်း XJR မျိုးဆက်ကားတွေလိုမျိုး V8 Engine နဲ့ မဟုတ်သေးပေမယ့် Six-Cylinder AJ16 Engine တွေကိုသုံးပေးထားတာ ဖြစ်ကာ စွမ်းဆောင်ရည်ပိုင်းကလည်း 321 hp နဲ့ 378 lb-ft Torque အထိ ရှိလို့ အတော်လေးကို ထူးခြား ကောင်းမွန်လို့ နေတာ သေချာပါတယ်။ အဆိုပါ ကား ရဲ့ အနုပညာ လက်ရာပုံ လေးတွေ ကိုအသေးစိတ် ခံစား ချင်သေးတယ် ဆိုရင်တော့ အစပိုင်းမှာဖော်ပြခဲ့တဲ့ Facebook Group ထဲ Member ဝင်ပြီးသေချာ ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com