၂၀၁၃ မော်ဒယ်နှစ်အတွက် ၂၀၁၂ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့တဲ့ Acura ILX ကားအဖို့တော့ အခုသတင်းက မယုံကြည်နိုင် လောက်စရာ ဖြစ်နေပါတယ်။ အဆိုပါ ကားကတော့ Honda Civic ရဲ့ ၉ခု မြောက်မျိုးဆက် အပေါ်မှာ အခြေခံပြီး စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ကာ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ် တို့မှာတော့ Facelift Model အသစ်တွေနဲ့ အဆင့်မြှင့်တင် ပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် အခု ကားကတော့ Acura ရဲ့ ပထမ ဆုံးသော Hybrid ကားတစ်စီးလည်း ဖြစ်ခဲ့တာပါ။ အခုဆိုရင်တော့ အဆိုပါ ဂျပန်ကား ကောင်းလေးတစ်စီးကို အခု ၂၀၂၂ မော်ဒယ် အပြီး မှာတင်ပဲ ဆက်လက် ထုတ်လုပ်တာကို ရပ်တန့်လိုက်တော့မှာဖြစ်ပြီး အဆိုပါ ကားနေရာမှာတော့ All-New Reborn Acura Integra နဲ့ပဲ အစားထိုး လာတော့မှာပါ။ ၁၉၈၆ ခုနှစ် ကတည်းက စတင်ခဲ့တဲ့ Integra ကားတွေနဲ့အတူ Integra ကားအသစ်ကို Lineup ထဲ ထည့်သွင်း နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး Acura ကားတွေကိုမှ ဝယ်ယူချင်ကြသူတွေ အတွက်ကတော့ နောက်အစားထိုး ဝင်လာမယ့် ကားအသစ်က ခေတ်သစ်တစ်ခုရဲ့အစ ဖြစ်လာတော့မှာ ပါလို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် 2022 Model အတွက် ILX ကားတွေက နောက်ဆုံးဖြစ်လာတော့မှာဖြစ်ပြီး နောက်ထပ် Integra မျိုးဆက်သစ်တွေနဲ့ အစားထိုး လာမယ် ဆိုတာကိုလည်း တစ်ပါတည်း အတည်ပြုပေးခဲ့တာပါ။ ဒါပေမယ့်လည်း အခု သတင်းတွေကတော့ အရမ်းကြီး အံ့အားသင့်စရာ ကောင်းနေခဲ့တာ မဟုတ်ပဲ ယခင်ကတည်းက ILX Models တွေနဲ့ Integra ပရိသတ်တွေ အတွက် ဒီသတင်းတွေက တောက်လျှောက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ILX ဆိုတာကလည်း အရမ်းကြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ကားတစ်မျိုး မဟုတ်နေခဲ့ပဲ အားသာချက် ကတော့ Premium ဆန်တဲ့ ကားကောင်း တစ်စီးကို ဈေသက်သက်သာသာနဲ့ ရနိုင် နေခဲ့လို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ တုန်းက အဆိုပါ ကားရဲ့ ပုံပြောင်းမော်ဒယ် အသစ်မှာ ဆိုရင် အတွင်းခန်းတွေရော အပြင်ပိုင်းတွေမှာပါ အများကြီး အဆင့်မြှင့်တင် ပေးခဲ့ပေမယ့် ဈေးနှုန်းကတော့ $ 2,200 ဈေးလောက်ပဲ တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ ကားရဲ့ ရောင်းအားရလဒ် ကတော့ ၃၀ ရာခိုင်နှုန်း လောက်ကို မြင့်တက် ခဲ့တော့တာပါပဲ။

Photo Credit: CARBUZZ

ဒါ့အပြင် အပြင်အဆင်တွေနဲ့ ရွေးချယ်စရာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပြီး ဆွဲဆောင်မှု ရှိတာကြောင့် ဝယ်ယူသူတွေ ကလည်း ပိုမြင့် ပိုကောင်းတဲ့ Trim Level တွေကိုပါ အားပေးခဲ့ကြပါတယ်။ အထူးသဖြင့် ရောင်းအား ကောင်းခဲ့ကြတဲ့ အထဲမှာဆိုရင် A-Spec Appearance Package လည်း ပါဝင် ခဲ့တာပါ။ Trim တွေ ဘယ်လိုပဲကွဲကွဲ အဆိုပါ ILX ကားတေ အကုန်လုံးမှာတော့ အင်ဂျင်အနေနဲ့ 2.4 Liter Four-Cylinder ကိုပဲ သုံးပေးထားပြီး 201hp နဲ့ 180 Lb-Ft Torque အထိကို ရှိနေခဲ့ကာ Front-Wheel Drive စနစ် ၊ Eight-Speed Dual-Clutch Transmission ဂီယာ တို့နဲ့ ပွဲထွက်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ကားနေရာကို ဝင်လာမယ့် Integra အသစ်မှာ ဆိုရင် 1.5 Liter Four-Cylinder Engine ပါဝင်လာပြီး Civic Si မှာ သုံးထားတာနဲ့ အတူတူပဲ ဖြစ်လို့ 200 hp နဲ့ 192 lb-ft Torque လောက်အထိ စွမ်းဆောင်လာနိုင်ပါတယ်။ Acura ဘက်ကတော့ အဆိုပါ အစားထိုးမယ့် ကားအသစ် ရဲ့ အခြားသော စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို အတည်မပြုပေး သေးပေမယ့်လည်း Six-Speed Manual Gearbox တော့ ပါဝင် လာဖို့ ရှိပါတယ်။ အဆိုပါ ကားသစ်အတွက် ကိုတော့ လာမယ့်မတ်လ ၁၀ ရက်နေ့မှာ အမှာစာတွေ စတင်လက်ခံတော့မှာ ဖြစ်ပြီး ILX ကိုပဲ လိုချင်ပါတယ် ဆိုသူတွေကတော့ အခုမှ မဝယ်ရင် နောင်လုံးဝ မရတော့မယ့် အဖြစ်ကြောင့် လက်သွက်ဖို့ လိုနေပြီ ဖြစ်ပါတယ်။

Ref: carbuzz.com