Acura ကုမ္ပဏီ ကတော့ သူတိုရဲ့ Integra ကားသစ် အတွက် အမေရိကလို ဈေးကွက်မှာ အထိ ဝယ်လိုအား အတော် လေး မြင့်မားနေလို့ အခြေအနေ ကောင်းနေပေမယ့် တစ်ဖက်က တရုတ် ဈေးကွက် ထဲမှာတော့ ထင်သလို မဖြစ်ခဲ့ ဟန်တူပါတယ်။ တရုတ် ကားဈေးကွက် ထဲမှာ ဆိုရင်တော့ Acura အနေနဲ့ ပြည်တွင်း ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ GAC နဲ့ ပူးပေါင်းထားတာ ဖြစ်ပေမယ့်လည်း ကုမ္ပဏီရဲ့ တရုတ်ဈေးကွက် အတွင်း ထုတ်လုပ် ရောင်းချမှုတွေကိုတော့ အခု လာမယ့် ၂၀၂၃ က စလို သိသိသာသာ လျှော့ချ သွားတော့မယ်လို့ ဆိုလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တရားဝင် သတင်း အချက်အလက် တစ်ရပ်အနေနဲ့ ကုမ္ပဏီဘက်က မထုတ်ပြန် သေးပေမယ့်လည်း နိုင်ငံတွင်းက အားပေး ဝယ်ယူ ထားသူတွေဆီကို အကြောင်းကြားစာထဲမှာ အခု အကြောင်းအရာ ပါဝင်လာခဲ့တာပါ။ CarNewsChina ကား သတင်း ဌာနကလည်း GAC Acura အနေ နဲ့ လာမယ့်နှစ်ကစလို့ လက်ရှိ ရှိနေပြီးသား ကားမော်ဒယ်တွေနဲ့ ထုတ်လုပ် ရေးပိုင်းတွေက အစ ရပ်တန့် သွားတော့မှာ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာကတော့ တရုတ် ဈေးကွက်ထဲ ကိုပဲ နောက်ထွက်လာမယ့် သူတို့ရဲ့ ကားအသစ်တွေ ဆက်လက် မိတ်ဆက်ပေးလာဖို့ ရှိနေသေး ပြီး အထူးသ ဖြင့် လျှပ်စစ် ကားမော်ဒယ် အသစ်တွေ အနေနဲ့ ပိုဖြစ်လာနိုင်ပါတယ်။ ဒါဟာ ဘယ်အချိန်လောက်မှာ ဖြစ်မ လဲ ဆိုတာကိုတော့ အခုချိန်မှာ ခန့်မှန်းလို့မရနိုင် သေးတာပါ။

Photo Credit: motor 1.com

Acura ကတော့ တရုတ် ဈေးကွက်ထဲမှာ ၂၀၁၆ တုန်းက စတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ ကတော့ ကားအစီးရေ ပေါင်း ၁၄,၇၀၁ စီးနဲ့ အတူ ရောင်းအား အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မနှစ်တုန်းက တော့ ကုမ္ပဏီရဲ့ အဆင့်မြင့်ဆုံး ကားမော်ဒယ် ၂ မျိုးအနေနဲ့တောင် ရောင်းအားက အစီးရေ ၆,၅၅၄ စီးပဲ ရှိခဲ့ပြီး လက်ရှိ တရုတ် ‌ဈေးကွက်ထဲ ရနိုင်သေးတဲ့ Acura Model တွေဆိုလို့လည်း CDX နဲ့ RDX SUV ကားတွေပဲရှိပါတော့တယ်။ ဒါပေမယ့်လည်း အဆိုပါ ကား ၂ စီးလုံးကတော့ သူတိုရဲ့ပြိုင်ဘက် ဂျာမနီကုမ္ပဏီ တွေဆီက တန်းတူ ကားတွေရဲ့ ကျော်တက် ခြင်းကို ခံနေရတာ ဖြစ်ပြန်ပါတယ်။ တစ်ဖက် မှာလည်း Honda က NSX ကားအသစ်ကို Acura ဆိုတဲ့ တံဆိပ် နဲ့ မိတ်ဆက် ပေးထားပါတယ်၊ သိုပေမယ့်လည်း ရောင်းအား ကတော့ ဒီအတိုင်းပဲ ရှိမြဲဖြစ်နေတာပါ။ ဒါ့အပြင် တရုတ် ဈေးကွက်ထဲ သီးသန့်  ရောင်းချတဲ့ TLX-L Sedan ကား ဆိုရင်လည်းအောင်မြင်မှု မယ်မယ်ရရ မရှိခဲ့ ပဲ ထုတ်လုပ် ပြီး နှစ်အနည်းငယ် အကြာမှာတင် ရပ်တန့် လိုက်ရတာ ဖြစ်ပါတယ်။ Acura တရုတ် ဈေးကွက်ရဲ့ အနာဂါတ် အခြေအနေ ကတော့ လျှပ်စစ် စွမ်းအင်သုံး ကားတွေအဖြစ် တစ်ကျော့ပြန်ရောက်လာမှသာလျှင် အခြေအနေ ကောင်းနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: motor 1.com

လက်ရှိ မှာတော့ GAC Acura ကုမ္ပဏီဘက်က အလုပ်သမားတွေ အားလုံးကို GAC Honda ကုမ္ပဏီ ဘက် ကို ပေါင်းစည်း လုပ်ကိုင်စေတော့မှာ ဖြစ်ပြီး တစ်ခုတည်းကိုပဲ အာရုံစိုက်တော့မယ့် သဘောရှိနေပါတယ်။ ဒါပေမယ့် လည်း လက်ရှိ နိုင်ငံရဲ့ ဈေးကွက်ထဲမှာ ရောင်းချပြီးသားဖြစ်ခဲ့တဲ့ Acura ကားတွေရဲ့ ပြုပြင် ထိန်း သိမ်းခြင်းတွေကို တော့ ကုမ္ပဏီဘက်က အမြဲ ပြုလုပ်ပေးနေမှာပါ။ Honda ဘက်ကို ကြည့်မယ် ဆိုရင်တော့ လက်ရှိ တရုတ်ဈေးကွက်အတွက် ပထမဆုံးသောလျှပ်စစ်ကားအဖြစ် e:NS 1 ကားရှိနေပြီး ဝယ်လိုအား တော့ အရမ်းကြီး မကောင်းသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အချိန်အထိလည်း Honda-e ကားကပါ တရုတ် ဈေးကွက်ထဲ မရသေးတာကြောင့် အနာဂါတ် Honda ရဲ့ တရုတ်ဈေးကွက် အခြေအနေက ဘယ်လို ရှိမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။

Ref: motor 1.com