လက်ရှိကမ္ဘာ့ကားဈေးကွက်ထဲမှာလည်း ကားထုတ်လုပ်မှုတွေက အကြောင်းအမျိုးမျိုးနဲ့ကို ကျဆင်းနေခဲ့ တာကြောင့် တစ်ပတ်ရစ်ကားတွေရဲ့ ဈေးကွက်နှုန်းတွေကလည်း မကြုံစဖူး ကိုထိုးတက် နေတော့တာပါ။ တကယ်လည်း တစ်ချို့ တစ်ပတ်ရစ် ကားတွေဆိုရင် အသစ်စက်စက် ထက်တောင် သန့်ပြန့် ကောင်းမွန်နေ သေးတာကြောင့် ရွေးချယ် လာကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကားတိုင်းကို အခုလို မကောင်းလာနိုင် ပဲ တစ်ချို့သော အဓိက ကားမော်ဒယ် တွေကိုပဲ ပိုစိတ်ချရမှာပါ။ အခုလိုမျိုး ကားမော်ဒယ်အဟောင်းတွေ ဘက် ပိုလှည့်လာနေတဲ့ ဝယ်ယူသူတွေ အနေအထားကို ကြည့်ပြီး Acura နဲ့ Honda တို့ကပါ လှလှပပ အကွက်တစ်ကွက် ရွှေ့ထားလိုက်ပါတယ်။ အဆိုပါ ဗျူဟာ ကတော့ သူတို့ဆီက သတ်မှတ်ထားတဲ့ တရားဝင် တစ်ပတ်ရစ် ကားတွေရဲ့ သက်တမ်းကို ၁၀ နှစ်အထိ တိုး ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Acura ကတော့သူတို့ရဲ့ Acura Precision စနစ်အရ တစ်ပတ်ရစ်ကားကိုဝယ်မယ်ဆိုရင် အာမခံ သက်တမ်း ၆ လ ဒါမှ မဟုတ် ၇,၅၀၀ မိုင် အထိ ပေးထားမယ်လို့ ဆိုထားလိုက်ပါတယ်။ ဒ့ါအပြင် နောက်ထပ် ၇ ရက် ၊ မိုင် ၃၀၀ လောက် အထိကိုလည်း ထပ်ရနိုင်မှာဖြစ်ပြီး ဆီဖြည့်ဖို့ အခွင့်အရေး၊ လမ်းပိုင်းအကူအညီ စတာတွေ ကိုလည်း ၁၂ လ ဒါမှမဟုတ် မိုင်ပေါင်း ၁၂,၀၀၀ လောက် အထိ ‌ပေးထားဦးမှာ ဖြစ်ပါတယ်။ Honda ဘက် ကတော့ HondaTrue Used စနစ် အတိုင်း သတ်မှတ် ပေးထားပြီး အာမခံ သက်တမ်းကိုလည်း ရက် ၁၀၀ ဒါမှမဟုတ် မိုင် ၅,၀၀၀ လောက် အထိ ပေးထားမှာပါ။ ဒါ့အပြင် Exchange Policy ပိုင်းကိုလည်း နောက် ထပ် ၃ ရက် ဒါမှမဟုတ် မိုင် ၃၀၀ အထိ ပေးထားသေးတာ တွေ့ရပါသေးတယ်။

Photo Credit: MotorAuthority

အဆိုပါ ကုမ္ပဏီ ၂ ခု လုံးရဲ့ တစ်ပတ်ရစ် ကားရောင်းချရေး အစီအစဉ်တွေမှာဆိုရင်တော့ကျွမ်းကျင် ပညာရှင် တွေ ကိုက  အသေးစိတ် စစ်ဆေးပေးထားပြီး အသိအမှတ် ပြုထားတဲ့ 112 Point Inspection လို့ ခေါ်တဲ့ စနစ်ကို အသုံး ပြုကာ ကားကို စစ်ဆေးနိုင်ဦးမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်ရဲ့ အသေးစိတ် အချက်အလက် တွေနဲ့ လိုအပ်ချက်တွေကို တော့ အရောင်းအဝယ် ကိုယ်စားလှယ်တွေဆီမှာ တစ်ခါတည်း Download ရယူ နိုင်မှာဖြစ်ပြီး ကားတွေ ကို  နောက်ထပ် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်လို့ရမယ့် ‌လိပ်စာတွေလည်း ထည့်သွင်း ပေးထားမှာပါ။ Acura ရဲ့ ပြောကြားချက် အရတော့ ကုမ္ပဏီ ရဲ့ တရားဝင် အသိအမှတ် ပြုထားတဲ့ တစ်ပတ် ရစ် ကားဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ရောင်းအားမှာတင် သိသိသာသာ ထိုးတက်လာခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ် နဲ့ ယှဉ်ရင် ၂ ‌ဆလောက်ကို ဖြစ်လာတယ်လို့လည်း သိရပါတယ်။ Honda ရဲ့ အခုတစ်ပတ်ရစ်ကားဈေးကွက် အစီအစဉ်ကလည်း နိုင်ငံတွင်း ဈေးကွက်မှာ ဆိုရင် ဒုတိယ မြောက် လူကြိုက်အများဆုံး အစီအစဉ်အဖြစ် ရှိနေတယ်လို့လည်း သိထား ရပါတယ်။

Ref: MotorAuthority