ကား ကုမ္ပဏီတွေ အတော်များများ စုပေါင်းထားတဲ့ Stellantis ကုမ္ပဏီကတော့ သူ့ရဲ့ Brand အတော်များ များကို လျှပ်စစ်ကားသီးသန့် Lineup ဖြစ်အောင်တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားနေပါတယ်။ ဒါပေမယ့် အဆို ပါ Brand တွေထဲကမှ Abarth Brand ကတော့ Fiat ကားတွေရဲ့ Tuner အဖြစ် ရှိနေခဲ့တာဖြစ်ပြီး လတ်တ လောမှာ Tuning လုပ်ထားတဲ့  လျှပ်စစ်ကားတွေ မရှိသေးပေမယ့် မကြာခင်မှာပဲ ကူးပြောင်းတော့မယ့် ပုံရှိပါတယ်။ Autocar ရဲ့ တနင်္လာ နေ့ကဖော်ပြတဲ့ သတင်းအရတော့ Abarth ရဲ့ လျှပ်စစ်ကား Tuning ပိုင်းကို မြင်ရဖို့ သိပ်မစောင့် ရနိုင်တော့ပဲ မကြာခင် မှာပဲ Electric Fiat 500 ကားအသစ်ကို ‌သေချာပြန်ပြီး ပြင်ဆင်ကာ Tuning လုပ်လာတော့မယ်လို့ သိလိုက်ရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Fiat 500 လျှပ်စစ် ကားကတော့ ၂၀၂၁ ခုနှစ် မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးသာမန် Fiat 500 ကိုပဲ Redesigned Version အနေနဲ့ ထုတ်လုပ်ကာ လျှပ်စစ်ကားအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒါပေမယ့် အမေရိကဈေးကွက် လောက် ထဲ အထိ မတင်သွင်းခဲ့တဲ့ အဆိုပါ ကားကတော့ 117 hp စွမ်းဆောင်ရည်ရှိတဲ့ လျှပ်စစ်မော်တာနဲ့အတူ 42 kWh ဘက်ထရီကိုပါ သုံးထားတာကြောင့် မောင်းလို့ ကောင်းတဲ့ ကားတစ်စီး ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့် အခု Abarth တို့ကသေချာပြင်ဆင် Tuning လုပ်လာ ဦးမယ်ဆိုရင် တော့ Chassis ပိုင်းနဲ့ Aerodynamic အပိုင်းတွေ ပိုကောင်းလာနိုင်ပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းနိုင် လာဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒီကားတင်မကသေးပဲ Abarth က ပြင်ဆင်ပေးထားတဲ့ နောက်ထပ် ခေတ်ပေါ်ကားသစ် ၃ စီးလည်း ရှိနေပါ သေးတယ်။ Fiat နဲ့ Abarth တို့ ရဲ့အကြီးအကဲ ဖြစ်သူ Olivier Francois ကတော့ အခု သေချာပြန်လည် ပြင်ဆင်ပေးမယ့် လျှပ်စစ်ကားအပြင် သူတို့ ပြင်ဆင်ထားပြီးသား နောက်ထပ် ၃ စီး ကို တစ်ပြိုင်နက်တည်း ရောင်းချနိုင်ဖို့ မျှော်လင့် ထားတယ်လို့လည်း ဆိုပါတယ်။ Abarth တို့ ပြင်ဆင်ဖို့ ရှိနေသေးတဲ့ နောက်ကား တစ်စီး ကတော့ ၂၀၂၀ ထုတ် Fiat Abarth 1000 SP Concept ရဲ့ စက်ရုံထုတ် အဆင့်ကားပဲ ဖြစ်ပါတယ်။ အဆိုပါ ကားက လက်ရှိမှာ Concept အဖြစ်ပဲ ရှိနေသေးပြီး ယခင်က ဆက်လက်မထုတ်လုပ် ဖြစ်တော့တဲ့ Alfa Romeo 4C Spider ပေါ် အခြေခံ ထားမယ့် ကားဖြစ်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်း တစ်ချို့ ထွက်နေပါသေးတယ်။ နောက်တစ်မျိုး အနေနဲ့ ဖြစ်နိုင်ချေရှိတာကတော့ ၁၉၆၀ ခုနှစ်များဆီက မူလ Fiat Abarth 1000 SP Race Car ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖန်တီးထားမယ့် ကားလို့လည်း ဖော်ပြနေ ကြပြီး တကယ်သာဆိုရင်တော့ အကန့်အသတ်နဲ့ပဲ ထုတ်လုပ်လာဦးမယ့် ကားဆိုတာ သေချာနေပါတယ်။

Ref: MotorAuthority