ကားတွေထဲမှာ ဆိုရင် Hot Hatch ဆိုတဲ့ ကားအမျိုးအစားလေးရတဲ့ စွမ်းဆောင်ရည် ၊ ထိန်းချုပ်ရလွယ်တာနဲ့ အတော်လေးသေးတဲ့ ကိုယ်ထည်တို့ကြောင့် မောင်းလို့ကောင်းတဲ့ ကားလေးတွေ အဖြစ်နာမည် ရထား ပါတယ်။ ဒါပေမယ့် အဲ့လိုကားလေးတွေတင်မက ဘယ်လိုကားမျိုးပဲမောင်းမောင်း စိတ်လှုပ်ရှားစရာ ပျော်စရာဖြစ်အောင် ပိုလုပ်ဖို့ နည်းလမ်းရှိမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကို အကောင်အထည် ဖော်ပေးတော့မှာ ကတော့ Abarth ကုမ္ပဏီဖြစ်ပြီး ယာဉ်အတွင်း ပါလာမယ့် ယာဉ်မောင်းနဲ့ ခရီးသည်ရဲ့ မျက်နှာအနေအထားကို Scan ဖတ်ကာ နှလုံးခုန်နှုန်းတွေက အစထောက်လှမ်းပြီး တစ်ဦးချင်းရဲ့ စိတ်အခြေ အနေကို ခန့်မှန်းနိုင်တော့မယ့် နည်းပညာတစ်ခု ချပြလိုက်ပါပြီ။

Photo Credit: motor 1.com

အခု နည်းပညာကို စမ်းသပ်ကြည့်ရာမှာတော့ များသောအားဖြင့် ခရီးသည်တွေနဲ့ ယာဉ်မောင်းတို့က ပျော်ရွှင် နေတာ ကိုတွေ့ရပြီး တကယ့်ကျွမ်းကျင် ပြိုင်ကားသမား တစ်ယောက် မောင်းတဲ့အခါမှာတော့ ခရီးသည် တွေအဖို့ စိတ်လှုပ်ရှား ကြောက်ရွံ့နေတဲ့ ခံစားချက်က အတိုင်းသား ထောက်လှမ်းမိထားပါတယ်။ အခု နည်းပညာကို သုတေသန ဦးဆောင် လုပ်ကိုင်နေတဲ့ Dr. Dale Esliger ကတော့ အခုစနစ်ကို စမ်းသပ်ထားရတာ မှာ အကန့်အသတ်တွေ ရှိနေသေးတယ် ဆိုပေမယ့်လည်း အနာဂတ် ပို့ဆောင်ဆက်သွယ်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်တာကြောင့် အတော်လေးတော့ အကျိုးရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ လက်ရှိ မှာတော့ Abarth ရဲ့ ကားတွေက ဥရောပ ဈေးကွက်ထဲမှာ အသစ်တွေ အပါအဝင်ဆိုရင် Fiat 500 ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Version တွေ ပါဝင်ထားပါတယ်။ နောက်ဆုံး ထွက်ထားတာ ဆိုရင်တော့ 695 Tributo 131 Rally ကားရှိနေပြီး 1.4 Liter Turbocharged Four-Cylinder Engine နဲ့အတူ 180 hp နဲ့ 184 lb-ft Torque အထိ စွမ်းဆောင်ထားပါတယ်။ အဆိုပါ ကားကတော့ တစ်နာရီ ၆၂ မိုင် နှုန်းပမာဏကို ၆.၇ စက္ကန့် ထဲမှာတင် အရှိန်တင်ပြနိုင်တဲ့အထိ ကောင်းမွန်ပါတယ်။

Photo Credit: motor 1.com

ကုမ္ပဏီရဲ့ အခြားသော ကားတွေ အနေနဲ့ ဆိုရင်တော့ Fiat Model ကားကိုမှ ပိုကြမ်းတဲ့ Aggressive ကိုယ်ထည်နဲ့ အနီရောင် Accents တွေပါတဲ့ Pulse Performance Crossover ကားကို ဘရာဇီးဈေးကွက်ထဲ သီးသန့်ရောင်းချ နေပါသေးတယ်။ Abarth နဲ့ ပက်သက်လာရင်တော့ 500e ဆိုတဲ့ လျှပ်စစ် Hot Hatch ကားလေးတစ်စီး စမ်းသပ် နေတာ ရှိနေပြီး အခုပြီးခဲ့တဲ့ မေလ အထိကိုပဲ အဆိုပါ ကားစမ်းသပ်နေတာ နောက်ဆုံးအဆင့် ရောက်ခဲ့ပြီလို့ သိရပါတယ်။ Abarth 500e ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် ကားမှာတော့ Suspension ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ Brand ရဲ့ Boss ဖြစ်သူ Olivier Francois ကိုယ်တိုင်က အတည်ပြု ပြောကြားထားပါတယ်။ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေ မထွက်ပေါ်လာခဲ့သေးပေမယ့် သတင်း တွေအရတော့ တစ်နာရီ ၆၂ မိုင် နှုန်းကို ၇ စက္ကန့် ဝန်းကျင်နဲ့ အရှိန်တင် မောင်းနှင်နိုင်တဲ့ ကားဖြစ်မယ်လို့ သိရတာ ကြောင့် စောင်ကြည့်ရမှဖြစ်ပြီး အခုလိုမျိုး ခံစားချက်ကို သိနိုင်မယ့် နည်းပညာပါလာမလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Ref: motor 1.com