ဗြိတိန် အခြေစိုက် Aston Martin ရဲ့ သမိုင်းကြောင်းမှာတော့ V12 Engine နဲ့ ကားကောင်းတွေ ထုတ်ပေးခဲ့တာက နာမည်ရှိထားပြီးဖြစ်ပေမယ့် အခု မြင်ရမယ့် V12 ကားကတော့ တစ်မျိုးထူးဆန်း နေပါတယ်။ အဲ့ဒါကတော့ V 12 ကိုမှ ပိုပြီးစွမ်းဆောင်ရည်ကောင်းအောင် Boost ထပ်လုပ်ပေးထားတဲ့ အင်ဂျင်သုံးထားတဲ့ Vantage Roadster ကားဖြစ်လို့ပါပဲ။ နာမည်ကိုက 2023 Aston Martin Vantage V12 Roadster ဆိုတဲ့အတိုင်း စွမ်းဆောင်ရည်ပိုင်း အတွက် ထောက်ပံ့ပေးထားတဲ့ အင်ဂျင်ကြီးကလည်း Twin-Turbocharged 5.2 Liter 12-Pot အင်ဂျင် ဖြစ်ပါတယ်။ ဝမ်းသာစရာ ကောင်းတာတစ်ခုကတော့ အခုကားက ယခင် အမိုးအပြည့်နဲ့ V12 Vantage ကို အမိုးဖွင့် အမျိုးအစား နဲ့ ထပ်ပြီး ထွက်လာတာ ဆိုပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်း အပြောင်းအလဲ မရှိသွားတာပါ။ လက်ရှိ ကားသစ်ရဲ့ စွမ်းဆောင်ရည်က 690 hp အထိကို ရှိထားဆဲ ဖြစ်ပြီး Eight-Speed Automatic Transmission ဂီယာနဲ့ Rear-Wheel Drive ဖြစ်လာပါတယ်။ တစ်နာရီ မိုင် ၆၀ အထိ မြန်နှုန်းတင်ဖို့ ဆိုရင်လည်း ၃.၅ စက္ကန့် လောက်ပဲ အချိန်ယူရမှာဖြစ်ကာ အမြင့် ဆုံး မြန်နှုန်းကအစ တစ်နာရီကို မိုင် ၂၀၀ အထိ ရောက်ရှိနိုင်ပါတယ်။
အခုကားကို သာမန်အမိုးနဲ့ Hardtop V12 Vantage တုန်းကနဲ့ မတူအောင် ဘာတွေဖန်တီး ပေးထားသေးလဲ ဆိုတာ တော့ သေချာမပြောပြထား သေးပါဘူး။ ဒါပေမယ့် Roadster အသစ်ရဲ့ Adaptive Dampers တွေ အတွက် Bespoke Tuning ပိုင်း လုပ်ပေးထားနိုင်ပြီး ပုံတွေအရ သိသိသာသာ ကွဲပြားတာ တစ်ခုကတော့ အမိုးဖွင့် ဖြစ်သွားတဲ့ အတွက် သာမန်အမိုးနဲ့ ကားတုန်းကလို အနောက်မှာ အတောင်ပံ ကြီးကြီး မတပ် ထားတော့တာ ပါပဲ။ ဒါပေမယ့် လည်း အတောင်ပံ ထပ်တပ်ချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။ V12 Vantage ဖြစ်တဲ့အတိုင်း ထူးခြားမှု အပြည့် ကောင်းမွန်မှုတွေနဲ့ပဲ ဆက်လက် ပွဲထွက်လာတာကြောင့် ကားရဲ့အရှေ့ဘက် ၊ ဘေးဘက် Side Sills ကိုယ်ထည် ပိုင်းတွေကအစ ကာဗွန်ဖိုက်ဘာတွေ သုံးပေးထား ပါတယ်။ အနောက်ဘက်က Deck Lid နဲ့ Fascia တို့ ကိုတော့ ပိုပြီးပေါ့ပါးတဲ့ Composite Material တွေ ထည့်သုံးပေးထားတာပါ။ သာမန် Hardtop ကားတုန်းကလိုမျိုး ကိုယ်ထည် ခပ်ကျယ်ကျယ်ကိုပဲ ဆက်သုံးထားတာကြောင့် V8 Engine သုံး Vantage တုန်းကထက်စာရင် ၁.၆ လက်မ လောက်ကို ပိုပြီး ကျယ်လာမှာ ဖြစ်ပါတယ်။ Roadster ကားကို ကောင်းကောင်း ထိန်းချုပ်ရပ်တန့် နိုင်ဖို့ အတွက်ကတော့ Aggressive Ceramic Brake တွေကိုမှ Six-Piston Calipers တွေကို အရှေ့မှာ ထပ်ထည့် ပေါင်းစပ် ပေးထားပြီး အနောက်မှာတော့ Four-Piston Grippers ကို သုံးပေးထားပါတယ်။ ကားရဲ့ ဘီးတွေကတော့ ၂၁ လက်မ အရွယ်တွေ ဖြစ်ပြီး တာယာတွေကလည်း Michelin Pilot Sport 4S တာယာတွေကို ထပ်သုံးပေးထားတာ ဖြစ်ပါတယ်။
Aston Martin ရဲ့ နည်းပညာပိုင်း အကြီးအကဲ ဖြစ်သူ Orberto Fedeli ကတော့ အခု ကားအတွက်ကို ယခင် V12 Vantage Coupe အတိုင်း စွမ်းဆောင်ရည်ရစေဖို့ အာရုံစိုက်ကာ အထူးတလည် ကြိုးစားထားကြ တာဖြစ်ပြီး အမိုး ဖွင့် ကား တစ်စီးကို စွမ်းဆောင်ရည်အပြည့်နဲ့ ခံစားရစေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ယခင် ဘယ် Vantage ကားတွေထက်မဆို ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေအတွက် Chassis ကိုလည်း ခပ်ကျယ်ကျယ် ၊ Suspension ပိုင်းတွေကိုလည်း Tuning ပြန်လုပ်ပေးထားပြီး Downforce အပိုင်းမှာပါ ယခင် Roadster တွေထက် ၁၀ ဆလောက် ပိုသာအောင် လုပ်ထားနိုင်တာကြောင့် တကယ့်ကို အံ့ဩမှင်သက်ဖွယ် စက်ပိုင်းဆိုင်ရာတွေနဲ့ ကားကောင်း တစ်စီး ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ကားကို အရေအတွက်များများ ဝယ်ယူရရှိ နိုင်မှာ မဟုတ်တာကတော့ ဝမ်းနည်းစရာဖြစ်ပြီး အစီးရေ ၂၄၉ စီး ထဲပဲ ထုတ်လုပ်သွားမှာပါ။ ဒါပေမယ့် ပိုဝမ်းနည်း စရာ ကောင်းတာကတော့ ဝယ်နိုင်လို့ ဝယ်ချင်ပါသေးတယ် ဆိုရင်တောင် ဝယ်လို့မရတော့ပဲ အကုန် ရောင်းထွက်သွားပြီ ဖြစ်ပါတယ်။ ဝယ်ယူထားတဲ့ သူတွေ အဖို့တော့ အခုကားကို အခုနှစ်ရဲ့ တတိယ ၃ လ ပတ် လောက်မှာတင် စတင် ထုတ်လုပ်လာတော့မှာ ဖြစ်ပြီး အခုနှစ်ကုန်ပိုင်း လောက်ကစလို့ ပိုင်ရှင်တွေထံ ပို့ဆောင် ပေးနိုင်တော့မှာပါ။
Ref: motor 1.com

Photo Credit: motor 1.com