ကားသစ်တွေ Brand အသစ်တွေအပေါ် မြည်စမ်း ချင်ကြတာကတော့ တစ်ချို့ နေရာတွေမှာ အနည်းအများ ကွာခြား သွားနိုင်တာက လွဲလို့ ကမ္ဘာ့ ကားဈေးကွက် နေရာ အတော်များများ မှာတော့ သဘောတရားက အတူတူပါပဲ။ တိုးတက်လာနေတဲ့ တရုတ် ကားဈေးကွက်ကြီးကို ဥပမာ ပြရမယ် ဆိုရင်တော့ ဝယ်ယူသူတွေ က ဈေးကွက်ထဲ Trend တစ်ခု ဖြစ်လာနေတဲ့ SUV တွေနဲ့ Crossover တွေအပေါ် စိတ်ဝင်စားလာ နေကြ ပေမယ့် တကယ်တမ်းမှာ အခြားသော ကား အမျိုးအစားတွေ ကလည်း ရောင်းအားက တက်နေဆဲ ဖြစ်ပါ တယ်။ ဒါ့အပြင် အမေရိကမှာ အတော်လေး လူကြိုက် များနေခဲ့ ၊ များနေဆဲဖြစ်တဲ့ Sedan ကားတွေ ဟာ လည်း တရုတ် ဈေးကွက်ကြီးထဲမှာတော့ အတော်လေး ကို ရောင်းအား ကောင်းနေခဲ့တာပါ။ ဒါ့အပြင် နောက် ထပ် Compact Performance Sedan ဆိုတဲ့ ကားတန်းကပါ တရုတ်ဈေးကွက်အတွင်း ပိုခေတ်စား လာနေ ပါသေးတယ်။ ဒါပေမယ့် လောလောဆယ် နာမည်ကျော် တွေထဲက Sport အဆန်ဆုံးသော Compact Sedan ကားသစ် ၊ တစ်နည်းအားဖြင့်တော့ Liftback ကားတစ်စီးကို ပြရမယ် ဆိုရင် တော့ Changan UNI-V ဆိုတဲ့ ကား တစ်စီးကိုပြရမှာပါ။ တရုတ် ဈေးကွက်ထဲ ရောင်းချနေဆဲ အဆိုပါ ကားကတော့ Honda Civic Si နဲ့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ပိုဈေးသက်သာတဲ့ အမျိုးအစားဖြစ်ပြီး တရုတ် ကားဖြစ်တာ ကြောင့် သေချာတာ ကတော့ အမေရိကနဲ့ ဥရောပ ဈေးကွက်အထိ ခြေမဆန့် သေးပါဘူး။ တရုတ်ဈေးကွက် အတွင်း အခု ကားသစ်ရဲ့ အဓိက ပြိုင်ဘက်ကတော့ GAC Empow ဆိုတဲ့ ကားဖြစ်ပြီး ခေတ်မှီ နည်းပညာ သစ်တွေနဲ့ အတော် လေးတော့ ဆွဲဆောင်မှုရှိတဲ့ ကားတစ်စီး ဖြစ်နေပြန်ပါတယ်။
အခု UNI-V ရဲ့ စက်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်တွေကို စကြည့်ရမယ် ဆိုရင်တော့ 1.5 Liter Gas Engine ကို တပ်ဆင် ထားတာ တွေ့ရမှာ ဖြစ်ပြီး အမြင့်ဆုံး စွမ်းဆောင်ရည်ကတော့ 188 hp နဲ့ 222 lb-ft Torque အထိ ကို ရှိပါတယ်။ ဂီယာ ပိုင်းမှာတော့ Seven-Speed Dual-Clutch Transmission ကို သုံးပေးထားပြီး Front-Wheel Drive ဖြစ်ကာ တစ်နာရီ ၆၂ မိုင် နှုန်း အရှိန်တင်ဖို့ ဆိုရင်တော့ ၇.၁ စက္ကန့် အတွင်းမှာတင် ရနိုင်မှာပါ။ သိထား ရသလောက်ကတော့ အခု ကားကိုပဲ ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ 2.0 Liter Engine နဲ့ ကားထုတ်ပေးလာနိုင်သေးပြီး နောက်ထပ် Range ထပ်များတဲ့ လျှပ်စစ်ကားမျိုးကွဲလည်း ရှိလာနိုင်ပါသေး တယ်။
ကားက လက်တွေ့မှာရော တကယ် ကောင်းပါ့မလား ဆိုတဲ့ မေးခွန်းကို ဆက်ကြည့်ကြရအောင်ပါ။ အတွင်း ခန်းတွေ ကြည့်ရမယ် ဆိုရင်တော့ ပစ္စည်းကောင်းတွေ သုံးထားပြီး နည်းပညာကလည်း ထုံးစံအတိုင်း အမြင့် တွေချည်း သုံးထားတာကြောင့် အတော်လေးတော့ အဆင်ပြေမယ် ဆိုပေမယ့် Peugeot ကားတွေရဲ့ Layout အတိုင်း လုပ်ထားတာကြောင့် ကားကုမ္ပဏီရဲ့ မူလအရသာ ဒီဇိုင်းကိုတော့ မခံစားရပါဘူး။ ကားကို မောင်းကြည့်ထားတဲ့ စမ်းသပ်ချက်တွေ အရတော့ ကားကခပ်ကြမ်းကြမ်း အရသာမျိုး ရမနေပဲ ဂတ်စ် စွမ်း အင်သုံးထားတဲ့ အခြေအနေရယ် အတော်လေး ငြိမ်သက်တဲ့ အိတ်ဇော စနစ်တွေရယ်ကြောင့် တော်တော် လေးတော့ မောင်းလို့ ငြိမ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်ကားရဲ့ Suspension ပိုင်းကတော့ သက်တောင့် သက်သာ ရှိဖို့ အတွက်ပဲ အတော်လေး ဂရုစိုက် ထားတာဖြစ်ပြီး အကွေ့တွေမှာ မြန်ဆန်နေတာမျိုး ထိန်းချုပ် ဖို့ ပိုကောင်းတာမျိုးတွေ အတွက်တော့ သိပ် အလုပ် မဖြစ်နိုင် သေးပါဘူး။ ဒီကားကတော့ အမြန်ဆုံးလည်း မဟုတ်သလို ဇိမ်အကျဆုံး အရသာကိုလည်း ပေးနိုင်မှာ မဟုတ်ပေမယ့် တရုတ်ဈေးကွက် အတွက်သာ လို အပ်ချက် ရှိနိုင်တာဖြစ်ပြီး စွမ်းဆောင်ရည် အသားပေး Sedan ဈေးကွက်ထဲ ဆိုရင်တော့ ပြိုင်ဆိုင်မှု အား ကောင်းနိုင်တဲ့ ကားတစ်စီး ဖြစ်လာနိုင်ပါတယ်။
Ref: motor 1.com

