လတ်တလော အခြေအနေအရတော့ လက်ရှိကားတွေမှာ တောက်လျှောက်သုံးလာခဲ့တဲ့ လောင်ကျွမ်းအင် ဂျင် ICE ဓာတ်ဆီ ဒီဇယ်အင်ဂျင်တွေဟာ လာမယ့်နှစ် အနည်းငယ်လောက် အတွင်းမှာတင် သမိုင်းမှာပဲ ကျန်ခဲ့ရတော့မယ့် အဖြစ်ကို ရောက်နေပါပြီ။ အဆိုပါ အင်ဂျင်တွေကို ချန်ထားရစ်ပြီး လျှပ်စစ်စွမ်းအင် ဘက် ကို ကုမ္ပဏီ အများအပြား ကူးပြောင်းနေကြတာ ဘယ်သူမှလည်း တားဆီးနိုင်မှာ မဟုတ်တာ သေချာနေပါ တယ်။ လက်ရှိမှာတော့ Porsche ကနေ eFuel ဆိုတဲ့ စနစ်တစ်မျိုးကို တီထွင်နေပြီး ယခင်လောင်စာဆီတွေ အစားပိုပြီးလည်း ကုန်ကျစရိတ်သက်သာ ကာ ပိုပြီးလည်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆီ တစ်မျိုး လည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Audi ကတော့ တစ်ချို့ ဒီဇယ်ကားတွေမှာ သုံးန်ိင်မယ့် Substainable Fuels ရေရှည် လောင်စာဆီတွေကို တီထွင်နေပြန်တာ ပါ။ အစပိုင်းတုန်းကတော့ အဆိုပါ လောင်စာဆီ အမျိုးအစားသစ်နဲ့ ဆိုရင် ICE အင်ဂျင်တွေကို ကယ်တင် ထားနိုင်လိမ့်မယ်ဆိုတဲ့ သတင်း ကောင်းတွေ ကြားသိခဲ့ရပေမယ့်လည်း အခုတော့ မျှော်လင့်ချက်မဲ့ သွားခဲ့ ရပြန်ပါတယ်။ Top Gear ကို Audi ရဲ့ နည်းပညာပိုင်းခေါင်းဆောင်ဖြစ်သူ Oliver Hoffmann က ပြောကြားခဲ့ရာမှာတော့အခု နည်းပညာ အသစ်ဖြစ်တဲ့ ရုပ်ကြွင်းလောင်စာဆီ စနစ်ဟာ ပေါင်းကူး သဘောမျှလောက်သာ စွမ်းဆောင် နိုင်တာတွေ့ရ ပြီး အခြားသော စက်မှုလုပ်ငန်းတွေမှာ အဆင်ပြေပြေ အစားထိုးနိုင် လောက်ပေမယ့် မော်တော် ယာဉ်တွေ မှာ ဆိုရင်တော့ ဘက်ထရီ လျှပ်စစ် ကားတွပဲ ဖြစ်လာဖို့ များတယ်လို့ သိရပါတယ်။
လက်ရှိ မှာ ကားကောင်းတွေ ဖြစ်တဲ့ Five-Pot အင်ဂျင်ကြီး နဲ့ RS 3 ၊ V8 Engine နဲ့ RS 7 တို့ ကို စွန့်လွှတ် ပစ်ဖို့ ဆိုတာ တောင်အတော် ခက်ခဲနေမှာ သေချာပါတယ်။ ဒါပေမယ့်လည်း Audi တို့ကတော့ လျှပ်စစ်ကား ခေတ်သစ် ကူးပြောင်းရာမှာ အချိန်ရစေဖို့ Customers တွေ ဘက်ကို အတော်လေး လှည့်ကြည့် ပေးထားပါ သေးတယ်။ တကယ် တော့ Audi ကလည်း ၂၀၂၆ နောက်ပိုင်းက စလို့ လျှပ်စစ်ကား သီးသန့်ကုမ္ပဏီ အဖြစ် ကို စတင်ပြောင်းလဲတော့မှာပါ။ Hoffmann ကတော့ အခု နည်းပညာသစ်ရဲ့ ပြဿနာက Synthetic Fuel တွေမှာ မဟုတ်ပဲ သူတို့ကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပြဿနာရှိနေတာလို့ ရှင်းပြထားပါတယ်။ တစ်ချိန် တည်းမှာပဲ လက်ရှိမှာ Toyota နဲ့ Yamaha တို့ ကြိုးစားနေတဲ့ ဟိုက်ဒရိုဂျင် အကြောင်းကိုလည်း ၎င်းက ဆက်လက် သုံးသပ်ခဲ့သေးပြီး ဟိုက်ဒရိုဂျင် ဆိုတာကလည်း မြန်မြန်ဆန်ဆန် အစားထိုး လိုက်နိုင်မယ့် နည်း ပညာ မဟုတ်ပဲ သန့်စင်တဲ့ ဟိုက်ဒရိုဂျင်ရဖို့ ခက်ခဲ နေသေးတာကြောင့် ယာဉ်တွေ အတွက် ပတ်ဝန်းကျင်နဲ့ ကိုက်ညီစေချင်ရင် ဘက်ထရီ လျှပ်စစ်ကသာ အဆင်ပြေလိမ့်မယ်လို့ ဆိုထား ခဲ့တာ ပဲ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ Brand အနေနဲ့ RS e-Tron GT နဲ့ လျှပ်စစ် SUV တစ်ချို့အပြင် RS 6 ကိုလည်း လျှပ်စစ် မျိုးကွဲ တစ်စီး အဖြစ် မိတ်ဆက်ပေးလာ ဦးမယ်လို့ တရားဝင် ပြောထားဖူးပါတယ်။ အခုလို လျှပ်စစ်ကား အနာဂါတ်ဘက်ကို အတူတူ လျှောက်လှမ်းလာကြတဲ့ ကားကုမ္ပဏီ တွေထဲမှာတော့ Porsche တို့ လည်း ပါဝင်လာပြီး 718 Series ကို လျှပ်စစ် ကား Series အသစ်အဖြစ် ကြေညာလာဖို့ရှိသလို Macan EV အသစ် ကိုလည်း ချပြဖို့ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ Porsche လိုပဲ Audi ကလည်း ပြိုင်ကားလောကမှာပါ Synthetic Fuel တွေကို ဆက်ပြီး သုံးလာဖို့ အလားအလာ များနေတာကြောင့် လာမယ့် ၂၀၃၀ အရောက် မှာ ပြိုင်ကား အများစုကလည်း ပတ်ဝန်းကျင်နဲ့ ကိုက်ညီသွားတော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com
Photo Credit: CARBUZZ