လတ်တလော ကားဈေးကွက်ထဲမှာ ရောင်းမလောက် နိုင်အောင် ဖြစ်နေတဲ့ ကားအမျိုးအစားကတော့ SUV တွေပါပဲ။ အမေရိက ကားဈေးကွက်ကြီးမှာ ဆိုရင်လည်း မနှစ်က Toyota ရဲ့ ရောင်းအား အကောင်းဆုံးက အစီးရေ ၄၀၇,၀၀၀ စီးနဲ့ Toyota RAV 4 ဖြစ်ခဲ့ပါတယ်။ လက်ရှိ မှာတော့ SUV တွေကို တန်းစီ ထုတ်လုပ် လိုက်တဲ့ ကားကုမ္ပဏီက ပိုပြီး အကျိုးအမြတ် ရနိုင်မယ့် သဘောတောင် ဖြစ်လို့ နေပါတယ်။ ဂျပန် ကား ကုမ္ပဏီကြီး Toyota ဆိုရင်လည်းသူတို့ရဲ့ Avalon ဆိုတဲ့ ကားမော်ဒယ်ကို ၂၀၂၃ အတွက် ဆက်လက် ထုတ် လုပ်ဖို့ မရှိတော့ပဲ တစ်ခုခုနဲ့ အစားထိုးဖို့ အတွက် ကြံစည်နေပြီ ဖြစ်ပါတယ်။ အခုနှစ် အစပိုင်းတုန်းကတော့ Crown က Avalon နေရာကို တိုက်ရိုက် ဝင်လာလိမ့်မယ် လို့ ယူဆခဲ့ကြပြီး အခုတော့ တစ်ချို့အတည်မပြု နိုင်သေးတဲ့ သတင်းတွေအရ အဆိုပါ ကားနေရာမှာ ပိုကြီးတဲ့ Sedan တစ်စီး လာမယ့် အောက်တိုဘာ လောက်မှာ ဝင်လာဦးမယ် လို့သိရပါတယ်။ တကယ်သာ ဆိုရင်တော့ Avalon နေရာမှာ ဘာကြောင့်များ ပို ကြီးတဲ့ Sedan တစ်စီးနဲ့ အစားထိုး နိုင်ရမှာလဲ ဆိုတာက မေးစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် Bestcarweb ရဲ့ ဖော်ပြချက်အရတော့ အစားထိုးလာမယ့် Sedan က သာမန် Sedan ကား မဟုတ်ပဲ နာမည် ကျော် Crown ကိုမှ Crossover မျိုးကွဲပုံစံနဲ့ ဝင်ရောက်လာမှာဖြစ်တယ်လို့လည်း သိရပြန်ပါတယ်။ တကယ် သာ ဆိုရင် တော့ Render ပုံရိပ်တွေအရ အဆိုပါ ကားအနေနဲ့ ခပ်မြင့်မြင့် ကိုယ်ထည် ၊ အနက်ရောင် ဘီး အကြီးကြီးတွေနဲ့ ဖြစ်လာ နိုင်ပါတယ်။
တကယ့် SUV တစ်စီးလိုမျိုး ရိုးရိုးရှင်းရှင်း မဖြစ်လာနိုင်ပေမယ့် Avalon နေရာဝင်လာမယ့် အလန်းစား Crossover ဒီဇိုင်းကြောင့်တော့ လူကြိုက်များလာ နိုင်ပါတယ်။ Corolla ဆိုတဲ့ ကားနာမည်ကတော့ ကမ္ဘာ့ ကားဈေးကွက်မှာ နာမည်ရထားပြီးသား ဖြစ်ကာ Corolla Cross ဆိုပြီး ထပ်မိတ်ဆက် ခဲ့တုန်းကလည်း ဆက်တိုက် အောင်မြင်ခဲ့ပြန်တာ ကြောင့် အခုတစ်ခါ Corolla Crossover အနေနဲ့ မိတ်ဆက်မယ် ဆိုရင် လည်း ဖြစ်နိုင် ချေရှိပြန်ပါတယ်။ Corolla ကို SUV အနေနဲ့ ကတော့ ကမ္ဘာ တစ်ဝန်းမှာလည်း ရောင်းအား က ကောင်းပြီးသား ဖြစ်ကာ တောင်အာဖရိက ဈေးကွက် မှာ ဆိုရင်လည်း အရောင်းရဆုံး ခရီးသည်တင် ကားတစ်စီး ဖြစ်နေသလို အမေရိကမှာလည်း ရောင်းအားကမြင့်ပြီး ရင်း မြင့်ဆဲဖြစ်ပါတယ်။ အခု လက်ရှိ သတင်းတွေအရတော့ Corolla နဲ့ Cross ကားအသစ် တွေကတော့မှာ ယခင် Rear- Wheel Drive အစား Front-Wheel Drive စနစ် ပါဝင်လာဖို့ များနေကာ Crossover မော်ဒယ်သာ အမှန်တကယ် ပါလာမယ် ဆိုရင်တော့ ကမ္ဘာကျော်ပြီးသား Corolla ကားတွေ အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။
တကယ်တမ်း ထွက်လာမယ်ဆိုရင်လည်း အတော်လေးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းပိုင်းဖြစ်လာနိုင်ပြီး Front-Wheel Drive စနစ်ကြောင့် အတွင်းခန်းလည်း ပိုမို ကျယ်ဝန်းလာနိုင်ပါတယ်။ ဒီဇိုင်းကတော့ Mercedes-Benz CLS နဲ့ Audi A7 တို့လို ပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပြီး အဆိုပါ ကား ၂ မျိုးလုံးကတော့ ဘယ်လိုလမ်းမျိုးမှာ မဆို မောင်းနိုင် မယ့် အရွယ်အစား အလယ်အလတ် ကားတွေ အဖြစ် ထုတ်လုပ်ထား တာကြောင့် Toyota လည်း ဖြစ်လာ နိုင်ပါတယ်။ တကယ်သာ Crown ကို အခုလို ထုတ်လုပ်မယ်ဆိုရင် Lexus ကားတွေကို ဈေးကွက် အမြင့်ပါ အဓိက ပြိုင် ခဲ့ရသလို အခုလည်း ပြိုင်ဆိုင်ရနိုင်ပါတယ်။ တကယ် လို့သာ အမေရိက ဈေးကွက်အထိ အဆိုပါ ကားသစ် ဝင်ရောက် လာခဲ့ရင်လည်း ဘယ်အဆင့်လောက်မှာ ထားမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်း ပါတယ်။ ဒါပေမယ့် တရုတ် ဈေးကွက်မှာ ဆိုရင် အတော် လေး ကွဲပြားပြီး Crown Kluger ဆိုတဲ့ နာမည်နဲ့ ကားကိုလည်း ရရှိ နေပါသေး တယ်။ ဒါပေမယ့် ဒီကား တကယ်တမ်းအသစ် ထုတ်လုပ်လာခဲ့ရင် Sports ကြိုက်သူတွေအတွက် Rear-Wheel Drive နဲ့ ကား တစ်စီးလည်း ပါလာလိမ့်ဦးမယ်လို့တော့ မျှော်လင့်ရပါတယ်။
Ref: carbuzz.com
Photo Credit: CARBUZZ