ကားမောင်းတယ် ဆိုတာကတော့ လိုင်စင်ပါမှ ဆိုတာပြောစရာ မလိုတဲ့ အချက်ပါပဲ။ လက်တွေ့မှာလည်း လိုင်စင် မပါပဲ ကားမောင်းခွင့်ရတဲ့ နိုင်ငံရယ်လို့ မကြားဖူးသေးတာ အမှန်ပါ။ ဒါပေမယ့်လည်း UK က အမျိုးသားတစ်ဦး ကတော့ ဒီလို လိုင်စင်မရှိပဲ အေးဆေး ကားမောင်း လာခဲ့တာဟာ အသက် ၁၂ နှစ် အရွယ်ကတည်းကဖြစ်ပြီး မကြာခင်ကမှ ဖမ်းမိခဲ့တယ်လို့ အံ့အားသင့်စရာ ကြားသိခဲ့ရပါတယ်။ Bulwell ရဲဌာနရဲ့ သတင်းအရတော့ လက်ရှိမှာ အသက် ၈၃ နှစ်အရွယ်တောင် ရှိပြီဖြစ်တဲ့ Mini One ကား‌ ပိုင်ရှင်ကတော့ စတိုးဆိုင်လေးရဲ့ဘေးမှာ ရပ်ထားတာကို စတင် တွေ့ခဲ့ရကာနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၁၉၃၈ ခုနှစ် ကတည်းက မွေးဖွားခဲ့ပြီး အခုအချိန် အသက် အရွယ် အထိကို လိုင်စင်မပါပဲ ကားမောင်းနေတာကို ဘယ်သူမှ သတိမထားမိခဲ့ကြတာကတော့ တကယ် အံ့ဩစရာပါ။ ပိုပြီး အံ့အားသင့် စရာ ကောင်းတဲ့ တစ်ချက်က အသက် ၁၂ နှစ်ဆိုတဲ့ ဆယ်ကျော်သက် ဘဝ လေးထဲကနေ စပြီး အခုလိုမျိုး လိုင်စင်မပါပဲ ကားမောင်း နေခဲ့ တာပါပဲ။

Photo Credit: motor 1.com

ဒါ‌ဆိုရင်တော့ နှစ်ပေါင်း ၇၀ လောက် လိုင်စင်မရှိပဲ မောင်းနေခဲ့တာကို ဘယ်လိုများ ဖြစ်အောင်လုပ်နေခဲ့လဲ ဆိုတဲ့ မေးခွန်းကို မေးချင် နေ ကြမယ် ထင်ပါတယ်။ ဒီ့အတွက် ရဲတွေရဲ့ အဖြေထဲမှာတော့ အဆိုပါ ကားပိုင်ရှင်က တစ်ခါမှ ကို ယာဉ်မတော်တဆမှု မကြုံဖူးသလို ၊ တစ်စုံ တစ်ယောက်ကိုမှလည်း ကားနဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုး မကြုံခဲ့ဖူးပဲ ကားတိုက်လို့ လျော်ရတယ် ဆိုတာမျိုးလည်း မရှိခဲ့တာကြောင့် ယာဉ် မောင်း လိုင်စင်စစ်တာ မျိုးနဲ့ မကြုံခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ‌လိုင်စင်မရှိပဲ မောင်းရင် တရားမဝင်ဘူးဆိုတာ ဘယ်သူမဆို သိပြီး ဖြစ်ပေမယ့်လည်း ဒီလူကတော့ အသက် ၁၂ ကတည်းက ဒါကိုဖြစ်နိုင်အောင် လုပ်ပြထားပြီးပါပြီ။ လတ်တလော အထိ မှတ်တမ်းတွေ အရတော့ လမ်းမ‌ထက်က ယာဉ်တွေကိုမောင်းနှင်ရာမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၄ နှစ် အရွယ်ကိုသာ တွေ့ထားရသေးပြီး အထူး သဖြင့် ဒါကလည်း ဘေးနားကနေ ထိန်းကြောင်းပေးမယ့် သူတစ်ဦး တော့ ပါရဦးမှာပါ။

Photo Credit: motor 1.com

အခုကိစ္စမှာ တစ်ခုချီးကျုးဖို့ ကောင်းတာကတော့ လိုင်စင်လုံးဝ မရှိပဲ မောင်းနှင်ခဲ့တယ် ဆိုပေမယ့်လည်း သက်တမ်း တစ်လျှောက်မှာ ဘယ် လိုနည်းနဲ့မှ မတော်တဆ ဖြစ်ရပ်မျိုးကိုမဆို မကြုံခဲ့တာပါပဲ။ ဒီကရမယ့် သင်ခန်းစာ ကတော့ လိုင်စင်မရှိပဲ မောင်းနှင်မယ့်သူတွေအဖို့ မဖြစ် နိုင်ဘူး ဆိုတာကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ အကြောင်းကတော့ အခုလို ဆယ်စုနှစ် ၇ ခုစာ လောက် အထိ မောင်းခဲ့တဲ့သူတောင် ဖမ်း မိသွား ခဲ့သေးလို့ပဲ ဖြစ်ပါတယ်။

Ref: motor1.com