မျိုးဆက်သစ် BMW 5er ကားသစ်တွေ မကြာခင်မှာ ဝင်ရောက်လာတော့မှာဖြစ်လို့ G 30 BMW 5 Series ကားတွေနဲ့ F 90 M5 ကားတွေကိုမကြာခင် နှုတ်ဆက်လာရတော့မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကားတွေကို မနှုတ်ဆက်ခင် Manhart Tuning ရဲ့ လက်ရာတစ်ခုကို မြင်ရသေးတာဖြစ်ပြီး M5 ကားကိုမှ စွမ်းဆောင်ရည် အသားပေး ကားသစ်အဖြစ် ပြောင်းလဲ ပေးလိုက်ပါတယ်။ MH5 GTR ဆိုတဲ့ နာမည်နဲ့ အဆိုပါကားကို Biturbo 4.4 Liter S 63 V8 အင်ဂျင်နဲ့ တွဲဖက် ပေးထားပြီး 777 hp နဲ့ 690 lb-ft Torque လောက် အထိကို စွမ်းဆောင်လာ နိုင်တာလည်း တွေ့ရပါတယ်။ အဓိက ကတော့ Manhart ရဲ့ ကိုယ်ပိုင်လက်ရာ Carbon Air Intake တွေ နဲ့ MHtronik ဆိုတဲ့ Auxiliary Control Unit တို့ကိုပါ အားဖြည့်သုံးပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် Stainless Steel အသားနဲ့ အိတ်ဇောစနစ် အပါအဝင် စက်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု အတော်များများကို အခုကားမှာ ထည့်သွင်း ပေးထားတာဖြစ်ပြီး Tailpipe တွေကိုလည်း ကာဗွန်သားနဲ့ ဖန်တီးကာ Ceramic Coating ပါ အုပ် ပေးထားပါသေးတယ်။ အိတ်ဇောပိုင်း အဆင့်မြှင့်တင်မှုတွေကတော့ စံစနစ်တွေအရ အခြားသော ဈေးကွက်တွေ ဆီ ပို့ဆောင်ပေးဖို့ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ Manhart ကတော့ အခုကားရဲ့ Catalytic Converter တွေအစား 200-Cell HJS Catalytic Converter တွေကို အစားထိုး ပေးထားပြီး Manhart ရဲ့ OPF/GPF Deleter ကိုလည်း သုံးပေးထားပါသေးတယ်။ ဒါ့အပြင် Manhart ရဲ့ ကိုယ်ပိုင် နည်းပညာနဲ့ 4 Coilovers Suspension စနစ်ကြောင့် ကားကို ထိန်းသိမ်း မောင်းနှင်ရတာလည်း ယခင်ကထက် ပိုပြီးကောင်းမွန်လာမှာ ဖြစ်ကာ ၂၁ လက်မ အရွယ် မီးခိုး ငွေရောင် Ten-Spoke Alloy ဘီးတွေကိုလည်း Michelin တာယာတွေနဲ့ ဖန်တီးပေးထားပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အမြင်ပိုင်း တွေစက်ပိုင်း ဆိုင်ရာတွေပါ ပြောင်းလဲ ပေးထားတဲ့ အခု ကားသစ်မှာတော့ Manhart လက်ရာပိုင်း ဆိုရာ ပိုသိသာအောင် မျဉ်းကြောင်းလေးတွေနဲ့ စာသားလေး တွေကို ထည့်ပေးထားတာ ဖြစ်ပါ တယ်။ အခု ကားအပြင် ပိုင်း မှာတော့ အစိမ်းရင့်ရောင် ကားကိုယ်ထည်ပိုင်းက မီးခိုးရောင် လက်ရာလေးတွေကိုလည်း ထည့်ပေးထား ပါတယ်။ အတွင်းခန်းပိုင်း မှာတော့ Manhart ရဲ့ တံဆိပ်နဲ့ ကြမ်းခင်းအသစ်တွေ ကိုလည်း မြင်ရပါတယ်။ အခုကားက များများစားစား ထုတ်လုပ်ဖို့ မဟုတ်ပဲ တစ်စီးတည်းသာ တသီးတသန့် ထုတ်လုပ်ပြင်ဆင်ထားတာကြောင့် ဈေးနှုန်း ကိုလည်း မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com