ယူကေ အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Overland-E ကတော့ သူတိုရဲ့ ဒုတိယမြောက် မျိုးဆက် လမ်းကြမ်းမောင်း လျှပ်စစ် ကားတစ်စီးကို မိတ်ဆက်ပေး လိုက်ပါတယ်။ သိသိသာသာ ထူးခြားနေ တာကတော့ အဆိုပါ ကားရဲ့ မိုင် ၇၅၀ အထိမောင်းနိုင်တဲ့ Range ကြောင့်ပါပဲ။ ကုမ္ပဏီ အနေနဲ့ အဆိုပါ ကားကို မော်ဒယ် ၂ မျိုးနဲ့ ဈေးကွက် ထဲ ဖြန့်ချီဖို့ ရှိနေပြီး Urban နဲ့ Explorer တို့ဆိုပြီး နာမည် ပေးထားပါ တယ်။ Urban ကားကတော့ လမ်းမထက်က ဇိမ်ခံ ကားကောင်း တစ်စီးအနေနဲ့ မြင်ရမှာဖြစ်ပြီး Explorer ဆိုတာကတော့ ဘယ်လို လမ်းပိုင်းမျိုးကိုမဆို ကောင်းကောင်း မောင်းနှင်နိုင်မယ့် လမ်းကြမ်းကားတစ်စီး အဖြစ် မြင်ရမှာပါ။ အဆိုပါ ကားတွေရဲ့ Prototype တွေကို အခုနှစ် ကုန်ပိုင်းမှာတင် ချပြတော့မှာဖြစ်ပြီး ထုတ်လုပ်တဲ့ အဆင့်ကားကို နောက်နှစ် နှစ်လယ်ပိုင်း လောက်မှာ မြင်ရနိုင်ပါ တယ်။ ကုမ္ပဏီရဲ့ CEO Arron Rawding ကတော့ ယာဉ်တွေကို အတူတကွတည်ဆောက်သွားနိုင်ဖို့အတွက် တကယ်ကို ညီညွတ် ကောင်းမွန်တဲ့ လုပ်ငန်း အစုအဖွဲ့ တစ်ခုရထားပြီဖြစ်ပြီး ယာဉ်တွေကို ရောင်းချရာမှာလည်း B2B Business To Business စနစ်နဲ့ ရောင်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကားတွေကို အမေရိက ဈေးကွက်ထဲက လမ်းကြမ်းမောင်း ပြိုင်ကားပွဲတွေထဲမှာလည်း ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးစား သွားဖို့ ရှိနေပါတယ်။
အဆိုပါ ကားတွေကို စစ်ဘက်မှာ သုံးဖို့လည်း ရည်ရွယ် ထားတယ်လို့ သိရပေမယ့်လည်း မသေချာသေးပဲ သေချာတာ ကတော့ အခုမြင်ရတဲ့ Gen 2 ကားက လမ်းကြမ်းမောင်း တစ်စီးပဲ ဖြစ်ပါတယ်။ အလားတူ ကား မျိုးအနေနဲ့ ဆိုရင် Audi ရဲ့ RS Q e-Tron ဆိုတာကို မြင်ခဲ့ကြရပြီးဖြစ်ပြီး ရောင်းအားအနေနဲ့လည်း အတော် လေး ကောင်းခဲ့တာကြောင့် အလား အလာ ရှိတဲ့ ဈေးကွက်ဆိုတာ ကတော့ သေချာနေပါတယ်။ ဒါ့အပြင် အခု ဖော်ပြထားတဲ့ လမ်းကြမ်းမောင်း ကား အသစ်ရဲ့ ဆွဲနိုင်တဲ့ ဝန်ကလည်း ၁,၅၀၀ ကီလိုဂရမ်တောင် ရှိတယ်လို့ သိရတာကြောင့် အတော်လေးတော့ အထင်ကြီး စရာ ကောင်းတဲ့ ကားတစ်စီးဆိုတာ မြင်နေရပါ တယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကပဲ လျှပ်စစ်စွမ်းအင်သုံး လမ်းကြမ်းမောင်း ကားတွေရဲ့ လူကြိုက်များလာမှု ကို သိသိသာသာ မြင်တွေ့ထားရပြီး Rivian R1T လို ကားမျိုးဆိုရင် ဝယ်လိုအား များလွန်းလို့ ပစ္စည်းပြတ်ရ တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အခုမြင်ရမယ့် Overland-E Gen 2 ကားကတော့ လမ်းကြမ်းမောင်းကိုမှ ပတ်ဝန်း ကျင်နဲ့လည်း ကိုက်ညီ ၊ စွမ်းအင်လည်းချွေတာနိုင်တဲ့ ကားတစ်မျိုးအဖြစ် ထွက် ပေါ်လာမှာပါ။ အခု ကုမ္ပဏီ ကတော့ သိပ်ပြီး လူသိမများသေးဘူး ဆိုပေမယ့် Mk1 Overlander ဆိုတဲ့ ကားကို ထုတ်လုပ်ထားပြီး Volkswagen Beetle ကားရဲ့ Platform ပေါ်မှာ လမ်းကြမ်းမောင်း ကားအဖြစ် ထုတ်လုပ်ထား တာပါ။
နိုင်ငံ အတော်များများ ကရော ၊ ကားကုမ္ပဏီ အတော်များများကပါ လက်ရှိမှာ လျှပ်စစ်စွမ်းအင်သုံး ဘက်ကို ကူးပြောင်း နေကြပြီဖြစ်တာကြောင့် အခု ကုမ္ပဏီကလည်း သူတို့ရဲ့ အနာဂါတ်ကို လျှပ်စစ်ကား တွေအဖြစ် ပြောင်းလဲ လိုက်တော့တာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေနဲ့ အခြား နည်းပညာ ပိုင်းဆိုင်ရာ တွေကိုတော့ ကားထွက်ပေါ်လာ ခါနီးမှ တရားဝင် ထုတ်ပြလာနိုင်ပါတယ်။ ထူးခြား တာ ကတော့ အဆိုပါ ကုမ္ပဏီ ရဲ့ ဘတ်ဂျတ်ပိုင်း နောက်ခံ ထောက်ပံ့ပေးထားတာ ကတော့ Rivian မှာ ရင်းနှီး မြုပ်နှံခဲ့ဖူးတဲ့ Pario Ventures ဆိုတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ကုမ္ပဏီနဲ့ ဆက်စပ် ပြီး အခု ကားတွေကို အမေရိက ဈေးကွက်တွေ အထိ ပါ ထိုးဖောက်ကောင်း ထိုးဖောက်လာ နိုင်ပါတယ်။ အခု မြင်ရတဲ့ Gen 2 ကားရဲ့ တည်ဆောက်ထားပုံ တွေ ၊ အလုပ်လုပ် ပုံတွေက တကယ် ကို ကောင်းမွန်တာ ကြောင့် မြန်မြန် ထုတ်လုပ်လာနိုင်ဖို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကြောင်း ကတော့ ယခင်ကတည်းက လျှပ်စစ်ကားအသစ်တွေနဲ့ ပတ်သက်လာရင် အခုလိုပဲ အိုင်ဒီယာတွေ ကောင်းခဲ့ ကြပေမယ့် တကယ်တမ်း လက်တွေ့ ထုတ်လုပ်တဲ့ အပိုင်းတွေ ဖြစ်မလာ ခဲ့ကြလို့ပါပဲ။ လက်တွေ့ မလုပ်နိုင် ခဲ့ကြတဲ့ ကုမ္ပဏီတွေထဲမှာ ကုမ္ပဏီ အသေးလေးတွေ တင်မကပဲ နာမည်ကြီး Tesla တို့ပါ ပါဝင်နေခဲ့တာပါ။ အခု ဆိုရင်လည်း Tesla ရဲ့ လူစိတ်ဝင်စားမှု အများဆုံး Cybertruck ကား ထုတ်လုပ်မှုတွေကို လာမယ့်နှစ် ၂၀၂၃ ဆီကို ရွှေ့လိုက်ပြန်ပြီ ပဲ ဖြစ်လို့ အခု ဖော်ပြခဲ့တဲ့ ကားကိုတော့ ဈေးကွက်ထဲ အမြန်ဝင်လာဖို့ မျှော်လင့်ရတော့မှာပါ။
Ref: carbuzz.com