ယနေ့ခေတ်နည်းပညာဆိုတာကတော့ မျက်စိတစ်မှိတ်အတွင်းကို တိုးတက်လွန်းနေတာဖြစ်ပြီး အထူးသဖြင့် ကြိုးမဲ့ နည်းပညာ ပိုင်းဆိုင်ရင် အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ အဆိုပါ နည်းပညာကြောင့်ပဲ လူသား သမိုင်း တစ်လျှောက် အကောင်းဆုံး ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့တစ်ချို့သော နည်းပညာဟောင်းတွေ ကတော့ အချိန်ကြလာတာနဲ့အမျှ လက်တွေ့ဘဝ လိုအပ်ချက်တွေနဲ့ မကိုက်ညီတော့ တာတွေ ဖြစ်လာကြပါတယ်။ ဒါကြောင့်လည်း အခုလို နည်းပညာဟောင်းတွေကို တဖြည်းဖြည်း အဆုံးသတ် ကာ အစားထိုးဖို့ ကြံစည်နေကြပြီဖြစ်ပြီး AT&T ဆိုတဲ့ ကုမ္ပဏီကလည်း ဒီအထဲမှာတော့ 3G ဆက်သွယ်ရေး ကွန်ရက် အဆုံးသတ်ဖို့အတွက် ပါဝင်လာ ခဲ့ပါပြီ။ အဆိုပါ ကုမ္ပဏီရဲ့ 3G ဆက်သွယ်ရေး စနစ်တွေကိုတော့ လာမယ့်အခု ဖေဖော်ဝါရီ မှာ ၂၂ ရက်နေ့မှာ တရားဝင် ရပ်ဆိုင်းပြီ ဖြစ်ပါတယ်။ အခုလို ရပ်ဆိုင်းမှုကြောင့် အဓိကကား အမျိုးအစားတစ်ချို့ဖြစ်တဲ့ Honda နဲ့ Ford တို့လို ကားတွေ ၊ ဇိမ်ခံ ကားတစ်ချို့ ဖြစ်ကြတဲ့ Lincoln နဲ့ Porsche တို့အပြင် အခြားသော Bentley ကားတွေမှာပါ ဆက်သွယ်ရေးတွေ ပြတ်တောက်လာ နိုင်ပါတယ်။
အထူးသဖြင့် ကားအတွင်း ချိတ်ဆက်တဲ့ စနစ်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်တာဖြစ်ပြီး ဘယ်နိုင်ငံ ထုတ်ကားလဲ၊ မော်ဒယ် ဘယ်လောက်လဲ ဆိုတာတွေပေါ် မူတည်ပြီး သက်ရောက်မှု ကွာခြားနိုင် ပါတယ်။ အထူးသဖြင့် ရိမုနဲ့အဖွင့်အပိတ် လုပ်တာတွေ ၊ စမတ်ဖုန်းနဲ့ ချိတ်ဆက်တာတွေ ၊ ဝိုင်ဖိုင် Hotspot လွှင့်တာတွေ စတဲ့လုပ်ဆောင် ချက် အတော်များများကို လက်လွှတ်ရနိုင်ပါတယ်။ တစ်ချို့သော အကျိုးသက် ရောက်တဲ့ ကားတွေထဲမှာဆိုရင် ၂၀၁၂ မော်ဒယ် တစ်ချို့တောင် ပါဝင်နေပြီး တစ်ချို့ဆိုရင် ၂၀၂၀ မော်ဒယ် တွေ အထိတောင် ပါဝင်တာဖြစ်ကာ အဆိုကား တွေထဲမှာတော့ 2022 Honda Pilot Trims တွေ အထိ တောင် ပါဝင်လာတာကို တွေ့ရပါတယ်။ အဆိုပါ ကားတွေမှာ ကိုပဲ ထုတ်လုပ်တဲ့နိုင်ငံနဲ့ မော်ဒယ်ပေါ်မူတည် ပြီး အကျိုးသက်ရောက်မှု ထပ်မံကွဲပြားဦးမှာ ဖြစ်စလို လက်ရှိမှာတော့ Ford ဘက်က သူတို့ရဲ့ ကားမော်ဒယ် ၁၀ မျိုး ၊ Volvo ကတော့ ၆ မျိုးနဲ့ Audi ကတော့ ၁၀ မျိုးအထိ ရှိတယ်လို့ သိရပါတယ်။
အခုဆိုရင်တော့ 3G Network မှာတုန်းက ယာဉ်မောင်းတွေကို ပေးနိုင်ခဲ့တဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေ နောက်ပိုင်း ကွန်ရက်တွေမှာလည်း ရနိုင်တဲ့စနစ်သစ်တွေနဲ့ အစားထိုး ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ The Drive ကလာတဲ့ သတင်းတွေအရ ဆိုရင်တော့ GM နဲ့ Honda တို့ ကတော့ OTA Update တွေ ကနေ ဖြေရှင်းနေသလို Volvo ၊ VW နဲ့ Ford ပိုင်ရှင်တွေ အဖို့လည်း ကိုယ်တိုင် ပြင်ဆင်နိုင်မယ့် Heardwear ပိုင်းတွေနဲ့အတူ ရရှိလာတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားရဲ့အရသာတွေကို T-Mobile Sprint မှာ စတင်ခံစားနိုင်ပြီး ဖြစ်ပြီး နောက်ထပ် 3G ကွန်ရက်တွေကိုလည်း အခုနှစ်ထဲမှာပဲ နာမည်ကြီး Verizon တို့က ဖျက်သိမ်းဦးမှာပါ။ လက်ရှိမှာတော့ အခု 4G စနစ်နဲ့ ရနေနိုင်တဲ့ လုပ်ဆောက်ချက်တွေကို 3G တွေမှာတင် ရနိုင်ဖို့ ကားကုမ္ပဏီတွေက ကြိုးစားနေကြတာ ဖြစ်ပြီး နောက်ပိုင်း 3G ဆိုတာ လုံးဝကွက် ပျောက်သွားပြီ ဆိုရင်တော့ တဖြည်းဖြည်းနဲ့ 4G ကနေ 5G အထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေ မယ့် အခုလိုမျိုး အပြောင်းအလဲတွေကတော့ ထင်ထားတာထက် ပိုမို ရှုပ်ထွေးလာနိုင်ပြီး လက်ရှိမှာတော့ ခေတ်ပေါ် ကားအတော်များများက ကြိုးမဲ့စနစ်တွေကို 3G ကွန်ရက် အခြေပြုပြပြီး လုပ်ဆောင် နေကြလို့ပဲ ဖြစ်ပါတယ်။
Ref: motor 1.com