ဥရောပတိုက် ကားဈေးကွက်ထဲမှာရောင်းချတဲ့ အနည်းစုသော အမေရိကန်ထုတ် SUV တွေထဲက ကားတစ် စီး ဖြစ်တဲ့ Jeep Cherokee ကိုတော့ အခုနှစ်အတွက် မော်ဒယ်အသစ် ထုတ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ အရွယ်အစား အလယ်အလတ်ရှိတဲ့ SUV ကားအသစ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ လောက်က တည်းက Long-Wheelbase L Version အနေနဲ့ ထုတ်လုပ်ပေးထားခဲ့တာဖြစ်ပြီး Standard Model ကို တော့ အမေရိက ဈေးကွက် အတွက် စက်တင်ဘာ နှောင်းပိုင်းလောက်မှသာ ထုတ်လုပ်ပေးနိုင်ခဲ့တာပါ။ အခု ဥရောပဈေးကွက် အတွက် ရောက်ရှိလာခဲ့တဲ့ ကားသစ်ကတော့ Plug-In Hybrid အမျိုးအစားအနေနဲ့ ဖြစ် ပြီး အမေရိက ကားမှာ တုန်းကလိုပဲ Turbocharged 2.0 Liter Gasoline Engine ကိုမှ လျှပ်စစ်မော်တာ နဲ့ တွဲဖက်ပေးထားလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ကားသစ်ရဲ့ စုစုပေါင်း စွမ်းဆောင်ရည်ကတော့ 375 hp နဲ့ 470 lb-ft Torque အထိကို စွမ်းဆောင်လာနိုင်မှာပါ။
ဒါပေမယ့် အမေရိကဈေးကွက်အတွက် ကားမှာတုန်းကတော့နောက်ထပ် Naturally Aspirated 3.6 Liter V6 Engine နဲ့ 5.7 Liter V8 Engine တွေကိုလည်း ရွေးချယ် နိုင်ပါသေးတယ်။ တကယ်တော့ ဥရောပ ဈေးကွက် အတွက် အခုလိုမျိုး အင်ဂျင်နဲ့ ကားမျိုးတွေ ထုတ်လုပ်ပေးမယ် ဆိုရင်တောင် တင်းကြပ်လာတဲ့ ကာဗွန်ထုတ်လုပ်မှု စည်းမျဉ်း စည်းကမ်းတွေကြောင့် အင်ဂျင် အကြမ်းစားတွေ ဖန်တီးပေးလို့ မရမှာပဲ ဖြစ်ပါ တယ်။ ဒါကြောင့်ပဲ အခု မိတ်ဆက် ပေးလိုက်တဲ့ PHEV ကားအသစ်က ရွေးချယ်စရာ တစ်ရပ်ဖြစ်လာခဲ့ကာ လျှပ်စစ်သီးသန့်နဲ့ပဲ မောင်းနှင်မယ် ဆိုရင် တော့ ၃၂ မိုင် အထိရရှိ နိုင်ပါလိမ့်မယ်။ သေချာတာကတော့ အဆို ပါပမာဏက အမေရိကဈေးကွက်ထဲက Grand Cherokee 4xe ရဲ့ လျှပ်စစ်စွမ်းအင်နဲ့ မောင်းနိုင်တဲ့ ပမာဏ ၂၅ မိုင် ထက်တော့ များလာတာ တွေ့ရပါတယ်။
အခု ဥရောပရဲ့ ကားသစ်မှာလည်း ထုံးစံအတိုင်းပဲ Exclusive Launch Edition အသစ်ကို ရွေးချယ်လို့ရ အောင် ထည့်သွင်းပေးထားပြီး ၂၁ လက်မ အရွယ် ဘီးအကြီးစားတွေ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် သီးသန့် အရောင် လေးမျိုး ဖြစ်တဲ့ Velvet Red ၊ Baltic Gray ၊ Bright White ဒါမှမဟုတ် Diamond Black တို့ကို လည်း သေချာရွေးချယ် ဝယ်ယူနိုင်ဦးမှာဖြစ်ကာ အဆိုပါ အရောင်တွေအကုန်လုံးရဲ့အမိုးတွေကတော့ အနက် ရောင် နဲ့ Chrome Accents တွေ အတူတူ ပါဝင်လာမှာပါ။ သာမန်ကားမှာ ဆိုရင်တော့ Fully Digital Instrument Cluster နဲ့ ၁၀.၁ လက်မ ရှိတဲ့ Touchscreen Infotainment Display တို့ကို သာရနိုင်ပေ မယ့် အခု အထူးထုတ်မှာ ဆိုရင်တော့ ၁၀.၂၅ လက်မ အရွယ် Display တစ်ခုကိုပါ အရှေ့ထိုင်ခုံက ခရီးသည် အတွက် အပို ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကောင်းမွန်တဲ့ ကား အတွင်း ခန်းအရသာ ရနိုင်ဖို့အတွက် စပီကာ ၁၉ လုံး ၊ 950 Watt Mclntosh အသံစနစ် ၊ ကြိုးမဲ့ အားသွင်းစနစ်တို့ အပြင် စိတ်ကြိုက်ဖန်တီးနိုင် မယ့် LED Ambient Lighting တို့ကိုပါ ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။ အဆိုပါ ကားသစ်ကိုတော့ ဒီနေ့ကစလို့ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ယူကေ၊ ဘယ်လ်ဂျီယံ၊ ဩစတြီးယား၊ လူဇင်ဘတ်နဲ့ နယ်သာ လန်တို့မှာ စတင်မှာယူ နိုင်ပြီဖြစ်ပါတယ်။ သီးသန့် Launch Edition အထူးထုတ်ကတော့ အီတလီ ဈေးကွက် ထဲမှာဆိုရင် €94,000 လောက်ကျသင့်တာ တွေ့ရပြီး ပြိုင်ဘက် BMW X5 xDrive 45e ဆိုရင် တောင်မှ €84,000 လောက်ပဲ အခြေခံ ဈေးနှုန်း ရှိတာကို တွေ့ရပါတယ်။ အမေရိက ရဲ့ Grand Cherokee 4xe ကားတုန်းက ဆိုရင်တော့ $ 59,495 အထိ ကျသင့်ခဲ့တာပဲ ဖြစ်ပါတယ်။
Ref: motor 1.com