Toyota ကတော့ သူတို့ရဲ့ နာမည်ကျော်ကားတစ်စီးဖြစ်တဲ့ Sienna အမျိုးအစားရဲ့ ၂၅ နှစ်ပြည့် အထိမ်း အမှတ် ကို ဆင်နွှဲ‌တဲ့အနေနဲ့ သီးသန့် Limited Edition မော်ဒယ်တစ်စီးကို ချပြလိုက်ပါတယ်။ အဆိုပါ ကားကတော့ သာမန် မော်ဒယ်ရဲ့ Camry Nightshade Edition နဲ့ Tundra ကားရဲ့ SX Package အသစ် တို့ကို ပေါင်းစပ်ကာ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ ၂၅ နှစ်ပြည့် အထူးထုတ် ကားကိုတော့ XSE Trim ပေါ်မှာ အခြေခံ ဖန်တီးထားပြီး Range ထဲမှာတော့ Sport အဆန်ဆုံး ကားတစ်စီးလည်း ဖြစ်ပြန်ပါတယ်။ သာမန် ကားတစ်စီးလို မဟုတ်ပဲ Toyota ကတော့ ထိပ်တန်း သီးသန့် Limited ကားတွေ မှာ မြင်ရတဲ့ အတိုင်းပဲ အတွင်းရော အပြင်ရော ဆန်းသစ်မှု ထူးခြားမှု ပေါင်းစုံထည့်ပေးထား တာတွေ့ရမှာ ပါ။ အခု အထူးထုတ်ကားကိုတော့ အစီးရေ ၂,၅၂၅ စီး ပဲ သီးသန့်ထုတ်လုပ်ပေးမှာ ဖြစ်တဲ့အပြင် ထူးခြားတာ ကတော့ အဆိုပါ ကားအားလုံးက Hybrid အင်ဂျင် အမျိုးအစား ‌ဖြစ်နေမှာပါ။ တကယ်တော့ Sienna ကလည်း Hybrid အနေနဲ့ပဲ ရလာတာ လွန်ခဲ့တဲ့ ဆယ်စုနှစ် လောက် ကတည်းက ပဲ ဖြစ်ပါတယ်။ အခုခေတ် မှာ ဆိုရင်တော့ နဂို ကတည်းက Hybrid ဖြစ်ထားခဲ့တဲ့ Sienna ကားပိုလို့တောင် ရောင်းအား ကောင်းဖို့ အတွက် အကောင်းဆုံးအားသာချက် ဖြစ်လာခဲ့ပြီး Minivan တွေရဲ့ရောင်းအား ၃၅% လောက်ကို လွှမ်းမိုး ထားနိုင်တာပါ။

Photo Credit: CARBUZZ

အခု ၂၅ နှစ်ပြည့် အထူးထုတ် ကားသစ်မှာတော့ လက်မ ၂၀ အရွယ် Split Five-Spoke ဘီးကို တပ်ဆင် ထားပြီးအရှေ့ အနောက် ဒီဇိုင်းတွေကလည်း သာမန်ထက်ကို ပိုပြီး Aggressive ဖြစ်နေတာပါ။ ကားရဲ့ ရှေ့နောက် ဘန်ဘာတွေ ၊ အနက်ရောင် Caps တွေနဲ့ Sport အရသာ ရအောင် ဖန်တီးပေးထားတဲ့ Suspension စနစ် တွေလည်း ပါဝင်လာခဲ့ ပါတယ်။ အခု Sienna အထူးထုတ်ကိုတော့ Celestial Silver ဆိုတဲ့ ငွေရောင်နဲ့ ရရှိနိုင်ပြီး Wind Chill Pearl ဆိုတဲ့ အရောင်ကိုလည်း ဒုတိယမြောက် အရောင်အနေနဲ့ ရွေးချယ်နိုင်ပါသေးတယ်။ ဒါ့အပြင် သာမန်ထက် ပိုသိသာ ထင်ရှားတဲ့ အနက်ရောင် ကားတံဆိပ်နဲ့ အနက် ရောင် အစင်းကြောင်းလေးတွေကို မြင်ရမှာ ဖြစ်ကာ ငါးမန်းတောင်ပုံစံ Antenna ကိုလည်း ထည့်ပေးထား သေးတာ ဖြစ်ပါတယ်။ ယခင် XSE Package မှာ ကတည်းက ပါထားတဲ့ တစ်ချို့ လုပ်ဆောင်ချက် တွေကို တော့ အခု အထူးထုတ်ကားသစ်မှာ Standard အနေနဲ့ကို ထည့်ပေးထားတာလည်း တွေ့ရမှာ ပါ။ အဆိုပါ အချက်တွေထဲမှာ ဆိုရင်တော့ အမိုးပေါ်က ပစ္စည်းတင်စရာစင် ၊ လမ်းညွှန်စနစ် ၊ ကြိုးမဲ့ အားသွင်း စနစ် နဲ့ ၊ 1,500 W အထိ ရှိတဲ့ Converter တို့အပြင် အဆင့်မြင့် JBL အသံ စနစ်တို့လည်း ပါဝင် နေတာပဲ ဖြစ်ပါ တယ်။

Photo Credit: CARBUZZ

ဒါ့အပြင် အဆင့်မြင့်ဆုံး ကားတစ်စီးအဖြစ် အကောင်းဆုံးဆိုတာတွေကိုချည်းပဲ ထည့်ပေးထားပြီး အထူး သဖြင့် ဘက်မှန် တွေထားပုံကို မှတ်ထားပေးနိုင်တာတွေ ၊ အလိုအလျောက် မီးအရောင် မှိန်ပေးတာတွေ ၊ Puddle Lights မီးလေးတွေနဲ့ ခုံတွေကို အလိုအလျောက် ရှေ့တိုးနောက်ဆုတ်တွေ အသေးစိတ်က အစ အကုန်ထည့်ပေးထားတာပါ။ အခု ၂၅ နှစ်ပြည့် ကားသစ်မှာတော့ အနက်ရောင် လယ်သာထိုင်ခုံကို ငွေရောင် လိုင်းတွေနဲ့ အလှဆင်ပေးထားပြီး အရှေ့ဘက် ထိုင်ခုံတွေကတော့ Heated စနစ်နဲ့ရော Ventilated စနစ် နဲ့ပါ အပူချိန် ထိန်းညှိ ပေးထားမှာပါ။ ဒါ့အပြင် အထူးထုတ် ကားမော်ဒယ် ဖြစ်တာကြောင့် သာမန်နဲ့ လုံးဝ မတူတဲ့ ကြမ်းခင်းဖျာတွေနဲ့ သီးသန့်အနက်ရောင် ကားသော့ တို့ပါ ရနိုင်ဦးမှာပဲ ဖြစ်ပါတယ်။ ကားကို ဝယ်ယူ ချင်တဲ့ သူတွေကတော့ Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive အနေနဲ့ ရွေးချယ်နိုင်သေးပြီး အင်ဂျင်ကတော့ 245 hp ရှိတဲ့ Hybrid Engine ပဲ ဖြစ်မှာပါ။ ဒါပေမယ့် All-Wheel Drive Version မှာ ဆိုရင်တော့ အနောက်ဘက်မှာ သီးသန့် လျှပ်စစ်မော်တာ တစ်လုံး ထပ်မံ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Four-Wheel Drive စနစ်မှာကတော့ EPA စံ သတ်မှတ်ချက်အရ ဆိုရင် ဆီတစ်ဂါလံ ကို ၃၆ မိုင် လောက် မောင်းလို့ရပြီး All-Wheel Drive မှာ ဆိုရင်တော့ ၃၅ မိုင် လောက် မောင်းလို့ ရမှာပါ။ ဈေးနှုန်း အသေးစိတ် နဲ့ ဈေးကွက် ထဲ စတင်ချပြမယ့် နေ့ရက်တွေကိုတော့ Toyota ဘက်က မဖော်ပြ ထားသေးတာကြောင့် စောင့်ဆိုင်းရဖို့ ရှိပါသေး တယ်။

Ref: carbuzz.com