Nissan Armada လို့ လူသိများကြတဲ့ Patrol SUV ကားကတော့ ယူအေအီးနိုင်ငံမှာဆိုရင် စွမ်းဆောင်ရည် ကောင်းတွေနဲ့ လိုက်ဖက်လွန်းလို့ နာမည်ရတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ အခု ဆိုရင်တော့ ကောင်းပြီးသား အဆိုပါ ကားကိုပဲ ပိုကောင်းလာတဲ့ Tuning ပိုင်းတွေ Drag Racing Series တွေ စသဖြင့်တောက်လျှောက် ပြန်လည် ပြုပြင် လာကြတာ ဖြစ်ပြီး Horsepower ပို ကောင်းအောင် ပြင်ဆင်ထားကြတဲ့ ကားတွေလည်း အများကြီး ရှိခဲ့ ပါတယ်။ အခု တစ်ခေါက် ထပ်မြင်ရမယ့် ကားကတော့ ၂၀၁၇ ကတည်းက ဈေးကွက်ထဲ ရောက်နေတဲ့ ကားတစ်စီးဖြစ်ပြီး အခု ပြန်လည် ပြင်ဆင်ပေးထားတဲ့ အပိုင်းကတော့ ထင်မထားလောက် အောင် အံ့အားသင့်စရာ ကောင်းနေတာ မြင်ရမှာ ဖြစ်ပါတယ်။ ၅ နှစ်အကြာ အခုဆိုရင်တော့ အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း 2400 hp ဆိုတဲ့ တကယ့်ကြောက် စရာ မောင်းနှင်အားကြီးကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး အင်ဂျင်ပိုင်းကလည်း Nissan GT-R ရဲ့ VR38DETT Twin- Turbocharged 3.8 Liter V6 Engine ကို မှ အတော်လေးကို အထူးတလည် ပြင်ဆင်ထားတာတွေ့ရမှာပါ။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေ ကိုတော့ သေချာမသိရသေးပေမယ့် အခု လက်ရှိကြားထားရတဲ့ ရလဒ်ကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ။ မိုင်ဝက် ခရီးကို မောင်းနှင်ခဲ့တာမှာဆိုရင် အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်ကတစ်နာရီ ကို ၂၁၉.၈၃ မိုင်အထိ အံ့မခန်း ရှိခဲ့ပါတယ်။

 

အဆိုပါ အထူးပြန်လည် ဖန်တီးထားတဲ့ ကားသစ်ကြီးကိုတော့ ဒူဘိုင်းမှာရှိတဲ့ Tilal Swaihan မိုင်ဝက် ကား မောင်း နေရာမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ မူလပိုင်ရှင်ကတော့ 4.8 Liter Inline-Six Engine ကို ကောင်းကောင်း ထိန်းသိမ်းထားနိုင် ခဲ့တာကြောင့် နောက်ပိုင်းမှာ အခုလို 2700 hp ဆိုတဲ့ အထိ မြှင့်တင်နိုင်ခဲ့တာပါ။ ဒါ့အပြင် ပို‌ပြီး အရေးပါတဲ့ အပိုင်းကတော့ Twin-Turbo Setup ပဲ ဖြစ်ပြီး အတွင်းခန်း တွေက အစ အတော်လေး ပြောင်းလဲပေးထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး အပိုစွမ်းဆောင်ရည် ကောင်းတွေ ကြောင့် တစ်နာရီကို ၂၂၁.၂၃ မိုင် ဆိုတဲ့ အံ့မခန်း ရလဒ်ကို ရနိုင်ခဲ့တာပါ။ ဒါ့အပြင် အဆိုပါ Patrol ကား အသစ်ကိုပဲ အနောက်ဘက် Suspension ပေါ်မှာ Truck Bed အနေနဲ့ ပြန်လည် ဖန်တီးထားတာကိုလည်း မြင်ရပါသေးတယ်။ အဆိုပါ ကားမှာဆိုရင်တော့ ဘယ်လောက် အင်ဂျင်နဲ့ ဘယ်လောက် စွမ်း‌ဆောင်နိုင်သလဲ ဆိုတာ အတိအကျ မသိခဲ့ရပေမယ့်လို့ မောင်းနှင်ရာမှာတော့ တစ်နာရီ ကို ၁၉၃.၅၁ မိုင် အထိ ရှိခဲ့တယ်လို့ တွေ့ရပါတယ်။

Photo Credit: CARBUZZ

နောက်ထပ် မြင်ရတဲ့ ကားသစ်ဖန်တီးမှု တစ်မျိုးကတော့ Carbon Body ဖြစ်အောင် တစ်စီးလုံးကို ပြင်ဆင် ထားတာ ဖြစ်ပြီး Motec Engine Management စနစ်ထည့်ပေးထားတဲ့ Patrol ကားတစ်စီးပဲ ဖြစ်ပါတယ်။ ဒီကားမှာလည်း ဘယ် အင်ဂျင်ကို သုံးထားလဲဆိုတာ မသိရသေးပေမယ့်လည်း မိုင်ဝက် မောင်းနှင်ရာမှာ တော့ တစ်နာရီကို ၂၁၄.၅၉ မိုင် အထိ ရှိခဲ့တယ်လို့ သိရပြန်ပါတယ်။ နောက်ထပ် Patrol ကား ပြင်ဆင်မှု အသစ်မှာ ဆိုရင်လည်း တကယ့်ကို အကြမ်းစား ပြင်ဆင်မှုတွေကို ဖန်တီးထားတာ မြင်ခဲ့ရပြီး တကယ်တမ်း မောင်းနှင်ရာမှာဆိုရင်လည်း မြန်နှုန်းအနေနဲ့ဆိုရင်တော့ တစ်နာရီကို ၂၀၃.၃၄ မိုင်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းအခု Tilal Swaihan ပွဲကြီးမှာ မြင် ခဲ့ရတာတွေက Patrol ကား တွေရဲ့ အလန်းစား ပြင်ဆင် မှုတွေချည်းပဲ မဟုတ်ခဲ့ပါဘူး။ နောက်ထပ် စိတ်ဝင်စားစရာ ကား ပြင်ဆင်မှုတွေထဲမှာ ဆိုရင်တော့ R32 Nissan Skyline GT-R ကိုလည်း မြင်ခဲ့ရသေးပြီး အဆိုပါ ကားမှာဆိုရင် တော့ မူလ အင်ဂျင်အစား Rear-Wheel Drive နဲ့ Turbo တစ်လုံးတပ် 2JZ-GTE တို့ကို ပြောင်းလဲတပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားကလည်း အံ့အားသင့်စရာပဲ တစ်နာရီကို ၁၉၂.၇၁ မိုင် အထိ မောင်းနှင်နိုင်ခဲ့ တာဖြစ်ပါတယ်။ အခု ပွဲကို ပြင်ဆင်ပေးလာခဲ့တဲ့ နောက်ထပ် Fully Built R 35 GT-R ကား ဆိုရင်လည်းတစ်နာရီကို ၂၃၆.၂၂ မိုင် ဆိုတဲ့ ပမာဏကြောင့် တကယ်ကို အံ့အားသင့်ဖို့ ကောင်းပြီး အခုမြင်လိုက်ရတဲ့ ကားတွေကို ကြည့်မယ်ဆိုရင် တော့ စူပါကား တစ်စီး ဖြစ်လာဖို့အတွက် တကူးတက ဝယ်နေစရာမလိုပဲ အင်ဂျင်သာအရေးကြီးဆုံးဆိုတာ သိလိုက်ရပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com