ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ Honda ကနေ ဒီဇိုင်း ပြန်လည်ဆန်းသစ်ထားတဲ့ Version အသစ် 2023 Honda HR-V ကားသစ်ကိုကြေညာသွားခဲ့ပြီး အခု နွေရာသီအရောက်မှာ ၂၀၂၃ မော်ဒယ်အနေနဲ့ အရောင်း ပြခန်းတွေဆီ ရောက်လာမယ်လို့ သိရပါတယ်။ အဆိုပါ Subcompact Crossover ကားအသစ်မှာတော့ ခပ်တည်တည် ၊ ခပ်ကြမ်းကြမ်း ဆိုတဲ့ ခံ့ညားတဲ့ အသွင်ကိုမြင်လာရပြီး အင်ဂျင်စက်ဖုံး ခပ်ရှည်ရှည် ၊ ဘေးအ စွန်းနှစ်ဖက်က LED Lights တွေနဲ့အတူ ပိုကြမ်းတဲ့ အသွင်ကို ပေးနိုင်တာကတော့ ဘေးဘက်က အနက် ရောင် Line တွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီကားအပြီးမှာပဲ ထုံးစံအတိုင်း စွမ်းဆောင်ရည်မြင့် ကားသစ် တစ်စီး အဖြစ် TrailSport တံဆိပ်တပ်ပြီး ထွက်လာဦးမယ် ဆိုရင်လည်း သိပ်တော့ အံ့အားသင့်ရမှာ မဟုတ် ပါဘူး။ အကြောင်းကတော့ Honda တို့ အနေနဲ့ 2023 Passport SUV အတွက်ကိုလည်း TrailSport Grade ကို ထပ်မံထုတ်ပေးခဲ့လို့ပဲဖြစ်ပြီး အခြားသော ယာဉ်အသစ်တွေမှာလည်း မြင်လာရနိုင်ချေက များနေ တာ ဖြစ်ပါတယ်။

                                                               Photo Credit: MotorAuthority

Passport အမျိုးအစားရဲ့ TrailSport ကား အနေနဲ့ တုန်းကတော့ ဘီးတွေနဲ့ တာယာတွေက အစ ပိုပြီး ခပ် ကြမ်းကြမ်း ဖြစ်အောင် ဖန်တီးပေးထားကာ ကား ရဲ့ပုံစံကိုလည်း ဘာမဆို စွမ်းဆောင်နိုင်မယ်ဆိုတဲ့ ပုံမျိုး ကိုတော့ ပေါက်သွား စေပါတယ်။ ဒါ့အပြင် လိမ္မော်ရောင် အစင်းလေးတွေနဲ့ အတွင်းခန်း အပြင်အဆင်တွေ ကလည်း ကြည့်ကောင်းနေသလို All-Weather Mats ကြမ်းခင်းတွေကြောင့်လည်း ကားအတွင်းကို အချိန် ပြည့် သန့်ရှင်းနေစေမှာပါ။ Honda အနေနဲ့ ကတော့ အဆိုပါ HR-V ကားကို Redesigned Version အနေ နဲ့ အခြားသော ဈေးကွက်တွေထဲမှာ ထုတ်လုပ်ပေးခဲ့ ပြီး ဖြစ်ပေမယ့် အခုတစ်ခေါက်  အမေရိက ဈေးကွက် အတွက်ကို အဓိက ထားထုတ်လုပ်ပေးလာတဲ့ ကားကတော့ အတော်လေးကို ကွဲပြားခြားနား ပါတယ်။ တကယ်တော့ အခု ကားက နောက်ဆုံးထွက်ထားတဲ့ Civic ကားရဲ့ Platform နဲ့လည်း အတူတူ ဖန်တီးထား တာဖြစ်လို့ အနောက်ဘက် Suspension ပိုင်းကလည်း လွတ်လွတ်လပ်လပ် ဖြစ်သွား တာပါ။ ဒါ့အပြင် ကား ရဲ့ Wheelbase ကလည်း ပိုရှည်သွား ခဲ့ပြီး ယခင် မျိုးဆက်ထက်လည်း ပိုပြီးကျယ်ဝန်းတဲ့ ကား တစ်စီးအဖြစ် ပြောင်းလဲသွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

                                                                Photo Credit: MotorAuthority

လက်ရှိမှာတော့ အဆိုပါ ကားသစ်ရဲ့ အင်ဂျင်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ကုမ္ပဏီဘက် က ပြောကြားထားခြင်းမရှိ သေးပါဘူး။ ယခင် မျိုးဆက်ကားအဟောင်းတုန်းကတော့ 1.8 Liter Inline-4 Engine ကို သုံးခဲ့ပြီး 141 hp အထိ စွမ်းဆောင် နိုင်ခဲ့ပါတယ်။ အခု HR-V အသစ် ရဲ့ အင်ဂျင်ကတော့ Civic ရဲ့ Base  အင်ဂျင်ကို သုံးထားမယ်လို့ ခန့်မှန်းရပြီး 2.0 Liter Inline-Four Engine ဖြစ်လာနိုင်ကာ 158 hp လောက် အထိကို စွမ်းဆောင် လာနိုင်ပါတယ်။ ကားရဲ့ ဂီယာပိုင်းမှာတော့ Continuously Variable Transmission စနစ် ကို သာမန် ဂီယာစနစ်နေရာမှာ အစားထိုးလာနိုင်ပြီးဝယ်ယူမယ့်သူတွေ အနေနဲ့လည်း Front-Wheel Drive နဲ့ All-Wheel Drive တို့ ဆိုပြီး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းတွေကိုတော့ ဈေးကွက်ထဲ တရားဝင် စတင် ဖြန့်ချီဖို့ နီးကပ်လာ ချိန်မှသာ သိရမှာ ဖြစ်ပါတယ်။ Honda ကတော့ အခုနှစ် ကို သူတို့အတွက် Crossover နှစ်တစ်နှစ်လို့ တင်စားထားပြီးနောက်ထပ် Crossover တွေ ဖြစ်ကြတဲ့ CR-V နဲ့ Pilot တို့ကိုလည်း ဒီဇိုင်း ပြောင်းလဲထားတဲ့ ကားအသစ်တွေ အဖြစ် မကြာခင်မှာပဲ ထုတ်လုပ် ပေးလာဖို့ ရှိနေပါသေးတယ်။ လက်ရှိ မှာတော့ အဆိုပါကားအသစ်တွေကို Prototype အဆင့်တွေ အထိ စမ်းသပ် နေ တာမြင်ခဲ့ရပြီး ဖြစ်တာကြောင့် ဘယ်လိုပုံစံတွေနဲ့ ထွက်ပေါ်လာဦးမလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါ တယ်။

Ref: MotorAuthority