Renault ကား ကုမ္ပဏီကတော့ သူတို့ရဲ့ ဟိုးယခင်ကတည်းက လျှပ်စစ်ကားသေးလေး ဖြစ်တဲ့ Zoe ကို ထုတ်လုပ် ခဲ့တာ ၁၀ နှစ်တောင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားသေးလေးကို လာမယ့်နှစ် အနည်းငယ်မှာပဲ ထုတ်လုပ်မှုတွေ ရပ်တန့်တော့မှာဖြစ်ပြီး နောက်ဝင်လာမယ့် လျှပ်စစ်ကားသစ်တွေကိုပဲ နေရာ ပေးဖို့ စီစဉ်နေပါပြီ။ ကားသစ်တွေထဲမှာမှ R4 နဲ့ R5 ဆိုတဲ့ လျှပ်စစ် ကားတွေကိုတရားဝင် Concept တွေအနေနဲ့ ချပြထားခဲ့ပြီဖြစ်ပြီး ၂၀၂၅ လောက်မှာ ချပြလာမယ်လို့ သိရပါတယ်။ အခုလ အစောပိုင်းမှာတုန်းကလည်း Renault 4ever Trophy Concept ဆိုတဲ့ Entry-Level EV ကားပုံလေးကို ချပြ ထားပြီးဖြစ်ပြီး အခုဆိုရင်တော့ နောက် ၃ နှစ် လောက်နေရင် ဈေးကွက်ထဲ မြင်ရတော့မယ့် ကားရဲ့ပုံကို အနီးစပ်ဆုံး ပုံဖော်ကြည့်လို့ရပြီပဲ ဖြစ်ပါတယ်။ တကယ် တမ်းမှာတော့ မူလ Classic Renault 4 ကားထက် ပိုကြီးလာဖို့ရှိနေပြီး Concept မှာကတည်းက ၁၆၃.၇ လက်မ အရှည်နဲ့အကျယ် ၇၆.၇ လက်မရှိနေလို့ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ပုံကြမ်းမှာ မြင်ရသလောက် ကားကို ပိုကြွတက်လှပလာစေတဲ့ နောက်ထပ်ဒီဇိုင်း တစ်ရပ်ကတော့ ၁၉ လက်မ အရွယ် ဘီးပုံစံအဆန်းတွေပါပဲ။ အခု လျှပ်စစ် Hatchback ကားလေးမှာတော့ ပုံကြမ်းအရဆိုရင် အရှေ့ရော အနောက်ရောမှ လိုအပ်မှပေါ်လာမယ့် Pop-Up တံခါး လက်ကိုင်ဒီဇိုင်းတွေ သုံးလာမှာဖြစ်ပြီး Arches တွေ ဘေးဘက်က Side Skirts တွေမပါပဲ ရိုးရှင်းလှပတဲ့ ကားကိုယ်ထည်အဖြစ် မြင်ရဖို့ရှိပါတယ်။ ဒါ့အပြင် ယခင် ကားတွေလို တာယာအပိုနဲ့ အမိုးကိုင်းလို ဒီဇိုင်းကိုလည်း ဖယ်ထုတ်ထားပြီး Ford Bronco တုန်းကလိုမျိုး အင်ဂျင် စက်ဖုံး ပုံစံမျိုးကိုလည်း ပုံကြမ်းမှာ ဖန်တီးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

Renault 5 လိုမျိုးပဲ အခု Renault 4 ကားမှာတော့ CMF-BEV Platform ကို အသုံးပြုထားပြီး မြင်ခဲ့ရဖူးတဲ့ 4ever Trophy ကားရဲ့ အမြင့်နီးပါးအဖြစ် ၇၄.၈ လက်မလောက် ရှိနိုင်ပါတယ်။ အခု ကားရဲ့ Concept မှာတုန်းကတော့ 42 kWh Battery ကို အသုံးပြုထားပြီး တစ်ခါအားသွင်းရုံနဲ့ မိုင်ပေါင်း ၂၅၀ လောက်အထိ သွားနိုင်မယ်လို့ သိရပါတယ်။ အခု ပုံကြမ်းဆွဲကြည့်ထားတဲ့ ကားသစ်က တကယ်တမ်း ထွက်လာရင်လည်း Concept လောက်ကို ရှိလာနိုင်ပြီး လျှပ်စစ်မော်တာကို အရှေ့မှာ တပ်ဆင်ကာ 130 hp စွမ်းဆောင်ရည်နဲ့ ၉ စက္ကန့်အောက်မှာတင် ၆၂ မိုင် ပမာဏ မြန်နှုန်းကို အရှိန်တင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော မှာတော့ Renault အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ အစောပိုင်း လောက်ကတည်းက လျှပ်စစ် Supermini ကားကို အနည်းငယ် ချပြထားတာကြောင့် Renault4 မတိုင်ခင် Renault5 ကအရင်ရောက်လာ နိုင်လိမ့်မယ်လို့ သိရပါတယ်။

Ref: motor 1.com