အခုမြင်ရမယ့် Mercedes ရဲ့ EQC Sedan လျှပ်စစ်ကား ဒီဇိုင်းပုံကြမ်းကတော့ လက်ရှိ Mercedes Lineup ထဲရှိပြီးသား Bespoke EV လေးမျိုးနဲ့လုံးဝကို မတူကွဲပြားနေတာ တွေ့ရမှာပါ။ ဒီဇိုင်းအရတော့ EQXX နဲ့ တူညီနေတာဖြစ်ပေမယ့် ကုမ္ပဏီဘက်က အခုဒီဇိုင်းကို အတည်မပြုနိုင်သေးတာကြောင့် တကယ်ထွက်လာတဲ့အချိန်ရောက်ရင်တော့ အများကြီး အပြောင်းအလဲ ဖြစ်လာနိုင်ပါသေးတယ်။ အခုဒီဇိုင်းပုံကြမ်းကိုတော့ ကုမ္ပဏီရဲ့ အတွင်းပိုင်းရင်းမြစ်တွေဆီက အချက်အလက်တွေအပေါ် အခြေခံဖန်တီးထားတာဖြစ်ပြီး လက်ရှိအထိတော့ Sedan Type မဟုတ်တဲ့ EQC SUV ကိုစမ်းသပ်နေတာ မြင်တွေ့ထားရဖူးပါတယ်။ သတင်း တွေအရတော့ အဆိုပါ Sedan Type ကားကလည်း EQE နဲ့ EQS ကားတွေကနေ ကွဲထွက်လာအောင် EQXX ရဲ့ ကားဒီဇိုင်းအတိုင်း မှီငြမ်း ဖန်တီးလာနိုင်တယ်လို့ သိထားရတာပါ။

Photo Credit: InsideEvs

EQC ကားသစ်မှာ သုံးလာမယ့် Platform ကတော့ EQE နဲ့ EQS တို့မှာ သုံးခဲ့တဲ့ EVA Platform ပဲ ဖြစ်တာကြောင့် ကုမ္ပဏီရဲ့ MMA Entry Luxury ဆိုတဲ့ ကားတန်းအသစ်မှာ ပထမဆုံး မြင်လာရမှာလည်း ဖြစ်ပါ တယ်။ ကုမ္ပဏီ ကတော့ အဆိုပါကားတွေကို လက်ရှိ EQA နဲ့ EQB လျှပ်စစ်ကားသစ်တွေရဲ့ အရွယ်အစားအတိုင်း ဖန်တီးပေးလာနိုင်ပြီးသာမန် C Class အရွယ်ကားတွေထက်တော့ ပိုကြီးလာဖို့ ရှိပါတယ်။ ဒါကြောင့် နောက်ထွက်လာဦးမယ့် MMA Platform ကားတွေကို မျှော်ကြည့်နိုင်ဖို့ အတွက်လည်း အခု EQXX Prototype ကားပုံစံကို ခန့်မှန်း ရေးဆွဲကြည့်တာ ဖြစ်ပါတယ်။ အခု မြင်ရတဲ့ ဒီဇိုင်းအရတော့ ကားနောက်ဘက် အရှည်ပုံစံမျိုးကြောင့် ပုံမှန်ထက် ပိုရှည်လိမ့်မယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန် အရှည်ကတော့ ၁၈၃.၂ လက်မပဲ ရှိပြီး ဘီးတွေ အကြားအကွာအဝေးကလည်း ၁၁၀ လက်မရှိတာကြောင့် လက်ရှိ C-Class တွေထက် ပို‌တိုပါတယ်။

Photo Credit: InsideEvs

ကားရဲ့ အရှေ့ဘက် ပုံရိပ်တွေက EQXX ကိုပဲ မှီငြမ်း ဖန်တီးကြည့်ထားတာဖြစ်ပြီး Mercedes-AMG ရဲ့ Electric Concept ဆီကလည်း အနည်းငယ် ယူထားပါသေးတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ Platform အသစ် အတွက် ကြိုတင်ဖန်တီး ကြည့်ထားတာကြောင့် AMG ကား အပိုင်း‌အတွက် ဆိုရင်လည်း AMG.EA Architecture က စိတ်လှုပ်ရှားစရာ ဖြစ်လာမှာပါ။ အခု ပုံကြမ်းကို ဘေးဘက်ကကြည့်လိုက် မယ် ဆိုရင်တော့ EQXX လောက် ပါးပါးလျလျ ဖြစ်မနေတာကြောင့် ခရီးသည် အတွင်းခန်းနဲ့ Greenhouse အပိုင်းတွေ ဘက်ကို ပိုအားစိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အဆိုပါ ကားသစ်ကို အခု ဆယ်စုနှစ် တစ်ဝက် လောက် မှာတင်ပဲ ထုတ်လုပ်ပေးလာနိုင်မယ်လို့ မျှော်လင့် ရပြီး Tesla Model 3 ထက် ပိုကောင်းတဲ့ Range နဲ့ ထိပ်တိုက် ယှဉ်ပြိုင်လာနိုင်ပါတယ်။ ဒါ့အပြင် Mercedes ရဲ့ လျှပ်စစ် ကားတွေထဲမှာလည်း အရေးကြီး ဆုံး အမျိုးအစားတစ်ရပ် ဖြစ်လာနိုင်ကာ လာမယ့် ၂၀၂၅ ဝန်းကျင်မှာ ထွက်ပေါ်လာဦးမယ့် BMW ရဲ့  3 Series အရွယ် BMW Neue Klasse EV Sedan တွေနဲ့ ပြိုင်ဘက်ဖြစ်လာ နိုင်ပြန်ပါတယ်။

Ref: InsideEvs