Volkswagen တို့ကတော့ သူတို့ရဲ့ လူကြိုက်များ ကားအမျိုးအစားတစ်စီးဖြစ်တဲ့ Passat ကားကို အဆင့်မြှင့် တင်ပေးဖို့ရှိနေပါပြီ။ အခုနှစ် ဖေဖော်ဝါရီ အစောပိုင်းလောက်ကတည်းက အဆိုပါမျိုးဆက်သစ် ကားအတွက် စမ်းသပ်မှုတွေ စတင် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး အစပိုင်းတုန်းကတော့ လက်ရှိမျိုးဆက် ကားကိုပဲ အကြမ်း ထည် အနေနဲ့ အခြေခံ စမ်းသပ်နေခဲ့တာပါ။ အခု ဆိုရင်တော့ မျိုးဆက်သစ် ဖြစ်လာမယ့် ကားစစ်စစ်ကို သုံး ကာ စမ်းသပ်နေပြီ ဖြစ်ပြီး စတေကာ တစ်ချို့တော့ ဖုံးအုပ်ကာ အရေးကြီး နေရာတွေကို ကြိုမမြင်နိုင်အောင် တော့ ကာကွယ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရသလောက် ပုံရိပ်တွေကို စုစည်းကာ အဆိုပါ ကား သစ်အတွက် တရားဝင် မဟုတ်သေးတဲ့ Digital Rendering ပုံကြမ်း တစ်ခုတော့ ထွက်လာနိုင်ခဲ့ပါပြီ။ တရားဝင် မဟုတ်သေးဘူးလို့ သေချာပြောထား တာကြောင့်အခု ဖန်တီးထားတဲ့ ကားအတိုင်း ဖြစ်လာနိုင်မ လား ဆိုတာကတော့လုံးဝကို မသေချာ သေးတာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါ မျိုးဆက်သစ်ကား မှာ ပါဝင်လာနိုင်တဲ့ ဒီဇိုင်းပိုင်း တစ်ချို့တွေကို Spy Shots တွေထဲက အတိုင်း သုံးထားတာကြောင့် အထိုက် အလျောက်တော့ မှန်ကန်လာဖို့ ရှိနေပါတယ်။

Photo Credit: motor 1.com

VW ရဲ့ နောက်ပိုင်း ဒီဇိုင်းတွေအရ ဆိုရင်တော့ အခု Passat Wagon ပိုင်းမှာလည်း Grille တစ်ခုစာတည်း ထည့်ပေးထားတဲ့ ခပ်ရှင်းရှင်း ပုံစံကိုပဲ သုံးလာ နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ပုံစံကတော့ အဆိုပါ Grille ထဲမှာပဲ ခပ်ကျဉ်းကျဉ်း Matrix LED တွေတပ်ဆင်ထားတာ ဖြစ်ပြီး ID Models တွေကအတိုင်း ဖြစ်လာ နိုင်ပါတယ်။ ကားရဲ့ ဘန်ဘာတွေကလည်း Prototype ထဲကအတိုင်း ဖြစ်လာနိုင်ဖို့ များပေမယ့် စတေကာ အုပ်ထားသေးတဲ့ Prototype ကြောင့် အဆိုပါ အပိုင်းကတော့ နည်းနည်းပဟေဠိဆန်နေဆဲပါ။ Passat ကား ကတော့ ဥရောပ ဈေးကွက်မှာ အခု ကစပြီး Wagon တစ်မျိုးတည်း အဖြစ်သာ သီးသန့်ရတော့မှာ ဖြစ်လို့ အခုပုံကြမ်းကလည်း အမိုးအရှည် Long Roof Model အနေနဲ့ပဲ ပြထားတာ ဖြစ်ပါတယ်။ မြင်ရသ လောက် ကတော့ ကားရဲ့ တံခါးပေါက် တွေကလည်း Prototype တွေမှာ မြင်ရတဲ့အတိုင်းပဲ ဖြစ်ပြီး အနောက်ဘက် ကို ခပ်ကျဉ်းကျဉ်းလေး ဆင်းသွားတာမျိုးနဲ့အတူ Sports ပို ဆန်တဲ့ အရသာကိုလည်း ပေးနိုင်တာတွေ့ရပါ တယ်။ အမိုးအနေနဲ့ကလည်း Spy Shots တွေထဲကလိုပဲ အနောက်ဘက် ခပ်နိမ့်နိမ့် ဆင်းသွားတဲ့ ပုံမျိုးနဲ့ပဲ ဖြစ်ပြီး နောက်ပိုင်း ကားဒီဇိုင်းတွေလိုမျိုးပဲ ဆက်လိုက် လာနိုင်တယ်လို့ ယူဆရ တာပါ။

Photo Credit: motor 1.com

ပုံကြမ်းထဲမှာ မမြင်ရ‌တာကတော့ အတွင်းခန်းရဲ့ အပြောင်းအလဲ ကြီးကြီးမားမား တွေကိုပါပဲ။ Passat ရဲ့ အတွင်းခန်း တွေကလည်း လက်ရှိ အချိန်အထိ Spy Shots တွေအရကို တော်တော်လေးအပြောင်းအလဲ များလာနိုင်ပြီး စတီယာတိုင် ပေါ်မှာလည်း Capacitive Button ခလုတ်တွေ ပါဝင်လာနိုင် ပါသေးတယ်။ ဒါ့အပြင် Center Console အသစ်ကလည်း Table လိုမျိုး Screen အကြီးကြီး ဖြစ်လာဖို့ များနေကာ ID Model တွေရဲ့ အငွေ့အသက်တွေ အတော် များများ ဆက်ပါလာဖို့ ရှိနေတာပါ။ Passat အသစ်နဲ့ ပတ်သက် ပြီး ထူးထူးခြားခြား အရေးကြီးတာကတော့ Aero B လို့ အမည်ရမယ့် နောက်ထပ် လျှပ်စစ်ကား မျိုးကွဲတစ်ခု ပါ တွဲပြီး ထွက်ပေါ်လာဦးမှာပါပဲ။ VW အနေနဲ့ ကတော့ လာမယ့် ၂၀၂၃ မှာ အဆိုပါ ကားသစ်တွေ ကိုပွဲ ထုတ်ဖို့ ရှိနေခဲ့ပြီး Passat ကိုတော့ ၂၀၂၄ မော်ဒယ် အနေနဲ့ မြင်လာရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com