အမေရိကန် နိုင်ငံ ၊ Las Vegas မြို့ကြီးမှာ ဇန်နဝါရီ ၄ ရက်က စတင်ကျင်းပနေတဲ့ CES ပြပွဲကြီး ထဲမှာတော့ 2024 Volvo EX 90 ကားသစ်တွေကို မြောက် အမေရိက ဈေးကွက်အတွက် ရည်ရွယ်ပြီး ချပြ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဈေးကွက်အတွက် ကားသစ် အမှာစာတွေကိုပါ စတင် လက်ခံနေပြီဖြစ်ကာ လာမယ့်ဆောင်းဦး လောက်မှာတင် ကားသစ်တွေကို စတင် လက်ခံ ရရှိလာနိုင်ပါတယ်။ အခု Volvo က အသစ် ရောင်းချလာမယ့် EX 90 ကားသစ်တိုင်းမှာ တော့ 107 kWh ဘက်ထရီ ပါဝင်လာမှာဖြစ်ပြီး 10 ကနေ 80 ရာခိုင်နှုန်းအထိ ဘက်ထရီ ပမာဏကို 250 kW DC Fast Charging စနစ်နဲ့အတူ နာရီဝက် အတွက် အားဖြည့်ပေးနိုင်ပါလိမ့်မယ်။

Photo Credit: AllAutoExperts

လျှပ်စစ် မော်တာ ၂ လုံး အထိ ပါဝင်လာမယ့် Base Model မှာဆိုရင် 408 hp နဲ့ 568 lb-ft Torque အထိကို စွမ်းဆောင် နိုင်မှာဖြစ်ပြီး Performance Model မှာ ဆိုရင်တော့ 510 hp နဲ့ 671 lb-ft Torque အထိ ကို စွမ်းဆောင်ရည် မြင့်တက်သွားမှာပါ။ အဆိုပါ ကားမှာ ဆိုရင်တော့ တစ်နာရီ ၆၂ မိုင်နှုန်း ပမာဏအရှိန်တင်ဖို့ ၄.၉ စက္ကန့် အထိပဲ အချိန်ယူရပါလိမ့်မယ်။ အခု EX90 ကားသစ်ကတော့ လုံခြုံရေးပိုင်း ဆိုင်ရာ မှာပါ အတော်လေးကို အဆင့် အတန်းမြင့်အောင် အာရုံစိုက် ပေးထားပါသေးတယ်။ ကားမှာ အကွာအဝေး အတော်များများ အထိ ထောက်လှမ်းနိုင်မယ့် Lidar Sensor ၊ ရေဒါ ၅ လုံး ၊ ကင်မရာ ၈ လုံးနဲ့ Ultrasonic Sensor ၁၆ လုံးတို့ အထိကို ပါဝင် လာဦးမှာ ဖြစ်ပါတယ်။ Luminer ကနေ ထောက်ပံ့ပေးထားတဲ့ Lidar Sensor တွေကတော့ ‌ကားရဲ့ အရှေ့ ဘောလုံးကွင်း နှစ်ကွင်းစာ ပမာဏလောက် အထိကို ကြိုတင်ထောက်လှမ်းပေးနိုင်မှာဖြစ်ပြီး နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ၊ အရှိန်နည်းနည်းများများ သေချာတိကျအောင် ထောက်လှမ်း ပေးနေမှာပါ။

Photo Credit: AllAutoExperts

အတွင်းခန်းကလည်း ခေတ်ပေါ်ကားတွေ အတိုင်းပဲ ခေတ်ဆန်လွန်းတဲ့ နည်းပညာမြင့် အပြင်အဆင်တွေကိုပဲ တွေ့ရဖို့ ရှိပါတယ်။ အဆိုပါ ပစ္စည်း တွေထဲမှာမှ ၁၄.၅ လက်မအရွယ် Central Infotainment System က အဓိကကျတာဖြစ်ပြီး Google စနစ်ကိုပါ တစ်ပါတည်းသုံးပေးထားတာကြောင့် Google Assistant ၊ Google Maps လမ်းညွှန်စနစ်နဲ့ အမျိုးမျိုးသော Application တွေကို ချောချောမွေ့မွေ့ အသုံးပြု နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Apple CarPlay နဲ့ပါ အလွယ် တကူ ချိတ်ဆက်နိုင်သေးတာကြောင့် အတော်လေး အဆင်ပြေ‌မယ့် ကားသစ်တစ်စီးအဖြစ် အရွေးချယ်ခံ ရှိနေမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts