Volkswagen ကတော့ သူတို့ရဲ့ Tiguan ကားသစ် အခု တတိယမြောက် မျိုးဆက်မှာ အပြောင်းအလဲတွေ ပြုလုပ်ပြီး ပွဲထုတ်ပေးလာ တော့မှာဖြစ်ကာ အခုဆိုရင်တော့ အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို စမြင်ရမယ့် ကားပုံစံကို စမြင်လာ ရပါပြီ။ လတ်တလောမှာတော့ Alps တောင်တန်း ဒေသတွေဆီမှာ ကားကို စမ်းသပ်နေခဲ့တာဖြစ်ပြီး ယခင် မျိုးဆက်ထက်စာရင် အတော်လေးကို ပြောင်းလဲ လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ ရှေ့မီးနောက်မီးတွေ နေရာမှာ စတေကာတွေ အုပ်ထားဆဲ ဖြစ်ပြီး Chrome အစင်းကြောင်းလေးတွေ ကိုတော့ ကားရဲ့ Grille ၊ တံခါး အောက်ခြေတွေမှာ မြင်ထားရကာ C ပုံစံ Chrome ကိုတော့ ဘန်ဘာပေါ်မှာ တွေ့ထားရပါတယ်။ အနောက်ဘက်မှာ ကအစ လေးလုံးတွဲ အိတ်ဇော ပုံစံကို တွေ့ထားရပြီး လောလောဆယ် အထိတော့ ထုံးစံအတိုင်း စတေကာတွေပဲ အုပ်ထားသေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခုလို အသေးစိတ် အပြောင်းအလဲတွေကို ကြိုမမြင်ရနိုင်အောင် Volkswagen တို့ ကာကွယ်ထားဆဲ ဖြစ်ပေမယ့် သေချာတာ တစ်ခုကတော့ ကားသစ်က ယခင်မျိုးဆက်တွေလောက် ထုနဲ့ထည်နဲ့ မဟုတ်တော့ပဲ ပါးပါးပြားပြား ဘက်ပိုရောက်လာတာ တွေ့ရမှာပါ။ ယခင်ထက်လည်း ပိုကြီးလာမယ့် အချိုးအစား အပြင်အဆင်ကြောင့် ID.4 ကားရဲ့ အသွင်အပြင်ဘက်ကို ပိုဆင်တူလာနိုင်ပါတယ်။ ကားရဲ့ အတွင်းခန်းပိုင်းကို လည်း ဓာတ်ပုံတစ်ချို့ ပေါက်ကြားထားပြီးတော့ အကြီးမားဆုံး အပြောင်းအလဲကတော့ Dashboard ပေါ်က Touchscreen ပဲ ဖြစ်လာ နိုင်ပါတယ်။ စတီယာတိုင် ပေါ်မှာတော့ Volkswagen CEO ရဲ့ အဆိုအရ Touch-Sensitive ဖြစ်တဲ့ Function ခလုတ်တွေ မပါဝင်လာတော့ဘူးလို့ သိရပါတယ်။ Infotainment အပိုင်းနဲ့ ပတ်သက်လို့လည်း အခုကားသစ်မှာ Hardware ပိုင်းရော ၊ Software ပိုင်းမှာပါ အများကြီး မျှော်လင့်လို့ ရလာနိုင်နေပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ Platform ကတော့ MQB Platform သစ် ဖြစ်လာနိုင်ပြီး Euro 7 ရဲ့ စည်းမျဉ်းစည်ကမ်းအသစ် တွေကြောင့် အခုကားက ဓာတ်ဆီလား ၊ ဒီဇယ်လား ဆိုတာကို မခွဲခြားနိုင် သေးပါဘူး။ တကယ်လို့ Mild-Hybrid Version ရှိလာ နိုင်ပြီး Plug-In Hybrid ကားသာ ပါလာမယ် ဆိုရင်တော့ နောက်ပိုင်းလျှပ်စစ်ကားတွေ အတွက် ပိုအားဖြည့်ပြီးသား ဖြစ်လာမှာပါ။ အခုကားသစ်ကိုတော့ လာမယ့် နှစ် ၂၀၂၃ ရဲ့ ဒုတိယ နှစ်ဝက်လောက် မှာတင် 2024 Model အနေနဲ့ မိတ်ဆက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com