2024 Toyota Tacoma ကားမော်ဒယ် အသစ်ကတော့ နှစ်ပေါင်း ၂၀ နီးပါး လောက်အတွင်း   Tacoma Pickup ကားစစ်စစ် ဖြစ်လာဖို့ ရှိနေတဲ့အပြင် 2022 Toyota Tundra ရဲ့ ဒီဇိုင်း အပြင်အဆင်တွေလည်း လွှမ်းမိုးမှု ရှိလာနိုင်ပါတယ်။ ကားမှာတော့ Platform အသစ် အပြင် ၊ အင်ဂျင်အတွဲအဖက် အသစ်တွေနဲ့ အခြားသော Package အသစ်တွေလည်း ပါဝင် လာပါတယ်။ အခု တစ်ခေါက်မှာတော့ Tacoma ကားကို ယခင်ကထက်ပိုပြီး အမျိုးစုံအောင် ထုတ်လုပ် ပေးလာမယ်ဆိုတာ သိထားပြီး ဖြစ်ပေမယ့် အခုဆိုရင်တော့ Turbocharged I-4 အင်ဂျင် ၊ Hybrid နဲ့ တွဲဖက်လာမယ့် V6 Engine နဲ့ လျှပ်စစ်သီးသန့် အမျိုးအစားတောင် ထွက်ပေါ်လာတော့မယ် ဆိုတဲ့ သတင်းတွေလည်း ထပ်ထွက်လာ ပါပြီ။ ကားရဲ့ ဒီဇိုင်းပိုင်း ကောင်းမွန်မှု ၊ အတွင်းခန်း အဆင်ပြေပြေရှိမှုနဲ့အတူ သေချာစီစဉ်ပေးထားတဲ့ အင်ဂျင်ပိုင်းတွေ ရဲ့ စွမ်းဆောင်ရည်တွေကြောင့် Tacoma ဟာ လက်ရှိ Hot Midsize Pickup ဈေးကွက်ထဲမှာ ရောင်းအား အကောင်းဆုံး ကားတစ်စီးအဖြစ် ထိပ်တန်း ရောက်နေတာပါ။ လက်ရှိမှာတော့ Ford Ranger နဲ့ Chevrolet Colorado အသစ်တို့ကလည်း ထွက်လာဖို့ရှိနေပြီဖြစ်လို့ အခုလို အများကြီး ပြောင်းလဲလာမယ့် Tacoma အတွက်ကလည်း ဆက်ပြီး ပြိုင်ဆိုင်မှုပြင်းထန်လာစေဖို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ အခု Tacoma အသစ်ရဲ့ နောက်ကွယ်မှာ အကောင်းဆုံး ထောက်ပံ့ပေးနေမှာကတော့ TNGA-F Platform အသစ် ဖြစ်ပါတယ်။ အခု Platform ကိုတော့  2022 Tundra မှာ အတူတူ သုံးထားတဲ့ အပြင် Lexus LX ၊ Global Land Cruiser အသစ် ၊ Hilux နဲ့ မျိုးဆက်သစ် 4Runner တွေနဲ့လည်း အခု Platform ကို အတူတူသုံးထားတာ ဖြစ်ပါတယ်။ အခု ကားတွေမှာ သုံးထားတဲ့ Platform အသစ်ကတော့ အမျိုးမျိုးသော အင်ဂျင်တွေကို သုံးနိုင်တဲ့ အားသာချက်ရှိနေပြီး ကိုယ်ထည် အသစ်တွေနဲ့ Suspension ရွေးချယ်စရာ ကောင်းတွေလည်း စုံလင်နေတာပဲဖြစ်ပါတယ်။

Photo Credit: MotorTrend

2024 Tacoma အသစ်မှာတော့ Toyota အနေနဲ့ Lexus NX 350 ရဲ့ 275 hp ရှိ 2.4 Liter Turbocharged I-4 ကို Base Engine အနေနဲ့ ထည့်သွင်း ပေးထားနိုင်ပါတယ်။ အဆိုပါ အင်ဂျင်ကတော့ Tundra ကားရဲ့ 389 hp ရှိ 3.4 Liter Twin-Turbo V6 Hybrid Engine ကို အနည်းငယ် ပြန်လည်လျှော့ချထားတဲ့ ပုံဖြစ်ပြီး ဂီယာပိုင်းတွေမှာတော့ Six-Speed Manual Transmission ဒါမှမဟုတ် 10-Speed Automatic Gear တွေကို သုံးထားနိုင်ပါတယ်။ ဒါ့အပြင် ကားသစ်မှာတော့ Rear-Wheel Drive နဲ့ Four-Wheel Drive စနစ်တွေကိုလည်း စိတ်ကြိုက် ရွေးချယ်လို့ ရလာမှာပါ။ Toyota ရဲ့ လျှပ်စစ်စွမ်းအင်သုံး Truck Concept ကိုလည်း ယခင်က မြင်ထားဖူးတာကြောင့် အခုလည်း သတင်းတွေ ထွက်နေတဲ့အတိုင်း Tacoma ကို လျှပ်စစ်သီးသန့်နဲ့ထွက်လာဖို့လည်း မျှော်လင့်ချင်စရာ ကောင်းနေပါတယ်။ Tacoma EV ရယ်လို့ မြင်လာရမယ် ဆိုရင်လည်း ကြီးကြီးမားမား ရင်ခုန်စရာ သိပ်မရှိနိုင် သေးပေမယ့် လျှပ်စစ်မော်တာ ၂ လုံး တပ် All-Wheel Drive သာ ဆိုရင်တော့ အတော်လေး ထူးခြားကောင်းမွန်နေနိုင်ပါတယ်။ အခုလို အင်ဂျင်အတွဲအဖက် ‌အသစ်တွေ အမျိုးမျိုးနဲ့ ရလာနိုင်မယ့် Tacoma အသစ်မှာတော့ ယခင်သုံးနေကျ Leaf-Spring Rear Suspension တွေ ကို နောက်ပိုင်းခေတ်စားနေတဲ့ Coil Spring တွေနဲ့ပါ အစားထိုးလာဖို့သင့်ပြီပဲ ဖြစ်ပါတယ်။ ကားသစ်မှာတော့ Extended Cab ပုံစံနဲ့ရော Crew Cab ပုံစံနဲ့ပါ ရလာနိုင်ပြီး လျှပ်စစ် အမျိုးအစား သာထွက်လာမယ် ဆိုရင်တော့ Crew Cab ပုံစံနဲ့ နောက်တွဲအတို ပုံစံမျိုးနဲ့ မြင်လာရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: MotorTrend

(20) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube